စိုက်ပျိုးရေး တွင်ကျင့်သုံးသင့်သည့်အလေ့အထကောင်းများ (၉)
စိုက်ပျိုးရေးတွင်အသုံးပြုသည့်ရေ
စိုက်ပျိုး ရေး တွင် ရေ ကို အပင် များရေသွင်း ရန် ၊ ဓာတ်မြေသြဇာ နှင့် ရောနှော ရေသွင်းရန် ၊ ရွက်ဖြန်း မြေသြဇာ များ ၊ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး များဖျော် စပ်ရာတွင် အသုံးပြု ရပါသည်။
ခူးဆွတ်ပြီးသော သီးနှံ များ ၊ လယ် ယာသုံး ကိရိယာများ ၊ သီးနှံ ထည့်သည့် ခြင်းများ ၊ တောင်များ စသည် တို့ကို ဆေးကြာရာ တွင်လည်း အသုံး ပြုရပါသည်။
ထို့အပြင် ဓာတုဆေးများ အသုံးပြုခြင်း ၊ အအေး ပေးခြင်း၊ နှင့် ကြာရှည် အထားခံရန် ရေခဲ ရိုက်ခြင်း တို့တွင်လည်းရေ ကို အသုံးပြု ပါသည်။
တချို့ အဟာရဓာတ်ပေး ထားသော ရေတွင် သာ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ တွင် အမြစ်ပိုင်းသည် ရေ တွင် ထာဝစဉ် နှစ်ထားရပေသည်။
ထို အသုံးပြုသော ရေများ မှ တဆင့် ဓာတု အဆိပ်အတောက်နှင့် ဇီဝ အဆိပ်အတောက် ( ပိုးမွှားရောဂါ များ ) ဝင်ရောက်နိုင်ပါသည်။ ဓာတု အဆိပ်အတောင်များမှာ အနီးအနားရှိ ခြံများ မှ စွန့်ပစ်ထားသော ဓာတု ဆေးများ သည် ရေတွင်းရေကန် များ အတွင်းသို့ စီးဝင် တတ်ပြီး ထို မှတဆင့် မိမိ ခြံ အတွင်းမှ သီးနှံပင်များသို့ ဝင်ရောက်နိုင်ပါသည်။
ရေ မှ တဆင့် ကူးစက်နိုင်သော ဘက်တီးရီးယားများ မှာ ဆယ်မိုနဲလား ၊ အီးကိုလိုင် ၊ ရှီဂဲလား တို့ ဖြစ်သည်။ Salmonella species, E. coli, and Shigella species စသော ဘက်တီးရီးယား များ ၊ ကပ်ပါးပိုးများ ဖြစ်သည့် ,Cryptosporidium, Giardia and Cyclospora,များ နှင့် Hepatitis A virus and the Norwalk virusဗိုင်းရပ်စ်များ စသည့် ရောဂါဖြစ်စေသော အဏုဇီဝ ပိုးများသည် ရေ မှ တဆင့် ပါလာတတ်ပါသည်။
တချို့သော အများ စု ဖြစ်သည့် အဏုဇီဝ ပိုး များသည် လူတို့ ၏ အညစ်အကြေး များ ၊ နို့တိုက်သတ္တဝါများ ဖြစ်သည့် နွား၊ သိုး နှင့် ကြက်၊ ငှက် တို့ နေထိုင်ရာနေရာများ ၊ ၎င်းတို့၏ အညစ်အကြေး များ ရှိရာ တွင် အများဆုံး တွေ့ ရပါသည်။
စိုက်ခင်း တွင်အသုံးပြုမည့် ရေ ကို ရရှိ နိုင်သည့် နေရာများသည် တိရိစ္ဆန်များလွှတ်ကျောင်း သည့်နေရာများ ၊ အထိန်းအကွပ်မဲ့ ထားသော လယ်ယာလုပ်ငန်းသုံး သတ္တဝါများ ၊ တောရိုင်းတိရိစ္ဆန်များ ကျက်စားရာနေရာများ ၊ စနစ်တကျ သိုလှောင် ထားခြင်း မရှိသော တိရိစ္ဆာန် အညစ်အကြေး များ သည် ရေများအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်ရာ အရင်းအမြစ်များ သဖွယ် ဖြစ် နေကြပါသည်။
