ဆောင်းရာသီစာ စိမ်းစားဥနှင့် ကျန်းမာရေးကောင်းကျိုး(၉)မျိုး

14/12/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    စိမ်းစားဥမှာ ဆောင်းရာသီစာ စားစရာတစ်မျိုးဖြစ်ပြီး စားလိုက်လျှင် ချိုချိုကြွပ်ကြွပ်လေး နှင့် ရင်ထဲအေးမြသွားစေပါသည်။ သဘာဝအရ စိမ်းစားဥမှာ မြေကြီးထဲတွင်  ဥ, ဥသော အသီးဖြစ်ပြီး "စိမ်းစားဥ" ဆိုသည့်အတိုင်း အခွံခွာပြီး အစိမ်းစားလို့ရပါသည်။ သို့သော် တချို့ဒေသတွင် စိမ်းစားဥကို ကြော်စားကြပါသည်။ စိမ်းစားဥကို 'ပဲစိမ်းစားဥ' ဟုလည်း ခေါ်ကြပါသေးသည်။ ရှမ်းပြည်နယ်ဒေသထွက် စိမ်းစားဥမှာ အရွယ်အစား ပိုကြီးသလို အရည်လည်း ရွှမ်းပါသည်။ ယခုလို အချိန်ရာသီတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိမ်းစားဥများ လှိုင်လှိုင်ပေါ်နေပါပြီ။

    ရေဓါတ်ပေါများစွာပါရှိသည့် စိမ်းစားဥတွင် ကစီဓါတ်၊ ပရိုတင်း၊ သဘာဝအဆီဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ကော့ပါး၊ သံဓါတ်၊ ဇင့်၊ သတ္တုဓါတ် စသည့် ဓါတ်ပေါင်းစုတွေပါဝင်ပြီး ဘေးဖြစ်စေတတ်သည့် ကိုလက်စထရော လုံးဝမတွေ့ရှိရကြောင်း သုတေသီများမှ ဆိုကြပါသည်။

စိမ်းစားဥစားခြင်း၏ ကောင်းကျိုးများ

၁။ စိမ်းစားဥကို သင့်တင့်အောင်စားသုံးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါတွေကို ကာကွယ်ပေးရုံ သာမက ခံတွင်းကိုလည်း ကောင်းမွန်စေပါသည်။

၂။ Vitamin-C ပါရှိသည့်အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစတဲ့ ကူးစက်ရောဂါများကိုလည်း သက်သာစေပါသည်။

၃။ ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရသော ကလေးများအတွက် ရောဂါဝေဒနာကို သက်သာစေနိုင်ပါသည်။

၄။ Calories (ကယ်လိုရီ) မပါရှိသည့်အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါများကို သက်သာစေ နိုင်ပါသည်။ ဆံချည်မျှင်လောက်ရှိသော သွေးကြောလေးများကိုလည်း ကျန်းမာသန်စွမ်းစေပါသည်။

၅။ စိမ်းစားဥစားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်စေပါသည်။

၆။ စိမ်းစားဥစားပေးပါက သွားများကို သန့်စင်စေတာကြောင့် အစွန်းအထင်းဖြစ်စေနိုင်တဲ့ မော်လီကျူးတွေကို ချေဖျက်ဖို့ အထောက်အကူပေးပါသည်။

၇။ ဆီးနှင့်ပတ်သက်သော ရောဂါများဖြစ်သည့် ဆီးလွန်၊ ဆီးချုပ်၊ ဆီးပူ၊ ဆီးအောင့်ရောဂါများ ကိုလည်း ပျောက်ကင်းစေနိုင်သည်။

၈။ ရေငတ်ခြင်း၊ ဝမ်းတွင်းပူခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ခံတွင်းမမြိန်ခြင်း၊ ကိုယ်လက် ညောင်းညာခြင်းအစရှိသည့် ရောဂါတို့ကိုလည်း သက်သာစေပါသည်။

၉။ မျက်နှာအသားအရည်အတွက် စိမ်းစားဥကို ပါးပါးလှီးပြီး မျက်နှာမှာ နေရာအနှံ့ (၁၀)မိနစ် လောက်ကပ်ပေးပါ။ အအေးဓါတ်ပယ်ပျောက်သွားသောအခါတွင် မျက်နှာပေါ်မှခွာပြီး ရေစင်အောင် ဆေးချပေးပါ။ တစ်ပတ်(၂)ကြိမ်ပြုလုပ်ပေးပါက ဆဲလ်အသေများကို ဖယ်ရှားပြီး ချွေးပေါက်ပွင့်စေကာ အသားအရေ ကြည်လင်ရှင်းသန့်စေပါသည်။

အထူးသတိပြုရန်မှာ - 

- စိမ်းစားဥကို နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့နှင့် တွဲဖက်မစားသင့်ပါ။ အော့အန်တတ်၍ ဖြစ်သည်။

- စိမ်းစားဥကို ရေခဲချောင်းနှင့် တွဲဖက်မစားသင့်ပေ။ ရင်ကြပ်စေပါသည်။

- စိမ်းစားဥတွင် ကြေညက်လွယ်သော အမျှင်ဓါတ်ပါရှိသော်လည်း လိုသည်ထက်ပိုစားမိပါက လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုများ မျှတရုံသာ စားသင့်ပါသည်။

- သဘာဝအရ စိမ်းစားဥမှာ မြေကြီးထဲတွင် ဥ, ဥသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်အောင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။

သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်မှာ-

၁။ လက်ဖြင့် ကိုင်မြှောက်ကြည့်ပါက လေးလံနေပါသည်။

၂။ အသီး၏ အပင်ပိုင်းသည် စိမ်းစိုနေရပါမည်။

၃။ အခွံမခြောက်သင့်ပါ။ ထို့ကြောင့် အရွေးမမှားဖို့ လိုပါသည်။

    စိမ်းစားဥမှာ ကိုယ်တွင်းကအပူတွေကို ငြိမ်းစေပြီး ရေဓါတ်ကြွယ်ဝအောင်လည်း ကူညီပေးသလို အသားအရည်အတွက်ပါကောင်းကျိုးပေးလို့ စိမ်းစားဥကို စားပေးဖို့ မမေ့သင့်ပေ။

ပင်လယ်ပြာ(ငါးဦးစီး)

Ref; ကျန်းမာရေးစာစောင်များ။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်