သွားကိုက်သက်သာတယ်ဆိုပြီး နာမည်ကြီးတဲ့ ဒန္တသုခ

21/11/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း။ ။ Scrophulariaceae

၂။ ရုက္ခဗေဒအမည်။ ။ Scoparia dulcis Linn

၃။ အခေါ်အဝေါ်-

မြန်မာအမည် - ဒန္တသုခ

အင်္ဂလိပ်အမည် - Sweet Broomweed

၄။ ပုံသဏ္ဌာန်

အပင်

တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ - ၃ ပေခန့်ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်းအခက် လေးထောင့်သဏ္ဌာန်ရှိ၍ သေးငယ်ပြီး အစိမ်းရောင်ရှိသည်။ ပင်စည်အရင်းပိုင်းနားတွင် အပွေးအနည်းငယ်ရှိသည်။ ပင်စည်ပေါ်ရှိ အဆစ်ကလေးများမှ ကိုင်းဖြာထွက်သည်။

အရွက်

၃ ရွက်ဆိုင်ထွက်သည်။ အလျား ၁ လက်မခန့်ထိရှည်၍ အရွက်အထက်ပိုင်းနားတွင် ခွေးသွားစိပ်များရှိပြီး အရွက်အောက်ဘက်ပိုင်း အနားညီသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြားချောသည်။

အပွင့်

စိမ်းရောင်သမ်းသော အဖြူရောင်ရှိ၍ အလွန်သေးငယ်သည်။

အသီး

အက်ကွဲသီးဖြစ်သည်။ အခန်းလေးခန်းပါ၍ အခန်းများတစ်ခန်းစီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာပါရှိသည်။ 

အမြစ်

ရေသောက်မြစ် အနည်းငယ်တုတ်၍ ရှည်လျားပြီး ယင်းမှဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များတွင် သေးငယ်သော မြစ်မြွာကလေးများရှိ၏။ အမြစ်အပေါ်ယံ နူးညံ့သောအခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသားမာကျောသည်။ ညိုဝါရောင်ရှိသည်။

၅။ ပေါက်ရောက်သည့် ဒေသ

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။

၆။ ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

၇။ အသုံးပြုသည့် အစိတ်အပိုင်း

ပဉ္စငါးပါး၊ အရွက်၊ အမြစ်။

၈။ အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ ဒန္တသုခပင်သည် ချုပ်၏။ စေးချွဲ၏။ တုန်တက်တတ်သော အဖျားရောဂါအတွက်အသုံးပြု၏။ သွားကိုက်ရောဂါကုသရာတွင် အထူးအကျိုးပြု၏။ အမြစ်သည် ရာသီသွေးလွန်ခြင်း၊ ညောင်းကျခြင်းကိုနိုင်၏။ ဖြေဆေးအဖြစ်လည်း သုံးနိုင်၏။ အရွက်သည် အဖျားရောဂါတို့ကို နိုင်၏။

အသုံးပြုပုံ

ပဉ္စငါးပါး 

(၁) ဒန္တသုခပြုတ်ရည်နှင့် အမြစ်သည် သွားကိုက်ရောဂါအတွက် အလွန်ကောင်းသောဆေးဖြစ်၏။

(၂) ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်းဖြင့်လည်းကောင်း၊ အမြစ်ကို အစိမ်းလိုက်ကြိတ်၍ သိပ်ပေးခြင်း ဖြင့်လည်းကောင်း၊ ပဉ္စငါးပါးကို ပြာချ၍ သွားဖုံးနှင့် သွားကြားကို သိပ်ပေးခြင်းဖြင့် လည်းကောင်း သွားကိုက်သွားနာပျောက်၏။ 

(၃) ပဉ္စငါးပါးကြိတ်ရည်တွင် ဆားထည့်၍ အနာပေါ်လိမ်းပေးခြင်းဖြင့် အနာအသားနုတက်ပြီး ပျောက်ကင်းစေ၏။

(၄) ဆီးပူခြင်း၊ နည်းခြင်း၊ သွေးပါခြင်းတို့အတွက် ပဉ္စငါးပါးအခြောက်လှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ ခပ်သောက်ကပျောက်၏။

(၅) ပဉ္စငါးပါးပြုတ်ရည်တွင် သကြားထည့်သောက်ကာ ချောင်းဆိုး သွေးပါရောဂါ ပျောက်၏။

အရွက် (၁) အရွက်ကိုအဖျားရောဂါပျောက်ဆေး၊ အော့အန်သော ရောဂါပျောက်ဆေး၊ ဖြေဆေးအဖြစ် ဖော်စပ်အသုံးပြုရ၏။

အမြစ်(၁) အမြစ်ကို ပြုတ်၍ရာသီသွေးလွန်ခြင်း၊ ညောင်းကျခြင်းတို့၌ တိုက်ရ၏။

(၂) အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ဆားထည့်သောက်က အနာဝင်ဖျားခြင်းပျောက်၏။

( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်