ကျောက်မှုန့်သုံးပြီး ဒီအကျိုးကျေးဇူး (၅)​ ချက်ကိုရယူပါ

12/10/2021 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကျောက်မှုန့် (ဂျစ်ပဆန်) ဆိုတာဘာလဲ ? 

    ကျောက်မှုန့်ဟာ မြေသြဇာတစ်မျိုးဖြစ်ပြီး သီးနှံအတွက်လိုအပ်တဲ့ ကယ်လ်စီယမ် (ထုံးဓာတ်) နဲ့ ဆာလဖာ (ကန့်ဓာတ်) ဓာတ်ကို ထောက်ပံ့ပေးပါတယ်။ ကျောက်မှုန့်မှာ ကယ်လ်စီယမ်နဲ့ ဆာလဖာပါဝင်နေခြင်းဖြင့် အပင်ကြီးထွားမှုကို တိုးတက်စေပါတယ်။ အပင်တွေဟာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့နေမယ်ဆိုရင် အရွက်တွေရဲ့ထိပ်ဖျားတွေ တွန့်လိမ်နေတာမျိုး၊ ကြွတ်ဆတ်ပြီး အလွယ်တကူကျိုးလွယ်တာမျိုးနဲ့ နောက်ဆုံး အပင်ကြီးထွားမှု ရပ်တန့်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဆာလ်ဖာဓာတ်ချို့တဲ့မယ်ဆိုရင်တော့ အရွက်နုတွေမှာ အဝါရောင်သန်းလာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ နိုက်ထရိုဂျင်ချို့တဲ့ပုံနဲ့ အနည်းငယ်ဆင်တူပါတယ်။ 

    ကျောက်မှုန့် (ဂျစ်ပဆန်) ဟာ မြေဆီလွှာမှာ အငံဓာတ်တွေပျော်ဝင်ပျံ့နှံမှု (မြေငံခြင်း) ကို ဟန့်တားပေးနိုင်ပြီး ပျိုးခင်းများ၊ ဖန်လုံအိမ်စိုက်ခင်းများနဲ့ မြေယာပြုပြင်မှုများမှာလည်း အသုံးပြုနိုင်တဲ့ မြေသြဇာဖြစ်ပါတယ်။ ဒါကြောင့် ကျောက်မှုန့်ဟာ လယ်မြေများတွင်သာမက ဥယျာဉ်ခြံများတွင်ပါ အသုံးပြုနိုင်တဲ့ ဘက်စုံသုံးမြေသြဇာတစ်မျိုးဖြစ်ပါတယ်။ ကျောက်မှုန့်မြေသြဇာကို တောင်သူတွေအနေနဲ့ ပုံမှန်အားဖြင့် မြေခံမှာပဲအသုံးပြုကြပါတယ်။ ကျောက်မှုန့်မြေသြဇာကို မြေခံအဖြစ် တစ်ဧကကို (၃ - ၄) အိတ်အထိ ထည့်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့  မိမိစိုက်ခင်းအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို နှုန်းထားပြောင်းလဲကာ အသုံးပြုသင့်ပါတယ်။ ကျောက်မှုန့်အသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဂုဏ်သတ္တိများ တိုးတက်စေပြီး မြေဆီလွှာ တိုက်စားမှုကို လျော့ကျစေကာ အာဟာရဓာတ်များဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

    ယခုဆောင်းပါးမှာတော့ ကျောက်မှုန့် (ဂျစ်ပဆန်) အသုံးပြုခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၅ ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ ကယ်လ်ဆီယမ်နဲ့ ဆာလဖာဓာတ်ကို ထောက်ပံ့ပေးနိုင်ခြင်း 

    ကျောက်မှုန့်မှာ ကယ်လ်ဆီယမ်နဲ့ ဆာလ်ဖာဓာတ်တွေပါဝင်ကြောင်း အထက်မှာ မျှဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ကယ်လ်ဆီယမ် (ထုံး) ဓာတ်ဟာဆိုရင် အပင်တွေရဲ့ ဆဲလ်နံရံတွေထူထပ်လာအောင် ပြုလုပ်ပေးပြီး အမြစ်နဲ့ အရွက်များကြီးထွားစေကာ အာဟာရဓာတ်များစုပ်ယူရာမှာ ကူညီပေးနိုင်ပါတယ်။ ဆာလဖာ (ကန့်) ဓာတ်ဟာဆိုရင်တော့ အင်ဇိုင်းနဲ့ ဗီတာမင်များဖွံ့ဖြိုးလာစေရန်၊ မျိုးစေ့များ အောင်မြင်ဖြစ်ထွန်းရန်နှင့် အအေးဒဏ်ခံနိုင်ရန် ကူညီပေးနိုင်ပါတယ်။

