ရွက်ဖျန်းမြေသြဇာကို ဘယ်လိုကျွေးရင် အကောင်းဆုံးဖြစ်မလဲ

18/10/2019 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပင်တွေကို မြေသြဇာကျွေးတဲ့ ပုံစံတွေက အမျိုးမျိုးရှိပါတယ်။ ကြဲပက်တာ၊ မြေခံ၊ ဖျန်းတာ ဘာညာ နည်းတွေက အများကြီးပါပဲ။ ဒီတစ်ခေါက် ရွက်ဖျန်းမြေသြဇာတွေကို ဘယ်လိုမျိုးသုံးပေးရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးပါမယ်။ 

   ရွက်ဖျန်းမြေသြဇာတွေ သုံးတယ်ဆိုတာက  အာဟာရတွေကို အပင်တွေရဲ့ အရွက်တွေကနေတစ်ဆင့် ပြန်ပြီးတော့ ကျွေးပေးရမှာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ ရေပျော်အာဟာရတွေကို အပင်တွေပေါ် ပက်ဖျန်းခြင်းပေါ့။ အဲ့လို လုပ်ပေးခြင်းအားဖြင့်တော့ အာဟာရတွေ ရရှိနိုင်တာကြောင့် အထွက်ကိုလည်း တိုးစေတယ် ပြီးတော့ သီးနှံအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဆိုတော့ကာ ရွက်ဖျန်းမြေသြဇာကိုသုံးရင် ဘယ်လိုသုံးရမလဲဆိုတာကို တစ်ချက်လေ့လာကြည့်ကြရအောင်။

ဘယ်လို အခြေအနေမှာ ရွက်ဖျန်းမြေသြဇာတွေကို သုံးသင့်လဲ

ကန့်သတ်အခြေအနေ။     ။ အမြစ်ကနေ အာဟာရတွေကို မစုပ်ယူနိုင်တဲ့အခြေအနေတွေမှာ ရွက်ဖျန်းမြေသြဇာနဲ့ အပင်ကိုထောက်ပံ့ရပါတယ်။ မြေချဉ်လို့ ငန်နေလို့ အပင်အာဟာရတွေကို မရနိုင်တဲ့အခြေအနေ၊ အပူချိန်က ပူလွန်းအေးလွန်းနေလို့ အမြစ်က အာဟာရကို မစုပ်ယူနိုင်တဲ့အချိန်မျိုး၊ မြေတွင်း အစိုဓာတ်က နည်းလွန်း များလွန်းနေတဲ့အခြေအနေမျိုးတွေ၊ အမြစ်က ရောဂါဖြစ်နေလို့ သေးနေလို့ မစုပ်ယူနိုင်တဲ့အခြေအနေမျိုး၊ အပင်အာဟာရကိုစုပ်ယူနေတဲ့ တခြားဖျက်ပိုးတွေ ကျရောက်နေတဲ့အခြေအနေမျိုးနဲ့ မြေတွင်းအာဟာရတွေက မညီမမျှဖြစ်တဲ့အခါမျိုးဆိုရင်  ရွက်ဖျန်းမြေသြဇာနဲ့ ကူပေးရပါတယ်။ 

အာဟာရချို့တဲ့အခြေအနေ။     ။ ရွက်ဖျန်းမြေသြဇာတွေ သုံးတဲ့အခါမှာဆိုရင်တော့ အပင်တွေက အာဟာရကို လျင်လျင်မြန်မြန်ရစေနိုင်ပါတယ်။ အဲ့အချက်ကြောင့် ကိုယ့်အပင်တွေမှာ အာဟာရချို့တဲ့တဲ့လက္ခဏာ ပြတဲ့အခါမှာ အပင်ကို ရွက်ဖျန်းမြေသြဇာတွေ ကျွေးပေးလို့ ရပါတယ်။ ကျွေးကြပါတယ်။ 

အပင်ကြီးထွားမှုအဆင့်အလိုက်။    ။ အစေ့ပေါက်ချိန်၊ မြစ်ပွားချိန်၊ ပင်ပွားစီးချိန်၊ ကြီးထွားချိန်၊ ပန်းပွင့်ချိန် စတဲ့ အဆင့်တွေအလိုက် အပင်တွေက အာဟာရလိုအပ်ပုံခြင်း မတူတော့ တစ်ဆင့်ချင်းစီအလိုက် အပင်တွေလိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးစေချင်တဲ့အတွက်မို့ ရွက်ဖျန်းမြေသြဇာကို သုံးကြပါတယ်။ 

ရွက်ဖျန်းမြေသြဇာတွေ သုံးရင်

အကန့်ရှိတယ်။    ။ တစ်ကြိမ်တစ်ခါဖျန်းလိုက်တာနဲ့တင် သူက ပြည့်စုံသွားတာမဟုတ်ပါဘူး။ လိုတော့ လိုအပ်နေတုန်းပါပဲ။ 

