ဥစားကြက် အမွေးဆိတ်ခြင်းနှင့် အသားစားခြင်းအလေ့အထ

06/10/2021 20:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဥစားကြက်မွေးမြူရေးတွင် မွေးမြူသူတိုင်း အမွေးအတောင်ဆိတ်ခြင်း (feather pecking)၊ သွေးထွက်သံယို​ဖြစ်နေသော ကြက်တစ်ကောင်ကို ကျန်ကြက်များက ဆိတ်၍စားခြင်း (cannibalism)၊ ဖင်ဆိတ်ခြင်း (vent pecking) တို့ တွေ့ရလေ့ရှိပါသည်။ ဤသည်မှာ ကြက်တို့၏ ပြုပြင်ရခက်သော အမူအကျင့်လည်းဖြစ်ပါသည်။ အချို့ ကြက်ခြံများတွင် အသက် ၅ ပတ်အရွယ်တွင်တွေ့ရပြီး အများစုမှာ ၂၀ ပါတ်အရွယ်နှင့် နောက်ပိုင်းတို့တွင် တွေ့ရလေ့ရှိပါသည်။ အသေအပျောက်အနည်းငယ်ရှိသကဲ့သို့ စုတ်ပြဲအနာဒဏ်ရာကြောင့် ဥနှုန်း၊ ကြီးထွားနှုန်းကိုလည်း ထိခိုက်စေပါသည်။ ဥကြက်မများနည်းတူ အသားတိုး (semi-broiler) ကြက်များတွင်လည်း တွေ့ရသော ပြဿနာတစ်ခုဖြစ်ပါသည်။ ဤအလေ့အထသည် အတွေ့ ရများသော်လည်း ဖြစ်ပွားရခြင်းအကြောင်းကား တိကျစွာမသိရသေးပေ။

    သဘာဝအားဖြင့် သတ္တဝါတို့သည် တစ်ဦးကိုတစ်ဦး တစ်ကောင်အပေါ် အခြားတစ်ကောင်၊ တစ်အုပ်စုက လွှမ်းမိုးအနိုင်ယူလိုသည့် သဘောရှိ၏။ ကြက်များသည်လည်း ဤကဲ့သို့ သဘာဝရှိကြသည်။ ကြက်ပေါက်ကလေးများ စတင်မီးကိုင်စဉ် (brooding period) တွင် အားနည်းသော ကြက်ငယ်လေးကို အခြားတစ်ကောင်က ခြေချောင်းကိုဆွဲ၍ ချီသွားသည်ကို တွေ့ဖူးကြမည်ထင်ပါသည်။

    ထို့ပြင် အကြောင်းကြောင်းကြောင့် မျက်စိနာနေသောကြက်ငယ်ကို အခြားကြက်ကလေးများ ဝိုင်းဆိတ်နေသည်ကိုလည်း တွေ့ရတတ်ပါသည်။  ကြက်တို့ အသက် ၅-၆ ပတ်သားအရွယ်တွင် အမွှေးအတောင်စုံလေ့ရှိသည်။ သို့သော် အချို့အမွှေးအတောင်မစုံသေး အမွှေးနု၊ အမွှေးကြမ်းရောနေသော ကြက်ငယ်တို့ တစ်ကောင်နှင့်တစ်ကောင် ဆိတ်ရာမှ သွေးထွက်ပြီး သွေးစို့နေသောကြက်ကို ဆိတ်ခြင်းမှ အမွှေးဆိတ်ခြင်းအလေ့အထကို ရစေပါသည်။ တဖန် အသက် (၂၀) ပါတ်အရွယ်နှင့် နောက်ပိုင်းတွင် ဥ ဥပြီးသော ကြက်မအချို့ ဥအရွယ်အစားကြီးကြီးဥပြီးသောအခါ ဖင်ကျွံခြင်းဖြစ်ပြီး သွေးရောင်သမ်းသော ဖင်ဝပေါ်နေသည့်အတွက် အခြားကြက်များကဆိတ်ရာမှ ဖင်ဆိတ်ခြင်းအကျင့်ရရှိစေပါသည်။

    ထို့ပြင် တစ်ကောင်၏အကျင့်ကို အခြားအကောင်များက အတုယူခြင်းဖြင့် အမွှေးဆိတ်ခြင်းအလေ့ပိုမိုပြန့်နှံ့စေပါသည်။ အများဆုံးအဆိတ်ခံရသောနေရာမှာ ကျော၊ အမြီး၊ ဖင်တဝိုက်၊ ဦးခေါင်း၊ လည်ပင်း၊ အမောက်တို့ကို ဆိတ်ခြင်း အများဆုံးဖြစ်သည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်