ဝက်စာအရေးပါပုံ နှင့် အသားတိုးဝက်စာစပ်နည်း

04/05/2022 11:15 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်စာအရေးပါပုံ နှင့် အသားတိုးဝက်စာစပ်နည်းဝက်မွေးမြူရေးလုပ်ငန်းမှာ စီးပွားဖြစ်မွေးမြူသူတွေက ဝက်ကိုစနစ်တကျမွေးမြူကြပေမယ့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေ အများစုကတော့ ဝက်မွေးတဲ့အခါ ဝက်စာကို သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကရတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းရည် စတာတွေကို တွင်တွင်ကြီး ကျွေးတတ်တာပါ။

အဲ့ဒါတွေ အပြင် ဝက်တွေကို သွားချင်ရာသွား၊ စားချင်ရာစားဆိုပြီး လွှတ်ထားတတ်ကြပါသေးတယ်။

ဝက်ဆိုတာမျိုးက လွယ်လွယ်နဲ့အစာကြေတတ်တဲ့ တိရစ္ဆာန်မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက အစာချေဖျက်နှုန်း နည်းပါတယ်။ ဒါကြောင့် ဝက်တွေစားတဲ့အစာတွေက ကျေညက်လွယ်တဲ့ အစာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။

ဖြစ်နိုင်ရင်တော့ သိပ္ပံနည်းကျထုတ်လုပ်ထားတဲ့ အစာမျိုးကို ကျွေးနိုင်ရင်အကောင်းဆုံးပေါ့။

ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်အစာစပ်ချင်ရင်တော့ ဆန်ကွဲ၊ ငါးမှုန့်၊ မြေပဲဖတ် စတာတွေပါဝင်တဲ့ ဝက်စာမျိုးကို ကိုယ်တိုင်အစာစပ်ပြီး ကျွေးမွေးနိုင်ပါတယ်။

အစာစပ်တဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အချိုးအဆအတိုင်း ရောနှောကျွေးမွေးဖို့ လိုပါတယ်။ ဒီလိုကျွေးတဲ့အခါမှာ ဝက်ရဲ့ပမာဏနဲ့ အနေအထားကို လေ့လာပြီး ကျွေးမွေးဖို့လိုအပ်ကြောင်းကို ဝါရင့်မွေးမြူရေး ပညာရှင်တွေက အကြံပေးထားပါတယ်။

ဆိုကြပါစို့။ ဥပမာ - ဇီးဝက်မတစ်ကောင်ဟာ အလေးချိန် ပေါင် ၅၀ လောက်ရှိနေမယ်ဆိုရင် ဝက်စာအနေနဲ့ ပေါင်ဝက်လောက် ကျွေးသင့်ပါတယ။ အဲ့ဒီအချိုးအစားအတိုင်း အခြေအနေကိုလိုက်ပြီးတော့ ဇီးဝက်မတွေကို ချိန်ဆကျွေးမွေးနိုင်ပါတယ်။

အစာများများကျွေးတိုင်း အသားတိုးမယ်လို့ ယူဆချက်ကလည်း မမှန်ပါဘူး။

ဟိုးအရင်တုန်းကဆို ဝက်ကြီးတွေကို အသားမပေါ်ခင် အလေးချိန်တိုးအောင်လို့ အစာတွေဖိကျွေးပြီး အသားတိုးအောင် လုပ်ကြပါတယ်။ သိထားရမှာက ဝက်တွေကို အရွယ်ရောက်တော့မှ အစာဖိကျွေးနေလည်း အသားနဲ့ သတ္တုဓာတ်တွေတိုးလာမှာမဟုတ်ပါဘူး။ အဆီတွေပဲတိုးလာမှာပါ။

ဒါကြောင့် ဝက်တွေကို ကြီးမှအစာဖိကျွေးတာမျိုးမလုပ်ဘဲ အသက်အရွယ်အလိုက် စနစ်တကျ အစာကျွေးဖို့လိုအပ်ပါတယ်။ ဝက်တွေကို အသားတိုးစေချင်ရင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အသားဓာတ်(ပရိုတိန်းဓာတ်တွေ) မျှမျှတတ ရရှိအောင် အစာကို စနစ်တကျ ရောစပ်ကျွေးမွေးရပါမယ်။

အမျိုးသားသုတေသနကောင်စီရဲ့ သတ်မှတ်ချက်အရ အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ အထိရှိတဲ့ ဝက်လတ်တွေအတွက် အသားတိုးအစာစပ်နည်းအချိုးကို ဒီလိုထုတ်ပြန်ပေးထားပါတယ်။ အောက်မှာကြည့်လိုက်ကြရအောင်။

 

ဖြည့်စွက်စာ - ၀.၅ %

ဖွဲနု - ၂၀ %

ဆား - ၀.၅ %

ဆန်ကွဲ - ၂၀ %

ခရုမှုန့် - ၁ %

ပဲဖတ်- ၂ %

ပြောင်း - ၂၀ %

ဖွဲကြမ်း - ၁၇.၅ %

နှမ်းဖတ် - ၅ %

ပုစွန်ဖွဲ - ၄ % ရောစပ်ကျွေးမွေးရပါမယ်။

 

အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % ကနေ ၁၉ % အထိရှိပါတယ်။ ဒီတော့ အစာကိုလျှော့ပြီးကျွေးတာမျိုး တိုးပြီးကျွေးတာမျိုး မလုပ်ဘဲ သတ်မှတ်ထားတဲ့အတိုင်းသာ ကျွေးသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါတယ်။

 

 

Ref: မွေး/ကုဦးစီးဌာနမှဖြန့်ဝေသော လက်ကမ်းစာစောင်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်