နီမတုတ်တွေ ဘယ်လိုကာကွယ်မလဲ

04/02/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဓာတုနည်းအားဖြင့် 

ဓာတုဆေးသုံးတာက နီမတုတ်အကောင်ရေကို လျော့ကျအောင်ပဲ လုပ်ပေးနိုင်တာဖြစ်ပြီးတော့မှ အကုန်လုံးကိုတော့ သေသွားစေတာမဟုတ်ပါဘူး။ ဒါပေမဲ့ သုံးရင်တော့ ပွားများလာတာကိုမလိုချင်ဘူး အချိန်တစ်ခုအထိ ဒီအကောင်ရေကိုပဲ ထိန်းထားချင်တယ်ဆိုရင်တော့ နီမတုတ်သတ်ဆေးတွေကို သုံးကြပါတယ်။ ဒါပေမဲ့ ဓာတုနည်းကတော့ ကောင်းကျိုးနဲ့အတူ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။

စိုက်ပျိုးတဲ့နည်းလမ်း

သီးလှည့်စိုက်ခြင်း

နီမတုတ်ကလည်း ရှိနေတယ်။ ကိုယ်စိုက်ချင်တာကလည်း သူတို့ကြိုက်တဲ့ အပင်တွေချည်းပဲဖြစ်နေတယ်ဆိုရင် သီးလှည့်စိုက်ပါ။ ထိခိုက်မှုများတဲ့ သီးနှံတွေဖြစ်တဲ့ ခရမ်းပင်လိုမျိုး၊ ခါကျက်ဥလိုအပင်တွေ စိုက်ပြီးရင် နည်းနည်းခံနိုင်ရည်ရှိတဲ့ ဟင်းနုနွယ်လိုအပင်မျိုး၊ ပြောင်းချိုလိုမျိုး၊ မုန်ညှင်းပင်လိုမျိုး အပင်တွေကို တစ်လှည့်စိုက်ပါ။ အဲ့လို စိုက်ပေးခြင်းအားဖြင့် နီမတုတ်ကောင်ရေတွေကို လျော့ချပေးနိုင်ပါတယ်။ အပင်တွေကို တိုက်ခိုက်မှုကိုလျော့ကျစေပါတယ်။ ဒါပေမဲ့ အုပ်စုတူသီးနှံတွေကိုပဲ သီးလှည့်စိုက်နေတယ်ဆိုရင်တော့ အဆင်သိပ်ပြေမှာမဟုတ်ပါဘူး။ ခုချိန်မှာတော့ နီမတုတ်သီးနှံတွေကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေ ထွက်နေပါပြီ။ အဲ့လိုတွေကို သုံးပြီးတော့ စိုက်ပျိုးလို့ရပါတယ်။ 

နေရာပြောင်းရွေ့ခြင်း

အိမ်မှာစိုက်တဲ့ ဥယျာဉ်တွေလိုဆိုရင်တော့ လွယ်မှာပါ။ နေရာပြောင်းစိုက်လိုက်တယ် ဆိုတာပါပဲ။ အိုးပြောင်းစိုက်လိုက်တယ်ဆိုတာမျိုး၊ မြေဆွေးအသစ်ပြန်စပ်ပြီးတော့ လဲလိုက်တာမျိုးနဲ့ နီမတုတ်ကိုထိန်းချုပ်တာမျိုးတွေ လုပ်ကြပါတယ်။ အဲ့လိုလုပ်ကြတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ 

အချိန်ပြောင်းစိုက်ပျိုးခြင်း

ကိုယ့်စိုက်ခင်းမှာ နီမတုတ်တွေက ကျတဲ့အချိန်ကို သိပြီးသားဖြစ်တဲ့အတွက် အဲ့အချိန်ကိုရှောင်ပြီးတော့ ရိတ်သိမ်းလို့ရတဲ့ သီးနှံတွေကိုစိုက်ပါ။ အမြစ်ကြာရှည်ရှိနေတဲ့ အခင်းတွေဆိုရင် နီမတုတ်တွေက ပိုကြိုက်တာကြောင့် နီမတုတ်တွေ တိုက်ခိုက်နိုင်တဲ့ အမြင့်ဆုံး အချိန်မရောက်ခင်မှာ ရိတ်လို့ရတဲ့ (ဆလပ်၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲ စတဲ့) သီးနှံတွေလို ကို စိုက်ပေးပါ။ အဲ့လိုဆိုရင် နီမတုတ်တွေကို လျော့ချပေးနိုင်ပါတယ်။

အမြစ်ကျန်တွေ

နီမတုတ်တွေက မြေထဲမှာကျန်တဲ့ အမြစ်တွေမှာ မှီခိုနေထိုင်ပြီးတော့ ရှင်ကျန်နေနိုင်ပါတယ်။ အဲ့လိုဆိုတော့ ကျန်နေတဲ့အမြစ်မျိုးတွေကို ဖျက်ဆီးတာက နီမတုတ်တွေကို လျော့ချနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