အသုံးပြုသော ရေ ကြောင့် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များတွင် ရေမှတဆင့် ဓာတု အဆိပ်အတောက် နှင့် အဏုဇီဝ ရောဂါပိုးများပါဝင်နေ ခြင်း သည် ထိုရေ ကိုရရှိသောနေရာ ၊ ရေကိုအသုံးပြုသော အချိန် ၊ နှင့် စိုက်ပျိုးသော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် အမျိုးအစား တို့တွင်မူတည်ပါသည်။
ရေရရှိနိုင်သည့် အရင်း အမြစ်များ
*စိုက်ပျိုးရေးအတွက် အသုံးပြုသော ရေ များကို မြစ်များ ၊ စမ်းချောင်းများ ၊ ရေကန်များ ဆည် များ ၊ရေလှောင်ကန်များ ၊ ရေပေးဝေသော ပိုက်များ များရယူကြသဖြင့် အဏုဇီဝ ပိုးများ ၊ ဓာတု ဓာတ်ကြွင်း များ ကူးစက် ဝင်ရောက်နိုင်ကြပါသည်။
*ရေ သွင်းမြောင်းသည် နို့စားနွား ၊ ဝက်များ စသည့် တိရိစ္ဆာန်များစွာ မွေးမြူ ထားသောနေရာ ၊ တင်းကုတ်များ ၊ တဲများ ၊ လူဦးရေ ထူထပ်သောနေရာများမှ ဖြတ်သန်းစီးဆင်းလာသည် ဆိုပါက အဏုဇီဝ ပိုး ဖြစ်သော ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးများ များစွာ ပါရှိနိုင်ပါသည်။
ရေသည် စက်ရုံများ ၊နှင့် ပိုးသတ်ဆေး မြေသြဇာ များစွာ အသုံးပြုသော စိုက်ခင်းများ မှ ဖြတ်သန်းစီးဆင်းလာသည် ဆိုပါက ဓာတု ဓာတ်ကြွင်းများ ပါရှိလာနိုင်ပါသည်။
ဆည် မှလွှတ်သော ရေများ ၊ သည် မြေဆီလွှာ အပေါ်ယံလွှာကို ဖြတ်သန်းစီးဆင်းလာသောကြောင့်လည်းကောင်း တိရိစ္ဆန်များ ၊ ငှက်များ ဝင်ရောက်ကျက်စားကြသောကြောင့်လည်းကောင်း အဏုဇီဝ ရောဂါပိုးများ ပါဝင်လာတတ်ပါသည်။
ဆည် နှင့် ဆည်ရေ လွှတ်ရာ လမ်းကြောင်းတွင် ဓာတုပစ္စည်းများ သိုလှောင် သည့်နေရာ ၊ဆေးဖြန်းပုန်းများ ရေဆေးချသည့်နေရာ ဆေးဖြည့်သည့်နေရာ အနီးမှ ဖြတ်စီးလာသည် ဆိုပါက ဓာတု ဓာတ်ကြွင်းများစွာ ပါလာနိုင်ပါသည်။
ရောဂါပိုးများစွာပါဝင်နိုင်သည့်နေရာမှ တစိမ့်စိမ့် စိမ့်ဝင်သော ရေ နှင့် တိရိစ္ဆာန် များစွာလွှတ်ကျောင်းထားသော နေရာ စီးဆင်းလာသော ရေ တွင် အဏုဇီဝပိုးများ စွာပါဝင်နေ တတ်ပါသည်။
မိုးရေ စုဆောင်းသိုလှောင်သော ရေကန် အများစု နှင့်ရေပိုက်များမှာ အဏုဇီဝပိုးများ၊ ငှက်များ ၊ ကြွက်များ ။ တိရိစ္ဆန် ချေးများ သည ်မိုးရေ စုဆောင်းရာခေါင်မိုးမှ တဆင့် ပါဝင်နေတတ်ပြီး တခြားသော ငှက်အသေများ ၊ ကြွက်သေကောင်များ ၊ တခြားသော သတ္တဝါများသည် ခေါင်မိုးရေတ့လျောက်များ မှတဆင့် ရေကန်အတွင်းကျနေတတ်ပါသည်။
ရေကို အသုံးပြုပုံ