နေရောင်နဲ့ မတည့်။    ။ မတည့်ဘူးဆိုတာကတော့ တစ်ခါတစ်လေမှာ အရွက်တွေ လောင်တာတွေ ဖြစ်တတ်ပါတယ်။ နေရောင်ထွက်လာရင် ဖျန်းထားတဲ့ဆေးတွေထဲက ရေတွေက အငွေ့ပျံသွားပြီးတော့ ဆေးတွေက အရွက်တွေပေါ်မှာ ကျန်ခဲ့တာကြောင့်မို့ နေရောင်နဲ့ ပေါင်းပြီးတော့ အပင်ကို လောင်စေတတ်ပါတယ်။ 

ကုန်ကျစရိတ်များ။      ။ အကန့်ရှိတာနဲ့ နေရောင်မတည့်တာကြောင့် နည်းနည်းနဲ့ ခဏခဏ ဖျန်းပေးရတဲ့အတွက်ကြောင့်မို့ပဲ ကုန်ကျစရိတ်ကလည်း တက်လာပါတယ်။ 

ဒါဆို အကျိုးရှိအောင် ဘယ်လို ဖျန်းပေးရမလဲ 

မြေချဉ်ငံကိန်း။     ။ မြေချဉ်ငံကိန်းက ညီမျှ မျှတနေမှ ရွက်ဖျန်းမြေသြဇာက စိမ့်ဝင်အား ပိုကောင်းတာဖြစ်ပါတယ်။ မြေချဉ်ငံကိန်းက ရွက်ဖျန်းမြေသြဇာကို ဘယ်လို သက်ရောက်မှု ရှိလဲဆိုတော့ 

(၁) အရွက်မျက်နှာပြင်ပေါ်က ဖယောင်းလွှာကို သက်ရောက်ပါတယ်။ 

(၂) မြေချဉ်ငံကိန်းက အာဟာရ အိုင်းယွန်းပျော်ဝင်မှုတွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ စိမ့်ဝင်နိုင်အားကို လျှော့ချပေးနိုင်ပါတယ်။

(၃) မြေချဉ်ငံကိန်းဟာ ဆေးလောင်တာကိုလည်း ဆုံးဖြတ်ပေးနိုင်ပါတယ်။ 

စွဲကပ်ဆေး။     ။ ခုတော့ဆိုင်တော်တော်များများမှာ ရနေပါပြီ။ ဆပ်ပြာရည်ကိုလည်း စွဲကပ်ဆေး အနေနဲ့ သုံးလို့ရပါတယ်။ အဲ့လို စွဲကပ်ဆေး သုံးထားတော့ အပင်တွေမှာ ပိုပြီးတော့ ကပ်ပေးထားပြီးတော့ ဆေးဝင်အားကို ပိုကောင်းစေပါတယ်။ 

အချိန်။      ။ ဆေးသုံးဖို့ အကောင်းဆုံးအချိန်ကတော့ မနက်ပိုင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပင်ရဲ့ အရွက်မျက်နှာပြင်တွေမှာရှိတဲ့ စတိုမာတာဆိုတဲ့ လေဝင်လေထွက်ပေါက် ရေဝင်ရေထွက်ပေါက်လေးတွေ ပွင့်တဲ့အချိန်ဖြစ်လို့ပါ။ ရွက်ဖျန်းမြေသြဇာတွေကို အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက် (၂၇ ဒီဂရီ ဆဲလ်စီးယပ်) ကျော်ရင် မဖျန်းသင့်ကြောင်းကို အကြံပေးထားပါတယ်။ 

ဆေးရည်အရွယ်အစား။    ။ ဒါကတော့ ဘယ်သူကမှ သိပ်ထည့်မတွက်ကြတဲ့ အထဲမှာပါပါတယ်။ အပေါက်မပိတ်အောင် အဆင်ပြေတဲ့ခေါင်းနဲ့ ဆေးဖျန်းနေကြရတာ များပါတယ်။ ဆေးမှုန်လေးတွေသေးလေးလေ ကားထွက်ပြီး များများကိုရောက်လေလေပါပဲ။ ဒါပေမဲ့ အငွေ့လိုလို ဖြစ်သွားလောက်တဲ့အထိတော့ သေးဖို့မသင့်ပါဘူး။

ပမာဏ။     ။ ဘယ်လောက်ထိ သုံးရမလဲဆိုတော့ အပင်တွေရဲ့ မြေပေါ်ပိုင်း ဧရိယာကို စိုစွတ်ရုံလောက်ဆို ရပါပြီ။ ဒီထက်များသွားတဲ့အခါ ရေစက်လေးတွေဖြစ်ပြီးတော့ အပင်ပေါ်ကနေ မြေပေါ်ကိုကျသွားမှာဖြစ်ပါတယ်။

    ကဲ ဒါဆိုရင်တော့ ရွက်ဖျန်းမြေသြဇာကို သုံးတော့မယ်ဆိုရင်  ဘာတွေလိုလဲ ဘယ်လိုဖျန်းသင့်လဲဆိုတာကို သိသွားလောက်ပြီဆိုရင်တော့ လိုက်လုပ်ကြည့်ပြီး အကျိုးများထူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။  

ထွန်းဝင်းကျော်

https://www.smart-fertilizer.com/articles/foliar-feeding

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်