အော်ဂဲနစ်ပစ္စည်းတွေ

သန်စွမ်းကျန်းမာတဲ့အပင်တွေမှာ ခံနိုင်ရည်ဆိုတာ ရှိပြီးသားဖြစ်ပါတယ်။ အဲ့တော့ အပင်တစ်ပင်သန်စွမ်းကျန်းမာအောင်လို့ အော်ဂဲနစ်ပစ္စည်းတွေ ထည့်ပေးတာမျိုးက တကယ်ကိုအဆင်ပြေတဲ့နည်းလမ်း ဖြစ်ပါတယ်။ သဘာဝကဖြစ်တဲ့ အော်ဂဲနစ်မြေဆွေးတွေထဲမှာ အကျိုးပြုအဏုဇီဝသက်ရှိတွေပါပါတယ်။ နီမတုတ်တွေကိုသတ်နိုင်တဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေလည်း ပါတဲ့အပြင်ကို အပင်တွေအတွက် အာဟာရတွေကို ထောက်ပံ့ပေးနိုင်တာကြောင့်မို့ အပင်တွေအတွက် ကောင်းကျိုးတွေများစေပါတယ်။ ဒါပေမဲ့ ကောင်းကောင်းဆွေးတဲ့ မြေဆွေးတွေကိုသုံးဖို့ ဖြစ်ပါတယ်။ ကောင်းကောင်းမဆွေးတဲ့ မြေဆွေးတွေကိုသုံးရင် ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေလည်း ပါနိုင်တာကြောင့်ဖြစ်ပါတယ်။ 

မြေသန့်စင်ခြင်း

အပူချိန်မြင့်မြင့်က မြေသားထဲက နီမတုတ်နဲ့ တစ်ချို့ အပင်ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကို ထိန်းချုပ်နိုင်ပါတယ်။ မြေကြီးပေါ် ကောက်ရိုးလိုမျိုး မြေဖုံးသီးနှံတွေထည့်ပြီးတော့ အပေါ်ကနေ ပလတ်စတစ်အုပ်လိုက်တာမျိုး နည်းလမ်းတွေက မြေသားကို အပူချိန်တွေမြင့်တက်စေပါတယ်။ ပေါင်းပင်တွေကို သေစေဖို့ လုပ်တဲ့နည်းလမ်းနဲ့ တူတူပါပဲ။ နီမတုတ်တွေအတွက်ဆိုရင်တော့ အပူချိန် ၃၇ ကနေ ၅၂ ဒီဂရီစင်တီဂရိတ်နဲ့ လချီပြီးတော့ ပေးထားရမှာဖြစ်ပါတယ်။ အဲ့လိုလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံး ရလဒ်ကိုရမှာပါ

မြေကိုမှိုင်းတိုက်ခြင်း

ချစ်တီးပန်းလိုမျိုး၊ မုန်ညှင်းလိုမျိုးအပင်တွေကို စိုက်ထားပေးမယ်ဆိုရင် မြစ်ဖုနီမတုတ်တွေကို လျော့ချနိုင်ပါတယ်။ မုန်ညှင်းစေ့တွေကို သိပ်သိပ်သည်းသည်းစိုက်မယ်။ ပန်းပွင့်ချိန်ကျတော့မှ မြေထဲကို ထည့်ပေးပါ။ မြေကို အစိုဓာတ်ရှိအောင်ထားပြီးတော့ မုန်ညှင်းကနေ ဆွေးတဲ့အချိန်မှာထုတ်လွှတ်တဲ့ ဓာတ်တွေကြောင့်မို့ နီမတုတ်တွေကို လျော့ချနိုင်သွားမှာပါ။ 

ချစ်တီးပန်းပင်တွေကိုလည်း အနည်းဆုံး (၂) လလောက်ကြာအောင်စိုက်မယ်။ (၃)လနဲ့ (၄)လကြာ အချိန်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ပေါင်းပင်တွေထွက်လာရင် ပေါင်းပင်တွေက နီမတုတ်တွေရဲ့ လက်ခံအစာတွေဖြစ်နိုင်တာကြောင့် ပေါင်းပင်တွေ မထွက်အောင်လို့ မျိုးစေ့ကို ခပ်စိပ်စိပ်စိုက်ခိုင်းတာပါ။ သူတို့ရဲ့ အမြစ်တွေက နီမတုတ်တွေရဲ့ ဥ ဥတာကို နှောက်ယှက်နိုင်တဲ့ ဓာတုထုတ်လွှင့်မှုတွေ လုပ်ပါတယ်။ 

ခုတော့ နီမတုတ်တွေကို ဘယ်လိုကာကွယ် တားဆီးနှိမ်နင်းနိုင်မလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ တောင်သူဦးကြီးတွေ အကျိုးများကြပါစေ။

ထွန်းဝင်းကျော်

https://www.agric.wa.gov.au/nematodes/nematodes?page=0%2C1

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်