ဆိတ်နားကပ် တပ်ရခြင်းအကြောင်းများနှင့် အားနည်းချက်များ

28/10/2021 14:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်နားကပ် တပ်ဆင်ရတဲ့ အရှင်းဆုံး အဖြေက တစ်ကောင်ချင်းစီကို ဂရုစိုက်နိုင်ဖို့ပါပဲ။

ဆိတ်နားကပ် တပ်ရာတွင် အားသာချက်၊ အားနည်းချက်များရှိ၍ ထိုအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဆိတ်နားကပ် တပ်ပေးခြင်း၏ အားသာချက်များ

(၁)အကောင်ရေ မှတ်သားရန် လွယ်ကူခြင်း။

(၂)တစ်ကောင်ချင်း ကုသဆေး၊ ကာကွယ်ဆေး၊ ကိုယ်အလေးချိန် မှတ်တမ်းထားနိုင်ခြင်း။ 

(၃)မွေးနေ့၊ ဇီးတင်ရက်စွဲ၊ သားမွေးရက်စွဲ၊ အဖေ၊ အမေ စနစ်တကျ မှတ်သားနိုင်ခြင်း။

(၄)အကောင်ရေမည်မျှများများ၊ အချိန်ကာလ ဘယ်လောက်ကြာကြာ ရောထွေးမှု မရှိခြင်း။

(၅)ဆိတ်ချင်းမှားမှု၊ ဆိတ်ချင်းလဲမှု၊ ဆိတ်ပျောက်ခြင်းများ မဖြစ်နိုင်ခြင်း။

(၆)မျိုးရိုးဗီဇမှတ်တမ်း ပြုလုပ်နိုင်ခြင်း။

(၇) ဝယ်ယူမှု၊ ရောင်းချမှု မှတ်တမ်းပြုလုပ်နိုင်ခြင်း။

အချို့မွေးခြံများမှာ အရောင်ဖြင့် အထီး၊ အမ၊ မွေးသက် အစရှိသဖြင့်ခွဲခြားပြီး နားကပ်ဖောက် ရိုက်နှိပ်ကြပါတယ်။ မိမိ မွေးခြံနာမည်တပ်ခြင်း၊ ဥပမာ- ၁၉၀၀၁ နံပါတ်ကို မိမိခြံတွင် ၂၀၁၉ခုနှစ်မွေး၊ ၀၀၁ အကောင်၊ အပြာရောင်၊ အထီး ၁နှစ်သား စသဖြင့် နားကပ်ကြည့်ရုံဖြင့် တန်းသိနိုင်အောင် အမှတ်အသား ပြုလုပ်လေ့ ရှိကြပါတယ်။ ဆိတ်များကို နားကပ်ရိုက် အမှတ်အသားပြုလုပ်ခြင်းအားဖြင့် ဆိတ်မွေးမြူရာမှာ လွယ်ကူခြင်းနှင့် နစ်နာဆုံးရှုံးမှုကို အထိုက်အလျှာက် ကာကွယ်ပေးပါတယ်။ 

ဆိတ်ပေါက်လေးများအား မွေးပြီး နှစ်ပတ်နေရင် နားကပ်ဖောက်လို့ရပါပြီ။ အသစ်စဝယ်တဲ့ ဆိတ်သိုး၊ ဆိတ်မများအား အခါအားလျော်စွာ ဖောက်လို့ရပါတယ်။

ဆိတ်နားကပ်တပ်ပေးခြင်း၏ အားနည်းချက်များ

(၁) ငွေကုန်ကြေးကျ ရှိခြင်း။

(၂) အကြောမလွတ်ခြင်းနှင့် ပိုးဝင်တတ်ခြင်း။

နားကပ်တစ်စုံကို ကာလပေါက်စျေး ၃၀၀ကျပ်ကနေ အမျိုးအစား၊ စာတန်း၊ နံပါတ်ပါဝင်မှုအလိုက် ၅၀၀ကျပ်အထိ ရှိပါတယ်။ Ear tag Applicator လို့ ခေါ်တဲ့ နားကပ်ဖောက်တံဟာ အမျိုးအစားပေါ်လိုက်ပြီး ၂၅,၀၀၀ ကျပ် ကနေ ၈၀,၀၀၀ ကျပ်ခန့်အထိ တန်ဖိုးရှိကြပါတယ်။ နားကပ်ရော၊ ဖောက်တံရော ဒီထက်စျေးကြီးတာတွေလည်း ရှိနိုင်ပါသေးတယ်။

နားကပ်ဖောက်ရာမှာ ဆိတ်၊ သိုးများ နာကျင်ရပါတယ်။ နာကျင်မှုအတွက် ရုန်းရင်းဆန်ခတ် ဖြစ်ကြရပါတယ်။ နားကပ်ဖောက်သူဟာ ကျွမ်းကျင် လိမ္မာပါးနပ်ဖို့ လိုပါတယ်။ အဓိကက အကြောနေရာ မဖောက်မိဖို့နဲ့ နားကပ်ဖောက်မယ့်နေရာနှင့် နားကပ်အား အရက်ပျံနှင့် သန့်ရှင်းရေးလုပ်ပေးရပါမယ်။ 

ဓါတ်မီးအသေးလေး ရှိရင် ပိုကောင်းပါတယ်။ နားရွက်အပြားကို ဓါတ်မီးထိုးကြည့်ရင် သွေးကြောတွေ၊ အကြောတွေ မြင်ရပါတယ်။ သွေးကြော၊ အကြောလွတ်တဲ့နေရာကို ဖောက်ရမှာပါ။ ဖောက်ပြီဆို ကိုယ်ဖောက်မယ့်နေရာကို တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခါတည်း အပြီးဖောက်ပါ။ နှစ်ခါလုပ်ရမယ်ဆို ဆိတ်ကလေး နှစ်ခါနာပါလိမ့်မယ်။ ဖောက်ပြီးပြီဆို ဖောက်တဲ့နေရာကို ဘီတာဒင်း (Betadine) တို့လို ထိခိုက်ရှနာဆေးရည် ထည့်ပေးရပါမယ်။ ဖောက်တဲ့အချိန် သွေးမထွက်မှ နေရာအမှန်ကျတာပါ။ အနာမကျက်မချင်း နေ့စဉ် အနာသန့်ရှင်းရေးလုပ်ပြီး ဆေးထည့်ပေးရပါမယ်။

Ref: Ko Nay Myo ၏ “ဆိတ်နားကပ် တပ်ဆင်ခြင်း” အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်