ဆေးပေါင်းခတဲ့ညမှာ မယ်ဇလီဖူးသုပ်ကပေးမဲ့ကျန်းမာရေးလက်ဆောင်

26/11/2020 18:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ်စားဖြစ်ကြမလား.. အစိမ်းရောင်လမ်းက မိတ်ဆွေတွေရေ

မယ်ဇလီဖူးသုပ်ကို တန်ဆောင်းလပြည့်ညမှာ စားရင် စားဖက်ဝင်တယ်ဆိုပြီး ရှေးလူကြီးတွေပြောခဲ့လို့ ဆေးပေါင်းခတဲ့ညအဖြစ်သတ်မှတ်ပြီး အိမ်တိုင်းမှာသုပ်စားကြတဲ့အလေ့အထတွေရှိခဲ့ကြပါတယ်။ အမှန်တကယ်လည်းဆေးဖက်ဝင်ပါတယ်။

မယ်ဇလီဖူးသုပ်ကို စားပေးတဲ့အခါ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အန်တီအောင့်ဇီတန့် ဓာတ်ပါဝင်တာကြောင့် အစာစားချင်စိတ်ဖြစ်စေကာ ခံတွင်းကို မြိန်စေပါတယ်။ မယ်ဇလီဖူးကို ဝမ်းချုပ်တဲ့အခါ တိုင်းရင်းဆေးအဖြစ်တောင်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီပင်ရဲ့အခေါက်ကတော့ စားသုံးမိရင် ပျို့တက်အော်ဂလီဆန်ခြင်း၊ အော့အန်ခြင်းနှင့်ဝမ်းဗိုက်နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။  colonscopy လို့ခေါ်တဲ့ စအိုထဲကနေ ပိုက်ထည့်ပြီး မှန်ပြောင်းဖြင့်ကြည့်တာမျိုး မလုပ်ဆောင်ခင်မှာ မယ်ဇလီကို အူသန့်ရှင်းစေဖို့အသုံးပြုကြပါတယ်။

ကလေးငယ်တွေမှာသန်ရှိနေတယ်လို့ ယူဆရပါကလည်း မယ်ဇလီကို စားသုံးပေးခြင်းဖြင့် သန်ချနိုင်ပါတယ်။ အူမကြီးကင်ဆာ၊ သွေးလိပ်ခေါင်းရောဂါ၊ ဆီးရောဂါ၊ သွေးတိုးရောဂါအပြင် အူကိုသန့်စင်ပေးနိုင်တဲ့အတွက် ဝိတ်ချဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မယ်ဇလီရွက်ကိုပြုတ်ပြီး ဖန်ခါးရေဖြင့် ဆေးပေးခြင်းဖြင့် အရေပြားရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူတို့အပြင် အရေပြား နီမြန်းရောင်ရမ်း မှုတွေကိုလျှော့ချ ပေးပါတယ်။ မယ်ဇလီပြုတ်ရည်ကို သောက်သုံးမယ်ဆိုလျှင် ဆီးချို၊ သွေးတိုးကို ကျစေပြီးဆီးရွှင်ကာ စိတ်ကိုပင်တည်ငြိမ်စေနိုင်ပါတယ်။

မယ်ဇလီပြုတ်ရည်ကို အအေးခံပြီးခေါင်းလျှော်တဲ့အခါ ဗောက်ထနေတာကိုသက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်းသက်သာစေပြီး ဆံပင်အရောက်တက်ကာ ပိုလှစေနိုင်ပါတယ်။ ဆေးဖက်ဝင်လှတဲ့ မယ်ဇလီပင်ကို ဝမ်းနှုတ်ခြင်း၊ အူသန့်စင်ခြင်းမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေပေမယ့် နာတာရှည် ဝမ်းချုပ်ခြင်းကို ကုသဖို့တိကျတဲ့ သုတေသနအ‌ဖြေတော့ မရှိသေးပါဘူး။

ဆေးဖက်ဝင်တဲ့အချက်တွေအများကြီးလည်းရှိသလို စားသုံးရာမှာပဲဖြစ်ဖြစ် အခြားနည်းနဲ့အသုံးပြုရင်ပဲဖြစ်ဖြစ် သတိထားရမယ့်အချက်များကိုလည်းသိထားသင့်ပါတယ်။ မယ်ဇလီကိုစားသုံးနေရင်း ဆီးအရောင်ပြောင်းသွားပါကလည်း မယ်ဇလီစားသုံးမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။ ဓာတ်မတည့်မှု့ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်နိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသည့် စကားအတိုင်း မယ်ဇလီရေနွေးကြမ်းကို အလွန်အကြူးသောက်သုံးပါက အသည်းကိုထိခိုက်ပျက်စီးနိုင်ပါတယ်။

ပဲမျိုးနွယ်ဝင်ဖြစ်တဲ့ မယ်ဇလီပင်ကို မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများတွင် လမ်းဘေးပင် အဖြစ်တွေ့နိုင်ပါတယ်။

ကိုးကား- https://www.stylecraze.com/articles/benefits-and-uses-of-senna-plant/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်