COVID-19 ကာလမှာ ဘယ်လိုပိုးသတ် သန့်စင်ကြမလဲ

21/04/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

COVID-19 ကပ်ရောဂါဆိုးဖြစ်နေချိန်မှာ လူတိုင်းက ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီကြတာဝမ်းသာစရာပါ။ ကျန်းမာရေးဝန်ထမ်းတွေပဲ မဟုတ်ဘဲ အားလုံးက တစ်တပ်တစ်အား ကူညီနေတာက အားရစရာကောင်းပါတယ်။ ဒီတလောမှာ မကြာမကြာ ကြားနေရတာက ရပ်ကွက်တွေ၊ လမ်းတွေမှာ ပိုးသတ်ဆေးဖျန်းတဲ့ ကိစ္စပါ။ ဒါလည်း ကောင်းပါတယ်။ မတော် ကိုယ့်ပတ်ဝန်းကျင်မှာ ပိုးရှိပြီးသားဆိုရင် သေသွားတာပေါ့။ ဆေးရုံတွေမှာတော့ ပုံမှန်ပိုးသတ်ဆေးဖျန်း၊ ပိုးသတ်ဆေးတွေ သုံးပြီး ကြမ်းတိုက်နေကြမို့လို့ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခု ပတ်ဝန်းကျင်မှာပါ သုံးလာပြီဆိုတော့ ဒါနဲ့ ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ပြောပြသွားပါ့မယ်။

ဘာ ပိုးသတ်ဆေးတွေ သုံးလို့ရလဲ။

လတ်တလော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာက သုံးမျိုးရှိပါတယ်။

    • 0.1% hypochlorite solution

    • 70% ethyl alcohol spray

    • ဆပ်ပြာရည် စတာတွေပဲ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်လိုဖျော်မလဲ။ ဘယ်နေရာတွေမှာ သုံးမလဲဆိုတာ ဆက်ကြည့်ရအောင်။

0.1% hypochlorite solution

0.1% hypochlorite solutionက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို သေစေတာကြောင့် ဒီ COVID-19 ကာလမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ပိုးသတ်ဖို့ သုံးနိုင်ပါတယ်။

    • ဘယ်နေရာတွေမှာ အသုံးပြုနိုင်လဲ။

-ခန်းမတွေ၊ ရုံးတွေ၊ ကွန်ကရစ်/ သမံတလင်း ခင်းထားတဲ့ ကြမ်းပြင်တွေ၊ ကော်ရစ်ဒါများ (လူသွားစင်္ကြန်)၊ ကတ္တရာနဲ့ ကွန်ကရစ်လမ်းများတွင် အသုံးပြုနိုင်သည်။

-ဂေဟစနစ် မပျက်စီးစေရန် မြေပြင်ပေါ်သို့ တိုက်ရိုက် မဖျန်းရပါ။

-မြေသားလမ်းတွင် အသုံးမပြုရပါ။

    •    ဘယ်လိုဖျော်ကြမလဲ။

အသုံးပြုလို့ရတဲ့ 0.1% hypochlorite solution (1000ppm) ရဖို့ဆိုရင်

(၁) ချွတ်ဆေးအရည် (5% sodium hypochlorite) ကို အသုံးပြုပါက

ဆေးရည် 1 : 50 ရရှိရန် ရေတစ်လီတာတွင် ဆေးရည် (20ml) {လက်ဖက်ရည်ဇွန်း ၄ဇွန်း} ထည့်၍ ဖျော်စပ်ပါ။

(၂) ချွတ်ဆေးအမှုန့် Bleaching powder (35% calcium hypochlorite) ကို အသုံးပြုပါက

ချွတ်ဆေးအမှုန့် ထမင်းစားဇွန်းရှည် မောက်မောက် ၂ဇွန်း (28 gram)နဲ့ ရေတစ်လီတာ အရင် ရောပါ။ ပြီးရင် ရေ ၉လီတာ ထပ်ရောပါ။

*သတိထားရမှာက ဖျော်ပြီး ၂၄နာရီအတွင်း သုံးရပါမယ်။ ၂၄နာရီကျော်သွားရင် အာနိသင် လျော့လာပါတယ်။

