ဆိတ်စာပင်နှင့် အာဟာရဓာတ်အကြောင်း

15/07/2021 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဆိတ်သည် စားမြုံ့ပြန်တတ်သော ကျွဲ၊ နွားများနှင့် နှိုင်းယှဉ်လျှင် စပ်စုတတ်သော တိရစ္ဆာန်မျိုးလည်းဖြစ်သည်။ နွားနှင့် သိုးများမစားသော အပင်များကိုပင် ဆိတ်တို့စားလေ့ရှိကြသည်။ ထို့ပြင်ဆိတ်များမှာ သွားရင်းလာရင်း ခရီးရှည်တစ်လျှောက် ရှာဖွေစားတတ်သည့် အလေ့လည်းရှိကြပါသည်။ ထို့သို့သော အလေ့အထကြောင့် လိုအပ်သော အာဟာရဓာတ်ကို ပြည့်မီအောင် ဖန်တီးတတ်သည့် သဘောရှိပါသည်။

    ဆိတ်စားသောအစာမှာ အပင်မြင့်များ၊ အပင်ပုများ၊ ခြုံပုတ်များ၊ မြက်များဖြစ်ကြသည်။ အစာမျိုးစုံကို လက်ခံတတ်သော်လည်း အများသိထားသော လက်ခံထားသည့်အချက် မတူညီဘဲ ဆိတ်တို့သည် ချေး(ဂျီး)များတတ်သော အလေ့ရှိသည်။ ဆိတ်တစ်ကောင်ကစားသော အစာကို အခြားတစ်ကောင်က ကြိုက်နှစ်သက်ချင်မှ နှစ်သက်တတ်ကြသည်။

    အခြားဆိတ်တို့ တက်နင်းထား၍ မြေကြီးပေနေသောအစာများကို မစားကြပါ။ ဆိတ်များသည် အစာတစ်မျိုးဘဲ စားနေရခြင်းထက် အစာမျိုးစုံစားရခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် သဘာဝအရ ပို၍ကြီးထွားဖြစ်ထွန်းပါသည်။

    ဆိတ်မွေးမြူရေး ပိုမိုဖြစ်ထွန်းသည့် အပူပိုင်းဒေသများတွင် အစာကြမ်းများ ပေါများသည်။ ဆိတ်များသည် သိုး၊ နွားတို့ထက် အစာကြမ်းကို Protein အဖြစ် ပြောင်းလဲရာတွင် သာလွန်မှုရှိသည်။ ဆိတ်ငယ် အပေါ် နှုတ်ခမ်းသည် လိုသလိုရွေ့လျားနိုင်ခြင်းကြောင့် အပင်မျိုးစုံကို ဆွတ်ခူးစားတတ်သည့် အလေ့အထရှိပြီး အာဟာရပြည့်မီအောင် ရွေးချယ်စားနိုင်စွမ်းရှိသည်။

    ထို့ကြောင့် ဆွတ်ခူးစားရသော အစာသည် ဆိတ်၏ အကြိုက်အတွေ့ဆုံးအစာဖြစ်ပါသည်။ ရာသီဥတုအပြောင်းအလဲနှင့် ဆိတ်ကောင်ရေအနည်းအများသည် ဆိတ်များ စားသုံးမှုပမာဏကို လွှမ်းမိုးတတ်သည်။ နွေရာသီတွင် ဆူးခြုံပင်များကို အစားများ၍ မိုးရာသီ၌ မြက်၊ ပဲနွယ်ပင်များကို အစားများပါသည်။

    ယေဘုယျအားဖြင့် (၈၀)ရာခိုင်နှုန်းသော အစာမှာ စားသောက်ရန် အခြေအနေမပေးပါကလည်း မြက်နှင့် အခြားသော အပင်၊ အရွက်များ၊ ကောက်ရိုးများကို စားနိုင်ကြပါသည်။ မြန်မာနိုင်ငံ၌ ရရှိနိုင်သော ဆိတ်စာ အရွက်များမှာ-