ရောဂါဖြစ်စေတတ်သောအဏုဇီဝ ပိုး များသည် စားသုံးရမည့်အစိတ်အပိုင်း ကို ထိတွေ့ ပါဝင်လာပါက ရိတ်သိမ်းပြီး ကိုင်တွယ် ၊ ချိန် ၊ ထုပ်ပိုးချိန်များ တွင် ချက်ချင်းပင် အန္တရာယ် ကြီးမားစွာ ကူးစက်နိုင်ပါသည်။
အသုံး ပြုသည့်ရေပေးစနစ်သည် ၊ မရိတ်သိမ်းခင် အပေါ်မှ ရေဖြန်းပေးခြင်း ၊ ဆေးချခြင်း ၊ ခူးဆွတ်ရိတ်သိမ်းပြီးနောက် ဆေးရည် စိမ်ခြင်း ၊ ဆေးဖြန်းခြင်း ၊ဆေးမည့် ဇလုံ ကန်ထဲ ရေထည့်ခြင်း ၊ ရေဖြင့်အအေးပေးခြင်း ၊ ကြာကြာခံအောင် ထုပ်ပိုးပြီးချိန်တွင် အပေါ်မှ ရေခဲအုပ်ပေး ခြင်း ပြုလုပ်သည့်ရေများ အားလုံး အကြုံး ဝင်ပါသည်။
အပင်၏ အမြစ်ပိုင်း ကို ရေ သွင်းပေးသော ရေ သည် ထို ရေများထက်နှိုင်းစာလျှင် အန္တရာယ်ဖြစ်မှု နည်းပါးပါသည်။
ညစ်ညမ်းသောရေ ကို ပြန်လည် သန့်စင်ထားသောရေ နှင့်ကောင်းစွာ ပြုပြင်စီမံထားခြင်း မရှိသော ရေများကို ဟင်းသီးဟင်းရွက်ဆေးကြော ခြင်းသည် ကြီးမားသော အန္တရာယ် ရှိစေနိုင်ပါသည်။
တိုက်ရိုက်စားသုံး ရမည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို နောက်ဆုံးအဆင့်ဆေးကြောရာတွင် သောက်သုံးရန်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှသတ်မှတ်ထားသော စံချိန်စံညွှန်း နှင့်ကိုက်ညီသည့် ရေများကိုသာအသုံးပြုသင့်ပါသည်။
အန္တရာယ်ကို ကြီုတင်ကာကွယ်သောအားဖြင့် ကိုင်တွယ်မည့်လက်များဆေးကြောခြင်း ၊ ထုပ်ပိုးမည့်မျက်နှာပြင်များ ၊ ပစ္စည်းကိရိယာများ ကုန်ပစ္စည်း နှင့်ထိတွေ့ နေမည့် ပစ္စည်းများကုှိဆေးကြော ရာတွင် အသုံးပြုသည့်ရေ ၏ အရည်အသွေးကို စစ်ဆေးရန်လိုအပ်ပါသည်။
ကုန်ပစ္စည်း၏ အမျိုးအစား
ရောဂါဖြစ်စေသော အဏုဇီဝ ပိုးမွှားများ ၏ အန္တရာယ်ပေးနိုင်မှုသည် ဟင်းသီးဟင်းရွက်သစ်သီးဝလံအမျိုးအစားပေါ်မူတည်နေပါသည်။
အရွက်စားသော ဟင်းသီးဟင်းရွက်များ သည် မျက်နှာပြင်ညီညာ ချောမွေ့ မှု မရှိသည့်အပြင် ၊ အစိုဓာတ်များ အလွယ် တကူ ခိုအောင်းပေါက်ပွားနိုင်သည့်အတွက် ချောမွေ့သောမျက်နှာပြင်ရှိသော အရွက်ထက် ပိုမို ၍ ရောဂါပိုးမွှားအန္တရာယ် ပိုရှိနိုင်ပါသည်။
အစိမ်းအတိုင်း စားရသော ဟင်းသီးဟင်းရွက် ( ဥပမာ-ဆလတ်ရွက်) ဖြစ်မည် ဆိုလျှင် အခွံခွာ ရသော (သို့မဟုတ်) ချက်ပြုတ်စားရသော ဟင်းသီးဟင်းရွက် ထက် ပိုမို အန္တရာယ် ရှိစေနိုင်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
ဒေါက်တာ မသစ္စာ
ဆက်စပ်မေးခွန်းများ
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....