ချိုချိုချဉ်ချဉ် လိမ္မော်ဝိုင်
စာဖတ်သူများအားလုံး မင်္ဂလာပါ။ ကျွန်တော်ရေးတဲ့ ဆောင်းပါးအများစုဟာ တန်ဖိုးမြင့်ထုတ်ကုန်အကြောင်းရေးရင် ဝိုင်ထူးထူးဆန်းဆန်းတွေလုပ်ရတာမျိုးကို အရမ်း သဘောကျတာ ဖြစ်တဲ့အတွက် ကြားဖူးနေကျမဟုတ်တဲ့ လုပ်နည်းလေးတွေ ရေးဖြစ်ပါတယ်။ တကယ်လည်း လုပ်ပြီးစမ်းဖြစ်တယ်။ တကယ်လည်း သောက်လို့ရတာမို့လို့ ထပ်ပြီးမျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်း
- လိမ္မော်သီး ခပ်သင့်သင့် ၁၅လုံး
- သကြားဖြူ ၁.၅ ကီလိုဂရမ်
- လိမ္မော်ဖျော်ရည် ပုလင်း၂ဖုံး
- တစေးလုံး ၁ လုံးခွဲ (ရှိတဲ့အမှုန့်ပဲသုံးမယ်ဆို ၅ကျပ်သား ၀န်းကျင်ထည့်ရန်)
ပထမဦးစွာ လိမ္မော်သီးတွေကို အခွံခွာပါ၊ အခွံခွာတဲ့နေရာမှာ အောက်က အဖြူသားတွေပါပြောင်စင်နေအောင်ခွာဖို့ အရေးကြီးပါတယ်၊ ခါးတာကြိုက်ရင်တော့ ထည့်ပေါ့လေ။
ဒုတိယအဆင့်အနေနဲ့ ခွာပြီးသား လိမ္မော်သီးအမြှောင်းတွေကို သေချာဓားနဲ့ခြမ်းလိုက်ပါ။ ထို့နောက် အားလုံးကို အဖုံးပါတဲ့ စတီးဇလုံထဲကိုထည့်ပါ၊ ပွက်ပွက်ဆူထားတဲ့ ရေနွေးကိုမျှတစွာလောင်းပြီး ၁ ရက်ကြာအထိ အဖုံးပိတ်လိုက်ပါ။ ၁ ရက်ပြည့်တဲ့အခါ ဇွန်းသန့်သန့်နဲ့ ကြိတ်ချေပါ။
တတိယအဆင့်အနေနဲ့ သကြားရည် ကျိုလိုက်ပါ။ ကျိုပြီးသားသကြားရည်ကို အချဉ်ဖောက်မဲ့ (Fermentation) လုပ်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်နိုင်တဲ့ ထည့်စရာဗူးတစ်ခုမှာ အချဉ်ဖောက်ခြင်းလုပ်ငန်းစတင်ပါ။ အဲ့ထဲကို အရင်ရက်က ကြိတ်ချေပြီးသား လိမ္မော်သီးဖတ်နဲ့ အရည်တွေအပြင် ပြင်ပက လိမ္မော်ဖျော်ရည် ၂ ဇွန်းနဲ့အတူ တစေးအပါအ၀င် ရောနှောထည့်ပါ။ လိမ္မော်အဖတ်တွေကို စစ်ပြီးထည့်ပါ။ မစစ်ဘဲထည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ရက်သတ္တပတ် ၂ ပတ်ခန့် အကြာမှာ အချဉ်ဖောက်ထားတဲ့ဗူး/ပုလင်းထဲက လေပူပေါင်းတွေထုတ်တာ ရပ်သွားတဲ့အချိန်မှာတော့ Racking လို့ ခေါ်တဲ့ ကဲ့ထုတ်/ခြင်း စတင်လုပ်ရပါမယ်။
အရောင်တွေကြည်လာသည်အထိ စစ်ပါ။ ထို့နောက် ဆွဲဆောင်မှုရှိရှိ ချိုချိုလေးဖြစ်တဲ့ လိမ္မော်ဝိုင်ကို ရက်သတ္တပတ် ၃ ပတ်မြောက်မှာ သောက်သုံးနိုင်ပြီဖြစ်ပါတယ်။
ပြည့်ဖြိုးသော် (B.Agr.Sc ၊Soil and Water Science)
ဖေယွမ်း
လွန်ခဲ့သော ၄ နှစ် ကတဆေးဘယ်မှာ၀ယ်လို့ရမလည်း
ဦးခင်မောင်ဦး
လွန်ခဲ့သော ၅ နှစ် ကတဆေးဝယ်လို့မရလို့ဘယ်ဆိုင်တွေရောင်းတာလဲဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ပြည့်ဖြိုးသော်
အားလုံး