ဖရဲသီး အက်ကွဲတာကို ဘယ်လိုကုစားမလဲ?

22/11/2019 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖရဲသီးများတွင် အသီးအက်ကွဲခြင်းကို အနည်းနှင့်အများ တွေ့ရပါသည်။ အသီးအက်ကွဲရခြင်း ဆိုသည်မှာ အသီး၏ အပြင်ဖက် အခွံသားကွဲအက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အသီးကွဲအက်ရခြင်း အကြောင်းအရင်းများမှာ အသီးဖွံ့ဖြိုးချိန်တွင် ရေပမာဏ မြောက်မြားစွာကို လျင်မြန်စွာ စုပ်ယူခြင်းသည် ပထမအချက်ဖြစ်ပါသည်။  အသီးဖွံ့ဖြိုးချိန်တွင် ရေပမာဏများစွာ စုပ်ယူခြင်းကြောင့် အသီးမအက်ကွဲလျှင်ပင် အသီးအရည်အသွေး လျော့ကျခြင်းနှင့် အသီးရင့်မှည့်ချိန် နှောင့်နှေးတတ်သည်။ ပုံမမှန်သော မိုးရွာသွန်းမှု သို့မဟုတ် ရေသွင်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ အသီးဖွံ့ဖြိုးချိန်၌ နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံအသုံးပြုခြင်း၊ အသီးကို ပုံမှန်မဟုတ်ဘဲ ကြီးထွားစေခြင်း၊ စိုထိုင်းဆများခြင်း၊ အသီးခွံပါးသောမျိုးများစိုက်ပျိုးခြင်း၊ နေ့အပူချိန်နှင့်ညအပူချိန် ကွာဟမှုများခြင်း စသော အချက်များသည် အသီးအက်ကွဲခြင်းကို ဖြစ်စေသည်။ 

ကုစားခြင်း

အသီးဖွံ့ဖြိုးချိန်နောက်ပိုင်းတွင် ရေအလွန်အကျွံသွင်းခြင်းကို ရှောင်ပါ။ အသီးအက်ကွဲခြင်းကို ကာကွယ်ရာတွင် အရေးကြီးသော အာဟာရဓာတ် (၃) မျိုး ရှိသည်။ ၎င်းတို့မှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် ဘိုရွန်တို့ဖြစ်ကြသည်။

ပိုတက်ဆီယမ်

အသီးအခွံကို ထူထဲစေပြီး အသီးအက်ကွဲခြင်းကို လျှော့ချပေးနိုင်သလို သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးနိုင်တာကိုလည်း လျှော့ချပေးပါသည်။

ကယ်လ်ဆီယမ်

အသီးအက်ကွဲခြင်းကို ကာကွယ်ရန် ဘိုရွန်နှင့်အတူ ကယ်လ်ဆီယမ်ကိုလည်း လုံလောက်စွာ ကျွေးပေးဖို့လိုသည်။ ကယ်လ်ဆီယမ်ပမာဏများခြင်းသည် ကလပ်စည်းနံရံများကို ထူစေပြီး အသီးကို ကျစ်လျစ်သန်မာစေပါသည်။ 

ဘိုရွန် (B)

အသီးအခွံပိုမိုကျုံလွယ်ဆန့်လွယ်ဖြစ်စေပြီး အသီးအက်ကွဲခြင်းကိုလျော့ကျစေကာ ကြာရှည် သိုလှောင်နိုင်သည်။ အသီးကြီးထွားချိန်တွင် ဘိုရွန်ဓာတ်ချို့တဲ့ပါက သို့မဟုတ် ရေပမာဏများကို ပုံမှန် မဟုတ်ဘဲ သွင်းပေးခြင်းသည်  အသီးအတွင်းပိုင်း အက်ကွဲခြင်းကို ဖြစ်စေသည်။ 

ဒေါက်တာကိုကို


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်