စိုက်ပျိုးရေး တွင်ကျင့်သုံးသင့်သည့်အလေ့အထကောင်းများ (၉)

12/01/2018 16:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 စိုက်ပျိုးရေးတွင်အသုံးပြုသည့်ရေ

စိုက်ပျိုး ရေး တွင် ရေ ကို အပင် များရေသွင်း ရန် ၊ ဓာတ်မြေသြဇာ နှင့် ရောနှော ရေသွင်းရန် ၊ ရွက်ဖြန်း မြေသြဇာ များ ၊ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး များဖျော် စပ်ရာတွင် အသုံးပြု ရပါသည်။

ခူးဆွတ်ပြီးသော သီးနှံ များ ၊ လယ် ယာသုံး ကိရိယာများ ၊ သီးနှံ ထည့်သည့် ခြင်းများ ၊ တောင်များ စသည် တို့ကို ဆေးကြာရာ တွင်လည်း အသုံး ပြုရပါသည်။

ထို့အပြင် ဓာတုဆေးများ အသုံးပြုခြင်း ၊ အအေး ပေးခြင်း၊ နှင့် ကြာရှည် အထားခံရန် ရေခဲ ရိုက်ခြင်း တို့တွင်လည်းရေ ကို အသုံးပြု ပါသည်။

တချို့ အဟာရဓာတ်ပေး ထားသော ရေတွင် သာ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ တွင် အမြစ်ပိုင်းသည် ရေ တွင် ထာဝစဉ် နှစ်ထားရပေသည်။

ထို အသုံးပြုသော ရေများ မှ တဆင့် ဓာတု အဆိပ်အတောက်နှင့် ဇီဝ အဆိပ်အတောက် ( ပိုးမွှားရောဂါ များ ) ဝင်ရောက်နိုင်ပါသည်။ ဓာတု အဆိပ်အတောင်များမှာ အနီးအနားရှိ  ခြံများ မှ စွန့်ပစ်ထားသော ဓာတု ဆေးများ သည် ရေတွင်းရေကန် များ အတွင်းသို့ စီးဝင် တတ်ပြီး ထို မှတဆင့် မိမိ ခြံ အတွင်းမှ သီးနှံပင်များသို့ ဝင်ရောက်နိုင်ပါသည်။

ရေ မှ တဆင့် ကူးစက်နိုင်သော ဘက်တီးရီးယားများ မှာ ဆယ်မိုနဲလား ၊ အီးကိုလိုင် ၊ ရှီဂဲလား တို့ ဖြစ်သည်။ Salmonella species, E. coli, and Shigella species စသော ဘက်တီးရီးယား များ ၊ ကပ်ပါးပိုးများ ဖြစ်သည့် ,Cryptosporidium, Giardia and Cyclospora,များ နှင့်  Hepatitis A virus and the Norwalk virusဗိုင်းရပ်စ်များ စသည့် ရောဂါဖြစ်စေသော အဏုဇီဝ ပိုးများသည် ရေ  မှ တဆင့် ပါလာတတ်ပါသည်။

တချို့သော အများ စု ဖြစ်သည့် အဏုဇီဝ ပိုး များသည် လူတို့ ၏ အညစ်အကြေး များ ၊   နို့တိုက်သတ္တဝါများ ဖြစ်သည့် နွား၊ သိုး နှင့် ကြက်၊ ငှက် တို့ နေထိုင်ရာနေရာများ ၊ ၎င်းတို့၏ အညစ်အကြေး များ ရှိရာ တွင် အများဆုံး တွေ့ ရပါသည်။

စိုက်ခင်း တွင်အသုံးပြုမည့် ရေ ကို ရရှိ နိုင်သည့် နေရာများသည် တိရိစ္ဆန်များလွှတ်ကျောင်း သည့်နေရာများ ၊ အထိန်းအကွပ်မဲ့ ထားသော လယ်ယာလုပ်ငန်းသုံး သတ္တဝါများ ၊ တောရိုင်းတိရိစ္ဆန်များ ကျက်စားရာနေရာများ ၊ စနစ်တကျ သိုလှောင် ထားခြင်း မရှိသော တိရိစ္ဆာန် အညစ်အကြေး များ သည် ရေများအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်ရာ အရင်းအမြစ်များ သဖွယ် ဖြစ် နေကြပါသည်။

