မြေပဲသံချေးရောဂါအကြောင်း တစေ့တစောင်း

27/10/2020 11:45 AM တွင် Si Thu Hein Si Thu Hein မှ ရေးသား

      မြေပဲအထွက်နှုန်းကို ထိိခိုက်စေသော အကြောင်းအရာများ အနက် မြေပဲသံချေးရောဂါသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိပါသည်။ ခံနိုင်ရည်မဲ့သော မျိုးများတွင် ၎င်းရောဂါကြောင့် အထွက်နှုန်း ၅၀% ထိ လျော့ကျ နိုင်ပါတယ်။

      မြေပဲသံချေးရောဂါကိုဖြစ်ပေါ်စေသော သက်ရှိမှာ Puccina arachidis ဖြစ်ပါတယ်။ ​ရောဂါဖြစ်စေသော သက်ရှိ(မှို)သည် စပိုးများထုတ်လုပ်ပြီး ၎င်းစပိုးများသည် လေမှတစ်ဆင့် ကူးစက်ပျံ့နံ့နိုင်သည်။ ထို့အပြင် မိုးရေပေါက်များ၊ အင်းဆက်များမှ တစ်ဆင်​့လည်း စိုက်ခင်းအတွင်းရှိ တစ်ပင်မှ တစ်ပင် ကူးစက်နိုင်သည်။ မြေပဲစိုက်ရာသီ တစ်ရာသီမှ နောက်တစ်ရာသီသို့ အလေ့ကျပေါက်သော မြေပဲပင်များမှ တစ်ဆင့် ပျံနှံ့ကူးစက်နိုင်သဖြင့် အလေ့ကျပင်များကို ရှင်းလင်းပစ်သင့်ပါသည်။ အပူချိန် ၂၀ဒီဂရီ စင်တီဂရိတ် နှင့် စိုထိုင်းဆများသော အခြေအနေတွင် ရောဂါပိုမိုဆိုးရွားလေ့ရှိပါတယ်။

​​      မြေပဲ သံချေးရောဂါ ကျရောက်လျှင် အရွက်၏ အောက်ဖက်မျက်နှာပြင်များတွင် လိမ္မော်ရောင် အဖုလေးများကို စတင်တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့နောက် ရင့်လာသည့်အခါ ကွဲထွက်သွားပြီး နီညိုရောင်စပိုး(urediospore)များ ထွက်ပေါ်လာပါမည်။ ၎င်းနောက်တွင် အရွက်၏ အပေါ်ဖက်မျက်နှာပြင်များ အထိ ပျံနှံ့သွားမည်ဖြစ်ပါသည်။ သံချေးဖုများသည် အများအားဖြင့် လုံးဝန်းသော ပုံသဏ္ဍန် ရှိပြီး အချင်း ၀.၄ -၀.၅မီလီမီတာ ခန့်အထိရှိကြပါသည်။မြေပဲပင်၏ စွယ် နှင့် အပွင့်များမှလွဲ၍ အပင်အပေါ်ပိုင်း အစိတ်အပိုင်းများအားလုံးတွင် ကျရောက်နိုင်ပါတယ်။ မြေပဲရွက်ပြောက်ရောဂါကျလျှင် အရွက်ကြွေခြင်းဖြစ်ပေါ်နိုင်သော်လည်း သံချေးရောဂါ ကျရောက်လျှင်အရွက်များ ဆဲလ်သေ၍ ညှိုးခြောက်သွားကာ အပင်တွင် တွယ်ကပ်နေလေ့ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း

     - ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ် စိုက်ပျိုးပါ။

     - သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ကြည်ပါ။

     - ထပ်မံမကူးစက်နိုင်စေရန် ရောဂါရ အပင်များကို အမြစ်ပြတ် သုတ်သင်ပစ်ပါ။

      -စိုက်ခင်းအတွင်းရှိ ပေါင်း၊ မြက်များ နှင့် အလေ့ ကျပေါက်သော မြေပဲပင် များကို ရှင်းလင်းပစ်ပါ။

     - ဓာတုမှိုသတ်ဆေးများဖြစ်သော ကလိုရိုသာလိုနေးလ်၊ မန်ကိုဇက်၊ ပရိုပီကိုနာဇိုးလ် ၊ဟက်ဇာကိုနာဇိုးလ် စသည့် ဆေးများကို အသုံးပြုနှိမ်နင်းပါတယ် ခင်ဗျာ။

ကျမ်းကိုး

PTY-321 Crop diseases & control 2

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်