၂။ မြေဆီလွှာကို ကောင်းမွန်စေပြီး အလူမီနီယမ်အဆိပ်သင့်မှုကို ကာကွယ်ပေးနိုင်ခြင်း 

    ကျောက်မှုန့် (ဂျစ်ပဆန်) အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေကတော့ မြေဆီလွှာရဲ့ ချဉ်ငံကိန်းကို ထိန်းညှိပေးနိုင်ပြီး အလူမီနီယမ်ဓာတ်အဆိပ်သင့်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ အလူမီနီယမ်အဆိပ်သင့်မယ်ဆိုရင် အပင်ရဲ့ ဆဲလ်ရှည်ထွက်ခြင်းနဲ့ ဆဲလ်ကွဲပွားခြင်းများကို ထိခိုက်နိုင်ပြီး အမြစ်ဟာ ရေနဲ့ အာဟာရဓာတ်တွေကို မစုပ်ယူနိုင်တော့ဘဲ နောက်ဆုံးမှာ အပင်ရဲ့ကြီးထွားမှုကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ မြေခံမှာအသုံးပြုလိုက်တဲ့ ကျောက်မှုန့်ဟာဆိုရင် မြေဆီလွှာထဲ စိမ့်ဝင်သွားပြီးနောက် အမြစ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးကာ အပင်ကိုလည်း ရှင်သန်ကြီးထွားစေပါတယ်။ 

၃။ မြေဆီလွှာ၏ ဖွဲ့စည်တည်ဆောက်ပုံအား တိုးတက်စေခြင်း 

    ကျောက်မှုန့်ဟာ အမြစ်ကြီးထွားဖို့အားပေးသလိုပဲ မြေဆီလွှာထဲမှာ လေဝင်လေထွက်ကောင်းလာအောင်လည်း ကူညီပေးပါတယ်။ ကယ်လ်စီယမ် - မဂ္ဂနီဆီယမ် အချိုးမညီမျှသောမြေများမှာ ကျောက်မှုန့်အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ မြေသားဖွဲ့စည်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောက်မှုန့်ဟာ  မြေဆီလွှာရဲ့ အဏုဇီဝဆိုင်ရာကိစ္စရပ်များကို သဘာဝအတိုင်း ပြန်လည်ဖြစ်ပေါ်စေပြီး  မြေဆီလွှာတည်ဆောက်မှုကို တိုးတက်စေပါတယ်။ 

၄။ ရေစိမ့်ဝင်မှုနဲ့ ရေထိန်းစွမ်းအား ပိုမိုကောင်းစေခြင်း 

    ကျောက်မှုန့်အသုံးပြုခြင်းဖြင့် မြေဆီလွှာတွင် ရေစိမ့်ဝင်မှုကောင်းစေပါတယ်။ ဆိုဒီယမ်ဓာတ် မြင့်မားစွာပေါင်းစပ်ပါဝင်မှုကြောင့် ရေဝပ်တာမျိုးနဲ့  ရွှံစေးဆန်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်မှုန့်အသုံးပြုခြင်းအားဖြင့် မြေဆီလွှာထဲမှာ ရေအလွယ်တကူစိမ့်ဝင်နိုင်သလို ရေကိုထိန်းထားနိုင်တဲ့အတွက် အပင်မှ ရေနဲ့ အာဟာရဓာတ်များ အလွယ်တကူရယူနိုင်ခြင်းဖြင့် ရှင်သန်ကြီးထွားဖို့ အထောက်အပံ့ပေးပါတယ်။ 

၅။ မြေဆီလွှာအား ရေနှင့် လေတို့၏ တိုက်စားမှုများမှ ကာကွယ်ပေးနိုင်ခြင်း 

    ကျောက်မှုန့်ဟာ သီးနှံစိုက်ပျိုးရာမှာ အသီး၊ အပွင့်၊ အစေ့အဆန်များအား အားပေးသော ဖော့စဖောရပ်စ် (တီစူပါ) ဓာတ်နဲ့ အခြားသောအာဟာရဓာတ်များရဲ့ လေလွင့်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ပါတယ်။ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေသောကြောင့် ရေတိုက်စားခြင်းနဲ့ လေတိုက်စားခြင်းများမှလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ 

ကိုးကားချက် 

https://www.croplife.com/crop-inputs/micronutrients/the-role-of-gypsum-in-agriculture-5-key-benefits-you-should-know/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်