အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ

20/01/2022 15:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နေအိမ်တွေမှာဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် အလှဆင်တဲ့အနေနဲ့ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းလေးတွေကို စိုက်ထားတာမြင်ဖူးကြမှာပါနော်။ စက္ကူပန်းလေးတွေက လိုသလိုပုံသွင်းပြီး အလှဆင်လို့ကောင်းတဲ့ အရိပ်ရအပင်လေးတစ်မျိုးပေါ့။ နွေပူပူမှာတောင် အရိပ်ပေးနိုင်ပါတယ်။ စက္ကူပန်းက အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်အသွေးစုံနေရောပဲ။

အရောင်အသွေးစုံတဲ့ စက္ကူပန်းလေးတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံက စက္ကူပန်းလေးတွေကို အလှအတွက်ပဲစိုက်ထားတယ်ဆိုပေမယ့် အခုလို ဆေးဖက်ဝင်တာလေးကိုပါ သိထားမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။

ချောင်းဆိုးပျောက်စေတယ်

စက္ကူပန်းက သလိပ်ပျော်စေနိုင်တာကြောင့် ချောင်းဆိုးနေတဲ့သူတွေအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ချွဲတွေကို ပျော်စေပြီး ချောင်းဆိုးသက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။

လည်ချောင်းနာတာကို သက်သာစေနိုင်တယ်

လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာကြောင့်ပါ။ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လည်ချောင်းနာရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အဆွက် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ စက္ကူပန်းလေးရှိပါတယ်နော်။ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

အဖျားကျစေနိုင်တယ်

အဖျားသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အပူကျစေနိုင်တဲ့အာနိသင်ရှိပြီး ဖျားလို့ အပူကြီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ မြန်မြန်အဖျားကျစေမယ့် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးပါ။

အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

စက္ကူပန်းက အဆုတ်တွေကို ကျန်းမာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာအောင် အားဖြည့်ပေးပါတယ်။ အဆုတ်တွေကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးတာကြောင့် ခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။

ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

တစ်နေ့တာလှုပ်ရှားသွားလာရင်း ထိတွေ့မိတာတွေ၊ စားသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှိနေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ လှပတဲ့ စက္ကူပန်းလေးတွေကို အသုံးပြုလို့ရပါတယ်နော်။ စက္ကူပန်းလေးတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ငွေကုန်ကြေးကျနည်းစွာနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

ဝမ်းပျက်ဝမ်းလျှောဖြစ်တာက တစ်နည်းအားဖြင့်တော့ ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဝမ်းကနေတဆင့် ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ အစာခြေစနစ်မှာ ပိုးဝင်တာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာပေါ့။ ဒီအဆိပ်အတောက်တွေကို အကောင်းဆုံးနဲ့ အမြန်ဆုံးဖြေရှင်းချင်တယ်ဆိုရင်တော့ စက္ကူပန်းလေးကို အားကိုးလို့ရပါတယ်။ အစာခြေစနစ်ထဲက မလိုအပ်တဲ့အရာတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

ပိုးသတ်ပေးတယ်

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ပိုးဝင်ရောင်ရမ်းတာမျိုးမဖြစ်စေဖို့ စက္ကူပန်း ပြုတ်ရည်နဲ့ ဆေးကြောသန့်စင်ပေးလို့ရပါတယ်။ စက္ကူပန်းကို ရေနဲ့စင်စင်လေး သန့်စင်ဆေးကြောသန့်စင်ဖို့တော့လိုပါမယ်။ မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့အတွက်လည်း စက္ကူပန်းကို သုံးလို့ရပါတယ်နော်။

ဒါတွေအပြင် စက္ကူပန်းကိုသွေးတိုးကျစေဖို့၊ ရာသီသွေးမှန်စေဖို့၊ အသည်းရောင်အသားဝါသက်သာစေဖို့၊ ပါးစပ်ထဲမှာ ပေါက်တဲ့အနာတွေသက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ အဖြူဆင်းတာကိုသက်သာစေဖို့နဲ့ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လည်း စက္ကူပန်း က အသုံးဝင်ပါတယ်နော်။

ဒီလောက်တောင် အသုံးတည့်နေမှတော့ စက္ကူပန်းလေးတွေကို စိုက်ထားကြပါဦး။

Hello ဆရာဝန် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်