လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေး အလေ့အကျင့်များ - ပစ္စည်းသယ်ယူခြင်း၊ မခြင်း၊ ရွေ့ခြင်း

09/10/2020 13:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

    အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ စီမံကိန်းသည် ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍ (ချင်းသီးနှံတန်ဖိုးမြင့်ကွင်းဆက်) ၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်မာရေးအလေ့အကျင့်များထဲမှ ပစ္စည်းသယ်ယူခြင်း၊ မ, ခြင်းနှင့် ရွေ့ခြင်းအလေ့အကျင့်အကောင်းများကို တင်ပြလိုပါသည်။ ပထမဦးစွာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများသည် လူနှင့် ကုန်ပစ္စည်းများ ဘေးကင်းစွာ သွားလာသယ်ဆောင်နိုင်ရန်အတွက် ရှင်းလင်းထားရန်လိုအပ်ပါသည်။ လေးလံသည့်ကုန်ပစ္စည်းများကို နွားလှည်းများ၊ ဘီးတပ်ယာဥ်များနှင့် ဘီးတပ်တွန်းလှည်းများကိုအသုံးပြုပြီး သယ်ယူခြင်းဖြင့် လူနှင့် ကုန်ပစ္စည်းများအား မတော်တဆမှုကြောင့်ဖြစ်နိုင်သည့် ဆုံးရှုံးမှုလျော့နည်းစေပြီး ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်လာစေမည်ဖြစ်ပါသည်။ 

    ကုန်ပစ္စည်းများသယ်ယူရန် အသုံးပြုသည့် ပုံး/အိတ်နှင့် ခြင်းတောင်း စသည်တို့အရွယ်အစားနှင့် ပုံစံများသည်လည်း သက်တောင့်သက်သာဖြင့် အလွယ်တကူမနိုင်ပြီး လူ၏ကျန်းမာရေးကို ထိခိုက်နိုင်ချေနည်းသည့် အလေ့အကျင့်များကို ကျင့်သုံးရန် လိုအပ်ပါသည်။ ကုန်ပစ္စည်းသယ်ယူရန် အသုံးပြုသည့်ခြင်းတောင်း၊ ပုံးတို့၏လက်ကိုင် (သို့မဟုတ်) ကိုင်ရမည့်နေရာကို နူးညံ့သောအဝတ်စ သို့မဟုတ် ရာဘာတို့နှင့် ပတ်ထားခြင်းဖြင့် ထိခိုက်မှုနည်းစေရန် အထောက်အကူဖြစ်စေပါသည်။ 

    ထိုအပြင် ပစ္စည်းများမ, တင်ခြင်းသည်လည်း စနစ်တကျမ, တင်ရန်လိုအပ်ပါသည်။ စနစ်တကျမ မ,တင်ပါက ခါးနာခြင်းနှင့် အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါသည်။ စနစ်တကျပစ္စည်းမ,တင်ခြင်းနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

၁။ ပစ္စည်းကို မြဲမြံစွာကိုင်တွယ်ပါ။ 

၂။ ပစ္စည်းကို သင့်ခန္ဓာကိုယ်နှင့် နီးကပ်စွာထားပါ။

၃။ ခါးကုန်းခြင်း ( သို့) ကိုယ်ခန္ဓာလိမ်သည့်ပုံစံဖြင့် သယ်ယူခြင်းကို ရှောင်ကျဥ်ပါ။

၄။  ခေါင်းကို တည့်မတ်စာထားပါ။ ပခုံးနှင့် တင်ပါးကို တဖြောင့်တည်းထားပါ။

၅။ ဝန်ကို မြဲမြံစွာ ကိုင်တွယ်ပြီးပါက အောက် သို့မဟုတ် ရှေ့တည့်တည့်သို့ကြည့်ပြီး သယ်ယူပါ။ 

ပုံ (၁) တွင် ကြည့်ပါ။

စီမံကိန်းမှ အထက်ပါအသိပညာပေးလုပ်ငန်းများကို ချင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံသို့ ဝေမျှပြီးသည့်နောက်တွင် တောင်သူများသည် သယ်ယူသည့်ပုံးနှင့် အလေးချိန်မမှန်ခြင်းကြောင့် ခါး (သို့မဟုတ်) ကျောနာခြင်းခံစားရသည်ကို နားလည်လာကြပါသည်။ တောင်သူအချို့သည် သူတို့ထည့်နေကျ အလေးချိန်ထက်လျော့ပြီး ကုန်ပစ္စည်းသယ်ယူလာကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် တောင်သူများ၏ကျန်းမာရေးကို အလေးထားသည့်အနေဖြင့် စနိုက်မန်းတလေး ချင်းသီးနှံထုတ်လုပ်ပြုပြင်ခြင်းစက်ရုံမှ ချင်းသီးနှံတောင်သူအစုအဖွဲ့များထံတွင် ဝယ်ယူသည့်အခါ၌လည်း ထုတ်ပိုးရာတွင် ပလတ်စတစ်ခြင်းကို (၅) ပိဿာဖြင့်ကိုသာ အသုံးပြုပြီး သယ်ယူပို့ဆောင်ခဲ့ပါသည်။ 

ထို့ကြောင့် ပစ္စည်းများသယ်ယူရာတွင် ဘီးတပ်ယာဥ်များ (သို့မဟုတ်) ဘီးတပ်တွန်းလှည်းများကို အသုံးပြုပြီး လူကိုယ်တိုင် သက်တောင့်သက်သာသယ်ယူနိုင်သည့် ပုံး/အိတ်နှင့် အလေးချိန်အရွယ်အစားကိုသာ အသုံးပြုသင့်ပါသည်။ အထက်ပါ မိမိ၏ လေးလံသည့်ပစ္စည်းများ မ,တင်ရာတွင် နည်းမှန်လမ်းမှန်ဖြင့် မ,တင်ပါက မိမိတို့၏ကျန်းမာရေးကို ထိခိုက်နိုင်ချေနည်းပါသည်။ 

ပုံ (၂)

 

ILO Myanmar

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်