ဆပ်ပြာနဲ့ သဘာဝ ပိုးသတ်ဆေး ဘယ်လိုလုပ်မလဲ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သဘာဝ ပိုးသတ်ဆေး ဆိုတာက လူနဲ့တိရစ္ဆာန်တွေကို အန္တာရယ်မဖြစ်စေဘဲ ရေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတာမျိုးပါ။ သဘာဝ ပိုးသတ်ဆေးလုပ်ဖို့ ရေနဲ့ ဆပ်ပြာသာ လိုပါတယ်။

ကဲ….. လုပ်ကြည့်ကြရအောင်။

လုပ်ပုံလုပ်နည်းလေးကို ပြောပြပါ့မယ်။

ဆပ်ပြာရည် ၂၉.၆ မီလီလီတာ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ကို ရေ ၀.၉၄၆ လီတာ ( ၁ လီတာ နီးပါး) ရောပြီး သဘာဝ ပိုးသတ်ဆေးရည်အဖြစ် သုံးနိုင်ပါတယ်။

ဒီထက်မက ပြင်းပြင်းသုံးချင်တယ်ဆိုရင်တော့ ကြက်သွန်ဖြူဥ ၁ ဥ၊ ခြေထားသော ကြက်သွန်နီ ၁ လုံး နှင့် ငရုတ်သီးခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အမှုန့်ဖြစ်အောင် ထောင်းပြီး ရောထည့်ပါ။

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ ကို အရင်ထောင်းပြီး ရေ နှင့် ရောပါ။

ငရုတ်သီးမှုန့်ကို ထပ်ထည့်ပြီး တစ်နာရီ ကြအောင်ထားပါ။

ဆပ်ပြာရည်ကို ထပ်ထည့်ပေးပြီးနောက် အရည်ကို လှုပ်ပြီး မွှေပေးပါ။

အရည်အနည်ထိုင်တဲ့အခါ အပေါ်ယံအရည်ကို ယူပြီး ပိုးသတ်ဆေးဖြန်းတဲ့ ဘူးထဲမှာ ထည့်ပြီး အပင်များကို လောင်းနိုင်ပါတယ်ခင်ဗျာ။

ရေခဲ သေတ္တာထဲတွင် ထည့်ထားရင် ၂ ပတ်ထိ သုံးနိုင်ပါတယ်။

ဆပ်ပြာအတောင့်ကို ပါးပါး လှီးပြီး ရေနည်းနည်းနှင့် ဖျော်ကာ ဆပ်ပြာရည်အဖြစ်လည်း သုံးနိုင်ပါတယ်။

ဤနည်းဟာဆိုရင် စိုက်ပျိုးရေးသမားများအတွက် အသုံးဝင်မယ်ထင်ပါတယ်။

ကျော်ဝင်းခိုင်

ဤဆောင်းပါးအား ရေးသားသူ ကျော်ဝင်းခိုင်၏ ခွင့်ပြုချက်ဖြင့် www.arakan.online ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်။

 
 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်