    ငှက်ပျောရွက်၊ ပိန္နဲရွက်၊ ပီလောပီနံရွက်၊ မြေပဲရွက်၊ ဇီးရွက်၊ ဇီးသီး၊ ပေါက်ပန်းဖြူရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ညောင်ချဉ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ပိုးစာရွက်၊ ပဲစဉ်းငုံရွက်၊ အစေ့၊ တမာရွက်၊ ထနောင်းရွက်၊ ထနောင်းသီး။

     နှမ်းမှော်၊ ပဲမျိုးစုံရွက်၊ မယ်ဇလီရွက်၊ အဝေရာရွက်၊ မြင်းခွာ၊ ကရေဒီ၊ စီးရီးယားရွက်၊ ပိတ်တင်းကပ်၊ ကန္တာသီး၊ ကန္တာရရွက်၊ ဇီးခလောက်ရွက်၊ ခံပင်၊ သန်းပင်၊ ဇင့်နီပင်တို့ကို ဆိတ်များ ကြိုက်နှစ်သက်ကြသည်။

    ဆိတ်မှာ ဇီးသီးများကို အလုံးလိုက်ကောက်စားကြပြီး ညဘက်နားနေချိန်၌ စားမြုံ့ပြန်ခြင်းဖြင့် အခွံကိုချေဖျက်ပြီး ဇီးစေ့ကို ပါးစပ်မှ ပြန်လည်ထွေးထုတ်ကြပါသည်။ ၎င်းဆိတ်စားဇီးစေ့၏ (၁) တင်းဈေးနှုန်းမှာ သဘာဝဇီးစေ့ထက်စာလျှင် ဈေးပိုရပါသည်။

    သစ်ပင်ခြုံပုတ်များတွင်နေသည့် အစိမ်းရောင်ပိုးကောင် ဘောက်ဖတ်များကို ဆိတ်များကြောက်ရွံ့ပါသည်။ ဆိတ်သည် ဘောက်ဖတ်ကိုက်လျှင် သေဆုံးနိုင်ကြပါသည်။

ဆိတ်များ အကောင်ကြီး အရွယ်ရောက်မြန်နိုင်ရန်အတွက် ဖြည့်စွက်စာများအဖြစ်-

    ဆန်ကွဲ၊ ဖွဲနု၊ ကုလားပဲခွံ၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ဇီးခွံ၊ ပဲစိမ်းစုံမှော်၊ ပဲမျိုးစုံမှော်ပဲဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ လုံးညှပ်အစေ့အဆံ အားလုံးကျွေးမွေးနိုင်ပါသည်။

ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျှမ်းမျှ-

    အစာနု (၁၀.၃၅) ကျပ်သားခန့် ကျွေးမွေးနိုင်ပါသည်။

    အာဟာရဓာတ်မချို့တဲ့စေရန် သတ္တုဓာတ်များ ကျွေးမွေးရန်လိုအပ်ပါသည်။ အစာတွင် ကယ်လ်စီယမ်နှင့် ဖော့စဖောရပ်ပါဝင်မှု အချိုးအစားမှန်ကန်ရန် အရေးကြီးပါသည်။

    ဆိတ်များ ကလေးမွေးပြီး ဖြစ်တတ်သော နို့ရှိန်ဖျားရောဂါသည် calcium (ကယ်လစီယမ်) ချို့တဲ့မှုကြောင့်ဖြစ်ပြီး ဆိတ်မကိုယ်ဝန်ဆောင်စဉ်ကပင် ကြိုတင်ကျွေးမွေးထားရပါမည်။ ထို့အတူ Magnesium (မက်ဂနီစီယမ်) ချို့တဲ့မှုကြောင့် အကြောသေခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း အစရှိသော ရောဂါများလည်း ဖြစ်တတ်ပါသည်။

    ထို့ကြောင့် သီးရွက်စုံစားဆိတ်များကို လိုအပ်သော ဖြည့်စွက်အစာနှင့် သတ္တုဓာတ်များ ထည့်သွင်းကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့မှုမရှိဘဲ မျိုးပွားဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ဦးဇော်(dof)

Ref: The Farmer Journal


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်