ဥစားကြက် အမွေးဆိတ်ခြင်းနှင့် အသားစားခြင်းအလေ့အထ

06/10/2021 20:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဥစားကြက်မွေးမြူရေးတွင် မွေးမြူသူတိုင်း အမွေးအတောင်ဆိတ်ခြင်း (feather pecking)၊ သွေးထွက်သံယို​ဖြစ်နေသော ကြက်တစ်ကောင်ကို ကျန်ကြက်များက ဆိတ်၍စားခြင်း (cannibalism)၊ ဖင်ဆိတ်ခြင်း (vent pecking) တို့ တွေ့ရလေ့ရှိပါသည်။ ဤသည်မှာ ကြက်တို့၏ ပြုပြင်ရခက်သော အမူအကျင့်လည်းဖြစ်ပါသည်။ အချို့ ကြက်ခြံများတွင် အသက် ၅ ပတ်အရွယ်တွင်တွေ့ရပြီး အများစုမှာ ၂၀ ပါတ်အရွယ်နှင့် နောက်ပိုင်းတို့တွင် တွေ့ရလေ့ရှိပါသည်။ အသေအပျောက်အနည်းငယ်ရှိသကဲ့သို့ စုတ်ပြဲအနာဒဏ်ရာကြောင့် ဥနှုန်း၊ ကြီးထွားနှုန်းကိုလည်း ထိခိုက်စေပါသည်။ ဥကြက်မများနည်းတူ အသားတိုး (semi-broiler) ကြက်များတွင်လည်း တွေ့ရသော ပြဿနာတစ်ခုဖြစ်ပါသည်။ ဤအလေ့အထသည် အတွေ့ ရများသော်လည်း ဖြစ်ပွားရခြင်းအကြောင်းကား တိကျစွာမသိရသေးပေ။

    သဘာဝအားဖြင့် သတ္တဝါတို့သည် တစ်ဦးကိုတစ်ဦး တစ်ကောင်အပေါ် အခြားတစ်ကောင်၊ တစ်အုပ်စုက လွှမ်းမိုးအနိုင်ယူလိုသည့် သဘောရှိ၏။ ကြက်များသည်လည်း ဤကဲ့သို့ သဘာဝရှိကြသည်။ ကြက်ပေါက်ကလေးများ စတင်မီးကိုင်စဉ် (brooding period) တွင် အားနည်းသော ကြက်ငယ်လေးကို အခြားတစ်ကောင်က ခြေချောင်းကိုဆွဲ၍ ချီသွားသည်ကို တွေ့ဖူးကြမည်ထင်ပါသည်။

    ထို့ပြင် အကြောင်းကြောင်းကြောင့် မျက်စိနာနေသောကြက်ငယ်ကို အခြားကြက်ကလေးများ ဝိုင်းဆိတ်နေသည်ကိုလည်း တွေ့ရတတ်ပါသည်။  ကြက်တို့ အသက် ၅-၆ ပတ်သားအရွယ်တွင် အမွှေးအတောင်စုံလေ့ရှိသည်။ သို့သော် အချို့အမွှေးအတောင်မစုံသေး အမွှေးနု၊ အမွှေးကြမ်းရောနေသော ကြက်ငယ်တို့ တစ်ကောင်နှင့်တစ်ကောင် ဆိတ်ရာမှ သွေးထွက်ပြီး သွေးစို့နေသောကြက်ကို ဆိတ်ခြင်းမှ အမွှေးဆိတ်ခြင်းအလေ့အထကို ရစေပါသည်။ တဖန် အသက် (၂၀) ပါတ်အရွယ်နှင့် နောက်ပိုင်းတွင် ဥ ဥပြီးသော ကြက်မအချို့ ဥအရွယ်အစားကြီးကြီးဥပြီးသောအခါ ဖင်ကျွံခြင်းဖြစ်ပြီး သွေးရောင်သမ်းသော ဖင်ဝပေါ်နေသည့်အတွက် အခြားကြက်များကဆိတ်ရာမှ ဖင်ဆိတ်ခြင်းအကျင့်ရရှိစေပါသည်။

    ထို့ပြင် တစ်ကောင်၏အကျင့်ကို အခြားအကောင်များက အတုယူခြင်းဖြင့် အမွှေးဆိတ်ခြင်းအလေ့ပိုမိုပြန့်နှံ့စေပါသည်။ အများဆုံးအဆိတ်ခံရသောနေရာမှာ ကျော၊ အမြီး၊ ဖင်တဝိုက်၊ ဦးခေါင်း၊ လည်ပင်း၊ အမောက်တို့ကို ဆိတ်ခြင်း အများဆုံးဖြစ်သည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်