ကျောက်သင်ပုန်းပင်ရဲ့ ဆေးဖက်ဝင်တဲ့အချက်များ

16/09/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နတ်သမီးကွမ်းရွက်

နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် 

ရုက္ခအမည်: Peperomia pellucida Kunth

မျိုးရင်း : Piperaceae

ကျနော်တို့ မနက်တိုင်း ထိုင်သောက်လေ့ရှိသည့် လက်ဘက်ရည်ဆိုင်ဘေးမှာ ကုက္ကိုပင်ကြီးရှိသည်။ ကုက္ကိုပင်ကြီးပင်စည်ပေါ်မှာကပ်ပြီး ဒီအပင်လေးတွေ အုပ်စုလိုက်ပေါက်သည်။ မြန်မာလိုကျောက်သင်ပုန်းပင်ခေါ်သည်။ 

စွတ်စိုထိုင်းမှိုင်းပြီး အရိပ်အာဝါသကောင်းသောနေရာတိုင်းမှာ ဒီအပင်ကိုတွေ့ရသည်။ ထို့ပြင် စမ်းချောင်းများ၏ ဘေးတစ်လျှောက်မှာလည်း အရိုင်းပေါက်ပင်အဖြစ်တွေ့နိုင်သည်။

ငယ်စဉ်ဘဝ မူလတန်းတက်လျှင် ယခုကလေးတွေလို စာအုပ် ဘောပင်နဲ့ မဟုတ်၊ ကျောက်သင်ပုန်းကိုသာ သုံးခဲ့ရသည်။ ကျောက်တန်ကို ချွန်နေအောင် စိတ်ရှည်ရှည်ထားကာ သွေးရသည်။ ဝ လုံးလေးဝိုင်းဝိုင်းရေးရသည်။ ဆရာက မှန်လျှင်မြေဖြူခဲနှင့် ဘောင်ပေါ်တွင်ခြစ်ပေးလိုက်သည်။ ရမှတ်အမှန်ကို မပျက်အောင် အိမ်ကိုသယ်ရတာ အမော၊ ရေးပြီးသား စာတွေဖျက်လျှင် ရေနှင်ဖျက်၍ရသည်။ ပိုပြီးကောင်းတာက ဒီအပင်ကအရွက်ပါဘဲ။ ဒီ အရွက်နဲ့ဖျက်လိုက်ရင် လုံးဝ သန့်သွားပြီး နောက်စာလုံးများရေးဖို့ အသင့်ဖြစ်လို့နေသည်။ ဒါ့ကြောင့်လည်း  ဒီအပင်ကိုမှတ်မိနေတာပါ။ ပေးထားသည့်အမည် ကျောက်သင်ပုန်းပင် ဆိုတာနဲ့လိုက်ဖက်လှသည်။ 

အပင်က ၆ လက်မလောက်သာမြင့်သော တစ်နှစ်ခံ ပင်ပျော့လေးတွေဖြစ်သည်။ အမြစ်ကတိမ်သော shallow-rooted အပင်မျိုး ဖြစ်သည်။ ထူးခြားတာက အရည်ရွှမ်းနေပြီး ထုတ်ခြင်းခတ်မြင်ရသော succulent stems ပင်စည် ဖြစ်သည်။ အရောင်ပြောင်လက်သော နှလုံးပုံစံ  အရည်ရွှမ်းသည့် အရွက်များရှိပါသည်။ pellucida ဆိုသည်မှာ အစက်အမှုန်များကို ဆိုလိုသည်။ ပန်းခိုင်က ထောင်မတ်နေသော ပွင့်ညှာမဲ့သော ပန်းခိုင် spike ဖြစ်ပါသည်။ ပန်းများကသေးငယ်ပြီး တစ်နှစ်ပတ်လုံးပွင့်ပါသည်။ အလွန်သေးငယ်ပြီး အစက်အမှုန်လေးတွေပုံစံ အစေ့လေးတွေက မြောက်များလှစွာသော spike ပန်းခိုင်များအပေါ် တွယ်ကပ်လို့နေပါသည်။ အရွက်ကိုခြေလိုက်ရင် မုံညှင်းရနံ့ mustard-like odor ရစေပါသည်။  