အသုံးပြုသော ရေ ကြောင့် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များတွင် ရေမှတဆင့် ဓာတု အဆိပ်အတောက် နှင့် အဏုဇီဝ ရောဂါပိုးများပါဝင်နေ ခြင်း သည် ထိုရေ ကိုရရှိသောနေရာ ၊ ရေကိုအသုံးပြုသော အချိန် ၊ နှင့် စိုက်ပျိုးသော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် အမျိုးအစား တို့တွင်မူတည်ပါသည်။

ရေရရှိနိုင်သည့် အရင်း အမြစ်များ

*စိုက်ပျိုးရေးအတွက် အသုံးပြုသော ရေ များကို မြစ်များ ၊ စမ်းချောင်းများ ၊ ရေကန်များ  ဆည် များ ၊ရေလှောင်ကန်များ ၊ ရေပေးဝေသော ပိုက်များ များရယူကြသဖြင့် အဏုဇီဝ ပိုးများ ၊ ဓာတု ဓာတ်ကြွင်း များ ကူးစက် ဝင်ရောက်နိုင်ကြပါသည်။

*ရေ သွင်းမြောင်းသည် နို့စားနွား ၊ ဝက်များ စသည့် တိရိစ္ဆာန်များစွာ မွေးမြူ ထားသောနေရာ ၊ တင်းကုတ်များ ၊ တဲများ ၊ လူဦးရေ ထူထပ်သောနေရာများမှ ဖြတ်သန်းစီးဆင်းလာသည် ဆိုပါက အဏုဇီဝ ပိုး ဖြစ်သော ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးများ များစွာ ပါရှိနိုင်ပါသည်။

ရေသည် စက်ရုံများ ၊နှင့် ပိုးသတ်ဆေး မြေသြဇာ များစွာ အသုံးပြုသော စိုက်ခင်းများ မှ ဖြတ်သန်းစီးဆင်းလာသည် ဆိုပါက ဓာတု ဓာတ်ကြွင်းများ ပါရှိလာနိုင်ပါသည်။

ဆည် မှလွှတ်သော ရေများ ၊ သည် မြေဆီလွှာ အပေါ်ယံလွှာကို ဖြတ်သန်းစီးဆင်းလာသောကြောင့်လည်းကောင်း တိရိစ္ဆန်များ ၊ ငှက်များ ဝင်ရောက်ကျက်စားကြသောကြောင့်လည်းကောင်း အဏုဇီဝ ရောဂါပိုးများ ပါဝင်လာတတ်ပါသည်။

ဆည် နှင့် ဆည်ရေ လွှတ်ရာ လမ်းကြောင်းတွင် ဓာတုပစ္စည်းများ သိုလှောင် သည့်နေရာ ၊ဆေးဖြန်းပုန်းများ ရေဆေးချသည့်နေရာ ဆေးဖြည့်သည့်နေရာ အနီးမှ ဖြတ်စီးလာသည် ဆိုပါက ဓာတု ဓာတ်ကြွင်းများစွာ ပါလာနိုင်ပါသည်။

ရောဂါပိုးများစွာပါဝင်နိုင်သည့်နေရာမှ တစိမ့်စိမ့် စိမ့်ဝင်သော ရေ နှင့် တိရိစ္ဆာန် များစွာလွှတ်ကျောင်းထားသော နေရာ စီးဆင်းလာသော ရေ တွင် အဏုဇီဝပိုးများ စွာပါဝင်နေ တတ်ပါသည်။

မိုးရေ စုဆောင်းသိုလှောင်သော ရေကန် အများစု နှင့်ရေပိုက်များမှာ အဏုဇီဝပိုးများ၊ ငှက်များ ၊ ကြွက်များ ။ တိရိစ္ဆန် ချေးများ သည ်မိုးရေ စုဆောင်းရာခေါင်မိုးမှ တဆင့် ပါဝင်နေတတ်ပြီး တခြားသော ငှက်အသေများ ၊ ကြွက်သေကောင်များ ၊ တခြားသော သတ္တဝါများသည် ခေါင်မိုးရေတ့လျောက်များ မှတဆင့် ရေကန်အတွင်းကျနေတတ်ပါသည်။