    •   ပိုးသတ်ရာတွင် လိုက်နာရမည့် အချက်များ

-ဆေးဖျန်းပြီး ၁၀မိနစ်ကြာရင် ကြမ်းပြန်တိုက်ရပါမယ်။

-ရုံး/အလုပ်နေရာတွေမှာ လူကိုယ်နဲ့ ကလိုရင်းနဲ့ တိုက်ရိုက်မထိတွေ့ဖို့ ရုံး/အလုပ်ဆင်းချိန်များတွင်သာ ပိုးသတ်ဆေးဖြန်းသင့်ပါတယ်။

-တစ်နေ့တစ်ကြိမ်ဆေးဖျန်းတာက ပိုးသတ်ဖို့ လုံလောက်ပါတယ်။

-ဆေးပုံးကြောင့် ခါးမနာစေဖို့ တစ်ခါသယ်ရင် ၁၀လီတာထက် ပိုမသယ်ပါနဲ့။

-လူတွေရဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နိုင်သော ပရိဘောဂတွေ၊ ပစ္စည်းတွေပေါ်ကို ဆေးရည်မကျရောက်ရန် သတိပြုရပါမယ်။ မတော်တဆ ပေသွားရင်လည်း ရေစိုဝတ်နဲ့ ပြန်လည်သန့်စင်ပြီးမှ သုံးရပါမယ်။

-ကလိုရင်းက သတ္တုတွေကို စားနိုင်တာကြောင့် သတ္တုမျက်နှာပြင်ပေါ်တွင် မသုံးသင့်ပါ။

-ဆေးဖျန်းမယ့်သူတွေက လက်ရှည်အင်္ကျီ၊ အကာအကွယ်မျက်မှန်၊ ပါးစပ်နဲ့ နှာခေါင်းစည်း၊ ခေါင်းစွပ်၊ လက်အိတ်အထူအရှည်နဲ့ လည်ရှည်ဖိနပ် စတဲ့ တစ်ကိုယ်ရည်သုံးအကာအကွယ်ပစ္စည်းတွေ ဝတ်ပြီးမှ ဖျန်းသင့်ပါတယ်။

    •   Hypochlorite ရဲ့ ဘေးထွက်ဆိုးကျိုးများ

-ရေထဲရောက်လျှင် ရေနေသတ္တဝါများကို သေစေနိုင်တဲ့အတွက် သုံးပြီးရင်လည်း စနစ်တကျ စွန့်ပစ်ရပါမယ်။

-သတ္တုတွေကို စားလောင်စေလို့ သတ္တုမျက်နှာပြင်နဲ့ မထိအောင် ဂရုစိုက်ရပါမယ်။

-အရေပြားကို ထိခိုက်စေခြင်း

-မျက်စိကို အခိုးရိုက်ခြင်း

-အငွေ့ကို ရှူမိပါက အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်း

-ပါးစပ်ထဲကို ဝင်ရင် အာခေါင်၊ ခံတွင်းတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဝတ်စုံဝတ်ပြီးမှ ဖျန်းရပါမယ်။ သူများကို မထိအောင်လည်း ဂရုစိုက်ရပါမယ်။ တခြားသော ပိုးသတ်ဆေးတွေနဲ့လည်း ရောမသုံးသင့်ပါဘူး။

70% ethyl alcohol spray

ကလိုရင်းက သတ္တုမျက်နှာပြင်ကို စားလောင်စေတဲ့အတွက် သူတို့ကို ပိုးသတ်မယ်ဆိုရင် 70% ethyl alcohol spray ဖျန်းပြီး ၁ မိနစ်ကြာရင် အဝတ်နဲ့ ပြန်သုတ်ကာ ပိုးသတ်နိုင်ပါတယ်။

ဆပ်ပြာရည်

Hypochlorite solution သည် လူနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ ကာကွယ်ရေး ဝတ်စုံမရှိတဲ့ သာမန်လူတွေ၊ ကလိုရင်း မသုံးတတ်သူတွေ အနေနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ ဆပ်ပြာရည်နဲ့ အရင်ကြမ်းတိုက်ပြီး ၁၀မိနစ်မှ မိနစ် ၃၀ အကြာတွင် ရေစိုအဝတ်နဲ့ ပြန်လည် ပွတ်တိုက်ပြီး ပိုးသတ်နိုင်ပါတယ်။

ရေးသားသူ- Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr Thurein Hlaing Win

Hello ဆရာဝန် website မှ ပြန်လည်ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်