အသုံးပြုပုံ

အာစီယံနိုင်ငံများတွင် ကျောက်သင်ပုန်းပင်၏ အရွက်ကို ဟင်းလျာအဖြစ် စားသုံးကြသလို ဆေးအနေနဲ့လည်းစားသုံးကြသည်။ Peperomia အနွယ်ဝင် အပင်တွေကို နိုင်ငံတကာမှာ ဥယျာဉ်အလှစိုက်အပင်အဖြစ် စိုက်ကြပါသည်။ ထူးခြားဆန်းပြားလှသောပုံစံ အရွက်များကြောင့် အလှစိုက်ကြခြင်းဖြစ်သည်၊ ကျောက်သင်ပုံးပင် တစ်ပင်လုံးကို စား၍ရသည့် အရသာကြောင့် အကောင်းဆုံး အအေးခံ ဟင်းလျာ ဖြစ်စေပါသည်။ 

ဆေးဖက်ဝင်ပုံ

ဒီအပင်ကို abdominal pain ဝမ်းဗိုက်နာကျင်ခြင်း၊ abscesses ပြည်တည်နာများ၊ acne ဝက်ခြံ၊ boils သွေးစုနာ မွှေးကျွတ်နာ၊ colic လေထိုးလေအောင့်နာ၊ fatigue မောပန်းနွမ်းနယ်ခြင်း၊ gout ဂေါက်ရောဂါ၊ headache ခေါင်းကိုက်၊ renal disorders ကျောက်ကပ်ရောဂါ၊ rheumatic joint pain အဆစ်အမြစ်များ နာကျင်ခြင်း တို့ကိုကုသနိုင်တယ်။ Bolivia, Alteos Indians ဒေသများမှာ ဒီအပင်ကို  hemorrhages သွေးလွန်ခြင်းမှ ရပ်တန့်ရန်အတွက် သုံးကြသည်။ အမြစ်ကို ဖျားနာခြင်း ကုသရာမှာအသုံးပြုသည်။ အပင်အရွက်များကိုမူ ထိခိုက်ဒဏ်ရာများအပေါ်အုံ၍ ကုသရာတွင်သုံးနိုင်သည်။ Brazil နိုင်ငံတွင် အဆီချဖို့ (ဝါ)ကိုလက်စထရောချဖို့ ဒီအပင်ကို သုံးကြသည်။ အမေဇုံ Amazon ဒေသတွင်မူ သူသည် ထင်ရှားသော ချောင်းဆိုးပျောက်စေသော အပင်ဖြစ်သည်။ ထို့ပြင် emollient, ဆီးရွှင်ဆေး  diuretic အဖြစ်လည်းသုံးသည်။ ဖိလစ်ပိုင်တွင် အပင်ပြုတ်ရေသည် ယူရစ်အက်ဆစ် uric acid ပမာဏကို လျှော့ချစေနိုင်သောကြောင့်  ကျောက်ကပ်ရောဂါကို သိသိသာသာ သက်သာစေသည်၊ 

ဒီအပင်မှာ ကင်ဆာကို တွန်းလှန်ကာကွယ်ပေးနိုင်သော အင်ဒီအောက်စီးဒင့် Antioxidant နှင့် ဘီတာကယ်ရိုတင်း Beta-carotene ဓာတ်တို့ပါ၀င်သည်။ ထိုင်းနိုင်ငံတွင် အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများ ပြုလုပ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်း ဆေးဆရာများက ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် အပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြသည် (Ref: Wikipedia) 

ရင်သားကင်ဆာ ရောဂါအတွက် အပင်ကို အသုံးပြုကြသည်၊ လက်တွေ့ကုသမှုများအရ  ကြွက်နို့ပေါက်သူများအတွက် ဒီအပင်က အလွန်အသုံးတည့်လှသည်၊ အရွက်က အရည်ကို ညှစ်၍ ကြွက်နို့ပေါ်ကို မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များအံ့သြစွာ ပျောက်ကင်းသွားသည်ဟု မှတ်သားရပါသည်၊ Ref: စောနွဲ့နေဆိုင် (ပူတာအို) ။

ဘာမှတန်ဖိုးမရှိဖူးလို့ ထင်ထားသော အပင်ကလေးက အခုလို ဆေးဖက်ဝင်နေတာကို သိရ ဖတ်ရတော့ အံသြမိပါတယ်။ ကျနော်ကတော့ လေ့လာလို့ မကုန်နိုင်သော ရုက္ခလောကအကြောင်းကို စဉ်းစားနေမိတယ်။ 

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်လှပါသည်။ 

ကိုသက်နိုင်ဦး

ဟုမ္မလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်