စပါးပိုးလောင်မီး/ကျောက်ဆူးပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

05/03/2020 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ အောက်ဖက်ကအရွက်အခွံကိုသာ ချန်ထားကာ စပါးရွက်ပြားများရဲ့ အပေါ်ဖက်မျက်နှာပြင်ကို ခြစ်ယူစားသောက်ပါတယ်။

    ၄င်းဟာ အရွက်တစ်ရှူးကတစ်ဆင့်လည်း လှိုဏ်ခေါင်းပြုလုပ်ပါတယ်။ ဖျက်ဆီးမှု ဆိုးဝါးလျှင် စပါးပင်တွေဟာ ကြံ့ခိုင်မှုနည်းသွားကြပါတယ်။

    တစ်ဆင့်ခံလက်ခံပင်အဖြစ် စပါးခင်းထဲနှင့် စပါးခင်းအနီးက မြက်မျိုးနွယ်ဝင် ပေါင်းတွေရှိတာဟာ ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။ မြေသြဇာအလွန်အကျွံသုံးတဲ့ စပါးခင်းတွေဟာလည်း ဒီဖျက်ပိုးဖျက်ဆီးမှုကို အားပေးပါတယ်။

    မိုးဦးရာသီ ဒါမှမဟုတ် အစောဆုံးမုတ်သုန်ကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုံမမှန်တဲ့ မြူနှင်းကျဆင်းမှုနည်းတာ၊ နေ့ရက်ပေါင်းများစွာ အနိမ့်ဆုံးနေ့ညအပူချိန်ကွာခြားချက်နဲ့ စိုထိုင်းဆမြင့်မားတာဟာ ဒီဖျက်ပိုးပေါများမှုကို အခြေအနေပေးပါတယ်။

    စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ မိုးရေသောက်နဲ့ ရေသွင်းလယ်တွေမှာ အတွေ့ရများပြီး မိုးရာသီမှာ ပိုပြီးပေါများစွာ တွေ့ရပါတယ်။

အမျိုးအစားခွဲခြားခြင်း

    အောက်ပါဖျက်ဆီးမှုများကို စစ်ဆေးပါ။

    • အောက်ဖက်အပေါ်ယံအရွက်အခွံကို ရွက်လယ်ရိုးနှင့်အပြိုင် အဖြူရောင်စင်းကြောင်းများအဖြစ် ကျန်ရစ်ပြီး စပါးရွက်ရွက်ပြားရဲ့အပေါ်ဖက်မျက်နှာပြင်ကို ခြစ်စားခြင်း 

    • စပါးရွက်တစ်ရှူးကတစ်ဆင့် လောက်ကောင်တွေရဲ့ လှိုဏ်ခေါင်းပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရွက်ကြောနဲ့အပြိုင် ပုံသဏ္ဌာန်မမှန်တဲ့ အလင်းဖောက်နိုင်တဲ့ အကွက်များရှိခြင်း 

    • ဖျက်ဆီးခံထားရတဲ့ စပါးရွက်များ ညှိုးနွမ်းသွားခြင်း 

    • အဖြူရောင်သန်းပြီး အမျှင်များတဲ့ စပါးရွက်များဖြစ်လာခြင်း 

    ဆိုးဝါးစွာဖျက်ဆီးခံရပါက စပါးခင်းဟာ မီးလောင်သလိုဖြစ်သွားပါတယ်။

    စပါးပိုးလောင်မီး/ကျောက်ဆူးပိုး စားသောက်ဖျက်ဆီးပုံဟာ လှေးကျိုင်းဖျက်ဆီးပုံနဲ့ သဏ္ဍာန်တူပါတယ်။ ဖျက်ဆီးပုံလက္ခဏာကို အတည်ပြုဖို့ အင်းဆက်ရှိမရှိနဲ့ စားသောက်ပုံဝိသေသလက္ခဏာတွေဖြစ်တဲ့ ရှည်မျောမျော ရှင်းလင်းတဲ့ စားသောက်ပုံလက္ခဏာနဲ့ ရွက်ကြောတွေနဲ့အပြိုင် အောက်ဖက်ရွက်ခွံအကြားက မစားရသေးတဲ့ အဖြူရောင်စင်းကြောင်းတွေကို စစ်ဆေးပါ။

စီးပွားရေးအရအရေးကြီးပုံ

ဒီဖျက်ပိုးဟာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြဿနာဖြစ်နေပါတယ်။ မှတ်တမ်းတွေအရ ၄င်းဟာ ဧရိယာအများကြီးကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်း ၂၀% အထိ ဆုံးရှုံးနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း 

    မြေသြဇာအလွန်အကျွံမသုံးပါနဲ့။ အပင်စိပ်စိပ်စိုက်ပါ။ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။ ရွက်ထိပ်ညွန့်များကို ရွှံ့နွံထဲ မြှုပ်ပါ။

    နဂျီကောင်ငယ်များဟာ ဒီဖျက်ပိုးရဲ့ဥတွေနဲ့ လောက်ကောင်တွေကို စားပါတယ်။ ရယ်ဒူဗစ်ဒ် ကြမ်းပိုးဟာ အရွယ်ရောက်ကောင်တွေကို စားပါတယ်။ အရွယ်ရောက်ကောင်တွေကို တိုက်ခိုက်တဲ့ မှိုရောဂါ (၃) မျိုးလည်းရှိပါတယ်။ 

    အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

- အဆီဖိတ် (Acephate)

- ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်