ဆေးစွမ်းထက်တဲ့ သပြေပင်
မျိုးရင်း - Myrtaceae ( မာလကာမျိုးရင်း)
မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာ့ဆေးကျမ်းများအလိုအရ သပြေခေါက်သည် ဖန်သည်။ ချိုသည်။ ချုပ်သည်။ ကြေပျက်လွယ်သည်။ နှုတ်ကို မြိန်စေသည်။ သည်းခြေနာ၊ ပူလောင်နာတို့ကို ပယ်ဖျောက်တတ်သည်။ အသီးသည် ချိုသည်။ ဖန်သည်။ အေးသည်။ နှုတ်ကို မြိန်စေသည်။ လေကို ပွားစေသည်။ သလိပ် သည်းခြေရောဂါနှင့် အစာမကြေ လေပြည့်ရောဂါတို့ကို ကင်းဝေးစေသည်။ အစေ့သည် ချိုသည်။ ဆီးရောဂါကို နိုင်သည်။ အညွှန့်သည် အေးသည်။ ခြောက်သည်။ ချုပ်သည်။ အစာမကြေ ဝမ်းဖော ဝမ်းရောင်နှင့် ဝမ်းကြောတင်းခြင်းတို့ကို ပျောက်ကင်းစေသည်။
အသုံးပြုပုံ
အစေ့
၁။ အစေ့မှုန့်နှင့် သကြားခဲကို ဆတူရော၍ သောက်သော် သွေးဝမ်းသွားခြင်း ပျောက်ကင်းစေသည်။
၂။ အစေ့ကို ရေဖြင့် သွေး၍ မကျက်နိုင်သော အနာများကို လိမ်းသော် အသားနုတက်၍ ပျောက်စေသည်။
၃။ သပြေစေ့၊ သရက်စေ့၊ ကြစုသီးစေ့ အမျှစု၍ လှော်ပြီး အမှုန့်ထောင်းထားသော ဆေးကို သောက်သော် ဝမ်းပျက်၊ ဝမ်းသွား မီးယပ်ဝမ်းပျက်၊ သွေးဝမ်းသွားရောဂါများ ပျောက်ကင်းသည်။
အရွက်
၁။ လက်ဆတ်သော သပြေရွက်နုကို ရေနှင့်ကြိတ်၍ ငုံပေးသော် ခံတွင်း၌ ပေါက်သော အပူဖုများ၊ အပူမှုတ်၍ ဖြစ်သောအနာများ ပျောက်သည်။
၂။ သပြေရွက်နုကို ကြိတ်ပြီး နွားနို့နှင့် သောက်သော် သွေးမြင်း သရိုက်ရောဂါ ပျောက်သည်။
၃။ သပြေရွက်နုကို ရေနှင့်ကြိတ်သောက်သော် ဘိန်းဆိပ်ပြေသည်။
၄။ ကင်းကိုက်သော ဒဏ်ရာကို သပြေရွက် ကြိတ်ညှစ်ရည်ကို လိမ်းပေးရသည်။
အသီး
၁။ သပြေသီး ကြိတ်ညှစ်ရည်ကို နံနက် ည တစ်ကြိမ်စီ သောက်သော် သရက်ရွက်ကြီးသော ရောဂါ ပျောက်သည်။
၂။ ဆီးချိုရောဂါအတွက် သပြေသီး အစေ့ခြောက်ကို အမှုန့်ပြု၍ ရေကျက်အေးနှင့် သောက်ရသည်။
၃။ ကာလသားရောဂါကြောင့်ဖြစ်သော အနာများကို သပြေသီးခြောက်သွေ့၍ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် လိမ်းပေးရသည်။
၄။ ဝမ်းတွင်းသို့ ဆံပင်များ၊ သံတိုသံစလေးများ ဝင်သော် သပြေသီးကို စားပါက ၎င်းဆံပင်နှင့် သံတိုသံစများ ကြေပျက်သွားသည်။
၅။ သပြေသီးမှည့်ကို အရည်ညှစ်၍ အဝတ်နှင့်စစ်ပြီး ပုလင်းထဲတွင် ထည့်ထားသော် ၃ – ၄ ရက်ခန့် အကြာတွင် အချဉ်ပေါက်လာမည်။ ၎င်းအရည်ကို သောက်သုံးပေးခြင်းဖြင့် လေထိုး၊ လေအောင့်ရောဂါပျောက်သည်။
အခေါက်
၁။ သပြေခေါက်ကို မီးယက်ဖြူနှင့် အရိအချွဲ ဆင်းခြင်း၊ ကိုယ်ဝန်ဆောင်များ ဝမ်းပျက်ခြင်း ရောဂါများ အတွက် ဆေးဖော်စပ်သုံးသည်။
၂။ အခေါက်ကို နွားနို့နှင့် သွေး၍ ပျားရည်သင့်ရုံ ရောစပ်ပြီး တစ်ခွက်စား ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှောရောဂါ ပျောက်သည်။
၃။ အခေါက်ကို အမှုန့်ပြု၍ စားခြင်း၊ သပြေသီးမှည့်ကို စားပေးခြင်းဖြင့် ဆီးချိုရောဂါ ပျောက်သည်။
၄။ သပြေခေါက်ကို ပြုတ်၍ ငုံပေးခြင်း၊ အကိုင်းအခက်များနှင့် နေစဉ် သွားတိုက်ပေးခြင်းဖြင့် ခံတွင်း၌ ဖြစ်သော အပူဖုများ၊ ပူလောင်သောအနာပျောက်၍ သွားများကို ခိုင်မာစေသည်။
Source - မြန်မာ့ဆေးဝါးပင်များ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်