ကိုယ်၀န်ဆောင်ဆိတ်မများနှင့် မွေးကင်းစဆိတ်လေးများအား ပြုစုစောင့်ရှောက်ရန် လိုအပ်သောအချက်များ

10/03/2022 13:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်မွေးမြူသူတွေအနေနဲ့ ဆိတ်မများဇီးရှိချိန်မှာ ဂရုစိုက်ပေးဖို့ လိုအပ်ပြီး မွေးကင်းစဆိတ်ကလေးတွေကိုလည်း အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ဆိတ်မတွေဟာ အသက်(၈)လခန့်မှာ အရွယ်ရောက် မိတ်လိုက်ကြပြီး သားအောင်တဲ့ ဆိတ်မတွေဟာ ကိုယ်ဝန် ဆောင်ကာလ ပျမ်းမျှ ရက် ၁၅၀ ခန့်မှာ ဆိတ်ကလေးကို မွေးဖွားပါတယ်။

ဆိတ်မကိုယ်ဝန်နုစဉ်ကာလမှာ တခြားဆိတ်တွေနဲ့ ရောပြီး လွှတ်ကျောင်းနိုင်ပါတယ်။ 

ဇီးရင့်လာပြီး မွေးဖွားခါနီး တစ်ပတ်အလိုခန့်ဆိုရင်တော့ လွှတ်ကျောင်းထဲမထည့်တော့ပဲ ဆိတ်တင်းကုပ်မှာပဲ ထားသင့်ပါတယ်။

သားပေါက်ခါနီး မွေးဖွားရက်စေ့ချိန်ဆိုရင် အစာလျှော့ ကျွေးသင့်ပါတယ်။ ဝမ်းပျော့စေတဲ့ အစားအစာများ ဖြစ်တဲ့ ဂေါ်ဖီရွက်၊ ဆလတ်ရွက် စတဲ့ ဟင်းရွက်အစိမ်းများ ပိုမို ကျွေးမွေးသင့်ပါတယ်။ 

ဆားဟာလည်း ဆိတ်တွေအတွက် အရေးကြီးပါတယ်။ ဆိတ်တစ်ကောင်ကို တစ်နေ့ ဆား(၂)ကျပ်သားခန့် ကျွေးသင့်ပါတယ်။

ဆိတ်မဇီးရင့်ပြီး သားပေါက်ကာနီးပြီဆိုရင် အစာစားရပ်ခြင်း၊ အမတန်ဆာအင်္ဂါစပ် ရောင်ရမ်းခြင်း၊ ဂဏှာမငြိမ် ဖြစ်ခြင်း၊ အော်ဟစ်ခြင်း၊ လဲလျောင်းခြင်း၊ နို့အုံများ နို့ပြည့်၍ မာတင်းလာခြင်း၊ ညှစ်ကြည့်ရင် နို့ရည်ပျစ်များ ထွက်ခြင်း စတာတွေကို တွေ့ရှိရပါမယ်။

မိခင်ဝမ်းမှကျွတ်သော မွေးစဆိတ်ငယ်ကလေးတွေဟာ များသောအားဖြင့် သန်မာကြပါတယ်။ မွေးဖွားပြီး နာရီ ပိုင်း အတော်ကြာတဲ့အထိ မိခင်နို့မစို့ဘဲ ဆိတ်ငယ်များ ခံနိုင်ရည်ရှိကြပေမယ့် မွေးဖွားပြီးလျှင်ပြီးချင်း နာရီပိုင်း အတွင်း မိခင်နို့စို့နိုင်စေရန် ဆောင်ရွက်ပေးသင့်ပါတယ်။

နို့ဦးရည်ဟာ ဆိတ်ငယ်ကလေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နို့ဦးရည်မှာ မိခင်ရဲ့ ကိုယ်ခံစွမ်းအားများ ပါရှိလို့ ဆိတ်ငယ်ကလေးများ သာမန်ရောဂါများဖြစ်ပွားပါက ခံနိုင်ရည်စွမ်းရှိကြပါတယ်။ 

ဒါ့အပြင် နို့ဦးရည်က ဆိတ်ငယ်လေးကို ဝမ်းပျော့ပျော့သွားစေနိုင်ခြင်းဖြင့် မိခင်ရဲ့ဝမ်းတွင်းရှိနေစဉ်ကာလက ရှိနေမယ့် ငယ်ချေးတွေကိုလည်း ဝမ်းပျော့ပျော့နဲ့အတူ ပါသွားစေမှာဖြစ်ပါတယ်။

အချို့ဆိတ်မတွေဟာ တစ်ခါတစ်ရံမှာ ဆိတ်ကလေး ၃ ကောင်အထိ မွေးတတ်ပါတယ်။ ဒါပေမဲ့ ဆိတ်မရဲ့နို့အုံမှာ နို့တံ (၂)ချောင်းသာရှိလို့ ဆိတ်ငယ်များ အလှည့်ကျနို့စို့နိုင်စေဖို့ အလှည့်ကျလွှတ်ပေးဖို့ လိုမှာဖြစ်ပါတယ်။

 

 

ဆိတ်ငယ်များကို ၂ ပတ်သားကစပြီး အစာနုနဲ့မြက်များကို စတင်၍ အလေ့အကျင့်ပြုလုပ်ကျွေးမွေးရပါမယ်။ များသောအားဖြင့် အသက်(၆)ပတ်သားမှာ နို့ခွဲလေ့ရှိတာကြောင့် အစာနုစားတဲ့ အလေ့အကျင့်လုပ်ပေးထားမှ ဆိတ်ငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက် မဖြစ်စေမှာပါ။

ကဲ..ဒီတော့ ဆိတ်မွေးမြူသူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ဆိတ်မတွေကို စနစ်တကျပြုစုစောင့်ရှောက် ခြင်း၊ မွေးကင်းစဆိတ်လေးတွေကို ဂရုတစိုက်ပြုစုပုံတွေကို သိရှိနားလည် ကျင့်သုံးပြီး ဆိတ်ကောင်ရေများ တိုးပွားနိုင်ကြပါစေ။

ရေးသားသူ- ဦးဇော်(dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်