ငါးအငယ်စားလေးများနှင့် ပြုလုပ်ကြသောရိုးရာအစားအစာ ပါစွန်ပြုလုပ်နည်း

25/01/2022 19:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးတောင်စင်း၊ ငါးစရစ်၊ ငါးလက်ကပ်၊ ဒေါင်းပဆိပ်၊ ငါးမြီးထောင်စတဲ့ ငါးအငယ်စားလေးများထဲမှ နှစ်သက်ရာငါးတစ်မျိုးမျိုးဖြင့် ပြုလုပ်ကြသော ပါစွန်မှာ အနောက်ပိုးကရင်တို့၏ ရိုးရာအစားအစာ တစ်မျိုးလည်းဖြစ်ပါသည်။

ပါစွန် ပြုလုပ်သောငါးမှာ ကလေးငယ်၏လက်သန်းမျှရှိသော ငါးအငယ်စားတစ်မျိုးမျိုးနှင့် ပြုလုပ်လေ့ရှိကြပါသည်။ အနောက်ပိုးကရင်တို့ကမူ ပါစွန်ကို ငါးမြီးထောင်ငါးသေးသေးလေးနှင့်ပြုလုပ်ကြပြီး ထိုငါးလေး၏အရောင်မှာ မည်းနက်နေပြီး ရွံ့နွံ ထူထပ်သောအရပ်နှင့် သစ်ရွက်ဆွေးများရှိသောအရပ်တွင် အုပ်စုဖွဲ့နေတတ်ကြပါသည်။ ငါးပုံသဏ္ဍန်မှာ အရုပ်ဆိုးသည်ထင်ရသော်လည်း ငါးကျောက်ဖားကဲ့သို့ပင် အလွန်ချိုသဖြင့် အမြင်ဆိုးသော်လည်း အမျိုးကရွှေဟူ၍ တင်စားခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။ ထို့ပြင် ငါးမြီးထောင်ငါးဖြင့် ပြုလုပ်သော ငါးပိမှာလည်း မွှေးဆိမ့်ပြီး ရှားပါး၍စျေးကြီးကြောင်း ဒေသခံများ ပြောပြချက်အရသိရပါသည်။

ပါစွန်ပြုလုပ်ဖို့အတွက်ဆို ငါးအငယ်စား(တစ်မျိုးမျိုး)၊ ဆန်ကွဲ၊ ဆားနှင့် ငှက်ပျောဖက်(သို့) တောင်စွန်ဖက်တို့ လိုအပ်ပါသည်။ ဆန်ကွဲကိုလှော်ရပါသည်။

ပြုလုပ်နည်းမှာ-

၁။ ငါးတောင်စင်း(သို့)ငါးမြီးထောင်(သို့) ငါးအငယ်စားတစ်မျိုးမျိုးတို့ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။

၂။ ရေစစ်ပြီးသော ငါးလေးများကို ဆားအနည်းငယ်နှင့်နီရဲအောင်လှော်ထားသော ဆန်ကွဲတို့ဖြင့် ရောနယ်ရပါမည်။ (တစ်ချို့မှာ ဆန်ကွဲအစိမ်းကိုသုံးကြပါသည်။)

၃။ ပြီးလျှင် ငှက်ပျောဖက်(သို့)တောင်စွန်ဖက်များဖြင့် လေလုံအောင် တင်းကျပ်စွာ ထုပ်ပိုးထားရပါမည်။

၄။ ၃ရက်ပြည့်သောအခါ စား၍ရသော ပါစွန်ချဥ်ကို ရပြီဖြစ်ပါသည်။

ပါစွန်ချဥ်ကို ကြက်သွန်နီ ပါးပါးလှီး၍ ပဲဆီမွှေးမွှေးဆမ်းကာ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံတို့ဖြင့် သုပ်စားကြပါသည်။ အရသာချဥ်ချဥ်ဆိမ့်ဆိမ့်မွှေးမွှေး ပါစွန်ချဥ်သုပ်နှင့် ပီလောရွက်ဟင်းချိုကို ပင်စိမ်းလေးခပ်ပြီး တွဲဖက်စားသောက်ပါက အလွန်ထမင်းမြိန်လှပါသည်။ ပါစွန်ချဥ်သည် ခံတွင်းပျက်နေသူများ၊ အစာအိမ်မကောင်းသူများအတွက် ဆေးတစ်ခွက်လည်း ဖြစ်ပါသည်။

မှီငြမ်း-နော်ဒိုင်းနာ(ကော့လှိုက်)၏ရိုးရာအစားအစာ ပါစွန် ပြုလုပ်နည်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်