ရေကို အသုံးပြုပုံ

ရောဂါဖြစ်စေတတ်သောအဏုဇီဝ ပိုး များသည် စားသုံးရမည့်အစိတ်အပိုင်း ကို ထိတွေ့ ပါဝင်လာပါက ရိတ်သိမ်းပြီး ကိုင်တွယ် ၊ ချိန် ၊ ထုပ်ပိုးချိန်များ တွင် ချက်ချင်းပင် အန္တရာယ် ကြီးမားစွာ ကူးစက်နိုင်ပါသည်။

အသုံး ပြုသည့်ရေပေးစနစ်သည် ၊ မရိတ်သိမ်းခင် အပေါ်မှ ရေဖြန်းပေးခြင်း ၊ ဆေးချခြင်း ၊ ခူးဆွတ်ရိတ်သိမ်းပြီးနောက် ဆေးရည် စိမ်ခြင်း ၊ ဆေးဖြန်းခြင်း ၊ဆေးမည့် ဇလုံ ကန်ထဲ ရေထည့်ခြင်း ၊ ရေဖြင့်အအေးပေးခြင်း ၊ ကြာကြာခံအောင် ထုပ်ပိုးပြီးချိန်တွင် အပေါ်မှ ရေခဲအုပ်ပေး ခြင်း ပြုလုပ်သည့်ရေများ အားလုံး အကြုံး ဝင်ပါသည်။

အပင်၏ အမြစ်ပိုင်း ကို ရေ သွင်းပေးသော ရေ သည် ထို ရေများထက်နှိုင်းစာလျှင် အန္တရာယ်ဖြစ်မှု နည်းပါးပါသည်။

ညစ်ညမ်းသောရေ ကို ပြန်လည် သန့်စင်ထားသောရေ နှင့်ကောင်းစွာ ပြုပြင်စီမံထားခြင်း မရှိသော ရေများကို ဟင်းသီးဟင်းရွက်ဆေးကြော ခြင်းသည် ကြီးမားသော အန္တရာယ် ရှိစေနိုင်ပါသည်။

တိုက်ရိုက်စားသုံး ရမည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို နောက်ဆုံးအဆင့်ဆေးကြောရာတွင် သောက်သုံးရန်အတွက်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှသတ်မှတ်ထားသော စံချိန်စံညွှန်း နှင့်ကိုက်ညီသည့် ရေများကိုသာအသုံးပြုသင့်ပါသည်။

အန္တရာယ်ကို ကြီုတင်ကာကွယ်သောအားဖြင့် ကိုင်တွယ်မည့်လက်များဆေးကြောခြင်း ၊ ထုပ်ပိုးမည့်မျက်နှာပြင်များ ၊ ပစ္စည်းကိရိယာများ ကုန်ပစ္စည်း နှင့်ထိတွေ့ နေမည့် ပစ္စည်းများကုှိဆေးကြော ရာတွင် အသုံးပြုသည့်ရေ ၏ အရည်အသွေးကို စစ်ဆေးရန်လိုအပ်ပါသည်။

ကုန်ပစ္စည်း၏ အမျိုးအစား

ရောဂါဖြစ်စေသော အဏုဇီဝ ပိုးမွှားများ ၏ အန္တရာယ်ပေးနိုင်မှုသည် ဟင်းသီးဟင်းရွက်သစ်သီးဝလံအမျိုးအစားပေါ်မူတည်နေပါသည်။

အရွက်စားသော ဟင်းသီးဟင်းရွက်များ သည် မျက်နှာပြင်ညီညာ ချောမွေ့ မှု မရှိသည့်အပြင် ၊ အစိုဓာတ်များ အလွယ် တကူ ခိုအောင်းပေါက်ပွားနိုင်သည့်အတွက် ချောမွေ့သောမျက်နှာပြင်ရှိသော အရွက်ထက် ပိုမို ၍ ရောဂါပိုးမွှားအန္တရာယ် ပိုရှိနိုင်ပါသည်။

အစိမ်းအတိုင်း စားရသော ဟင်းသီးဟင်းရွက် ( ဥပမာ-ဆလတ်ရွက်) ဖြစ်မည် ဆိုလျှင် အခွံခွာ ရသော (သို့မဟုတ်) ချက်ပြုတ်စားရသော ဟင်းသီးဟင်းရွက် ထက် ပိုမို အန္တရာယ် ရှိစေနိုင်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဒေါက်တာ မသစ္စာ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်