ငါး၊ ပုဇွန်၊ ခရုတွေကရော အပင်အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ

24/10/2018 10:50 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပင်လယ်ကူးသင်္ဘောကြီးများဖြင့် ပင်လယ်အတွင်း ရက်ပေါင်းများစွာ ငါးဖမ်းထွက်သော သင်္ဘောအချို့တွင် ငါးသေတ္တာ စက်ရုံများပင် ပါသွားတတ်သည်။ ငါးသေတ္တာလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများကို ငါးမြေသြဇာများ ပြုလုပ်ရောင်းချကြသည်။ တစ်ကြိမ်က ငါးမြေသြဇာများ၏လက္ကားစျေးနူန်းမှာ တစ်ဂါလံကို အမေရိကန် ဒေါ်လာဝက်သာပေးရသော်လည်း လက်လီစျေးဖြင့် မြန်မာပြည်သို့ ရောက်လာသောအခါ တစ်လီတာကို () ထောင်မှ တစ်သောင်းအထိ စျေးဖြစ်သွားသည်။ စိုက်ပျိုးသူများကို ကိုယ်တိုင်ပြုလုပ်သော ငါးမြေသြဇာများမှ အနံ့ဆိုးများရှိပြီး နိုင်ငံခြားမှလာသော ငါးမြေသြဇာများမှာ ထိုအနံ့ဆိုးများကို ဖယ်ရှားထားနိုင်ခြင်းမှာ အဓိကကွာခြားမှုဖြစ်သည်။ တန်ဖိုးကြီးသီးနှံများ စိုက်ပျိုးရာတွင် ငါးမြေသြဇာကို အထူးအလေးထားအသုံးပြုကြသည်။

ဉရောပတိုက်သားများ ဘာသာရေး လွတ်လပ်မှုအတွက် အမေရိကတိုက်သို့ ပြောင်းရွှေ့အခြေချစဉ်က အကျွမ်းတဝင် မရှိသေးသော နယ်ပယ်သစ်တွင် စိုက်ပျိုးရေးကို အောင်မြင်စွာ မပြုလုပ်နိုင်၍ အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ကြရသည်။ ထိုအခါ ဒေသခံအိန္ဒိယလူနီများက ပြောင်းကဲ့သို့ မျိုးစေ့တစ်စေ့စိုက်မည်ဆိုတိုင်း ငါးကလေးတစ်ကောင်ကို ဦးစွာမြေမြုပ်ပြီးမှ ထိုငါးအပေါ်တွင် အစေ့ကို စိုက်ကြသည်။ ထိုငါးမှာ ပေါက်လာသော အပင်အတွက် လုံလောက်သော အစာအာဟာရကို ထောက်ပံ့ပေးခြင်းဖြင့် သီးနှံများကို ကောင်းစွာရရှိပြီး အငတ်ပြဿနာကို ကျော်လွှားနိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် နိုဝင်ဘာလတွင် ကျေးဇူးတော်ချီးမွမ်းရာနေ့ကို ကျင်းပကြခြင်းဖြစ်သည်။ လူတို့စားသုံးရန် မသင့်သောငါးများနှင့် ငါးအစိတ်အပိုင်းများကို မြေသြဇာပြုလုပ်၍ အသုံးချနိုင်ပေသည်။ ငါးမှရရှိသောငါးမြေသြဇာမှာ အရည်အသွေးကောင်းသော သဘာဝမြေသြဇာများဖြစ်သည်။

သို့သော် လွယ်ကူစွာ ပုပ်သိုးဆွေးမြေ့ခြင်းမဖြစ်နိုင်သော အရိုးများ၊ အကြေးခွံများ၊ ဂုံးခွံများကို ရိုးရိုးအပုပ်ခံရုံနှင့်မရဘဲ အပင် စားသုံးနိုင်သော အဆင့်သို့ရောက်ရှိရန် ဦးစွာဆွေးမြေ့အောင် ပြုလုပ်ရမည်ဖြစ်သည်။ ငါးသလောက်များကို ရှာလကာရည်၊ ရှောက်ရည်ကဲ့သို့သော ငရဲမီးအပျော့စားနှင့်နယ်ဖတ်ပြီး ဖိအားပေးပြီးပေါင်းလိုက်ပါက အရိုးများ နူးသွားသဖြင့် ယခင်က စားမရသောအရိုးများ စားသုံးနိုင်သောအဆင့်သို့ ရောက်သွားသည်။ ငါးရိုး၊ ကြက်ရိုး၊ ခရုခွံ၊ ပုဇွန်ခွံမှစ၍ မာကြောသော ပစ္စည်းများကို ကန့်ငရဲမီးအပြင်းအသုံးပြု၍ ဆွေးမြေ့အောင် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်ပုံမှာ စဉ့်အိုး၊ ပလပ်စတစ်ပုံး အမျိုးမျိုး တွင် အရိုးများ၊ ခရုခွံများကို ()ပုံ()ပုံပြည့်အောင် ထည့်ထားပါ။ နောက်ရေကို ထိုပစ္စည်းများအပေါ်သို့ ကန့်ငရဲမီးအပြင်းကို တဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ရေနှင့်အရိုးထုတစ်ဂါလံတွင် ပစ္စည်းအပျော့်၊ အမာပေါ်လိုက်၍ ကန့်ငရဲမီးအကြမ်း ပုဂံ()လုံးမှ ()လုံးအထိ ထည့်ပြီး မွှေပါ။ () ရက်တစ်ကြိမ်မွေပေးပါ။ အရိုးများဆွေးသွားသောအခါ ကြက်၊ ဝက်များအတွက် တိရစ္ဆာန်စာအဖြစ်လည်းကောင်း၊ မြေသြဇာအဖြစ်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ဤမြေသြဇာတွင် ထုံးဓာတ်(၁၀)ဆ တွင် မီးစုန်းဓာတ်တစ်ဆ ပါဝင်သည်။ ကန့်ဓာတ်လည်းပါဝင်ပါသည်။ အရိုးမှုန့်မြေသြဇာများကိုလည်း အပင်များပိုမို လျင်မြန်စွာ စားသုံးနိုင်ရန် ဤကဲ့သို့ ကန့်ငရဲမီးအပြင်းနှင့်စား၍ အသုံးပြုနိုင်ပေသည်။ သားသတ်ရုံမှ ရနိုင်သော တိရစ္ဆာန် အမွှေးများ၊ ခွာ၊ ဂျိုနှင့် အခြားပစ္စည်းများကိုလည်း ကန့်ငရဲမီးအပြင်းစားပြီး မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။

ကိုးကား - မြေသြဇာများကို နားလည်ခြင်း /ဉီးဖရက်သိန်းဖေ

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်