တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက်(အောက်တိုဘာလ)
လအလိုက် တောင်သူလယ်သမားကြီးများ လုပ်ကိုင်သင့်သည်များကို နှိုးဆော်အသိပေးလျက် ရှိရာ အောက်တိုဘာလ(တော်သလင်းလနှင့် သီတင်းကျွတ်လ)၏ ရာသီကာလနှင့် ကိုက်ညီမည့် သီးနှံစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါသည်။
၁။ မိုးစပါး
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်-စသည့် အောက်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့က အများစုမှာဇွန်လတွင်ထွန်တုံးပိတ်သော်လည်း နိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့မှာ သြဂုတ်လရောက်သည်ထိ ထွန်တုံးမပိတ်နိုင်သေးသည့်ဒေသတွေ ရှိခဲ့ကြောင်း သိရသည်။
စပါးသီးနှံပင်တွင်ကြီးထွားမှုကာလသုံးခုရှိသည်။ ၎င်းတို့မှာ- ၁။ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase) ၂။မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase)နှင့် ၃။ရင့်မှည့်သည့် ကာလ(Ripening Phase)တို့ဖြစ်သည်။
မိုးစပါးစိုက်ချိန်တွေ တူညီမှုမရှိခြင်းကြောင့် ပြည်ထောင်စုတစ်ဝှန်းမိုးစပါးစိုက်ဧရိယာများတွင် နှစ်မျိုးနှစ်စားတွေ့နိုင်သည်။ ပထမတစ်မျိုးမှာမျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase) ကို ရောက်ရှိသည့် စပါးစိုက်ခင်းများ နှင့် ဒုတိယတစ်မျိုးမှာ ရင့်မှည့်သည့်ကာလ(Ripening Phase)ကို ရောက်ရှိနေသည့် စပါးစိုက်ခင်းများဖြစ်ပါသည်။
မိုးစပါးအထွက်ကောင်းဖို့မှာ ကြီးထွားကာလသုံးခုလုံးတွင် သက်ဆိုင်ရာကာလအလိုက် စပါးအထွက်နှုန်းမိတ်ဖက်(Yield Components)အပေါ်အကျိုးပြုနိုင်မှုတွေကို အလေးထားရမှာ ဖြစ်သည်။
စပါးတစ်နှံရှိ အစေ့အရေအတွက်(Grains per panicle)ကို အဆုံးအဖြတ်ပြုတာက မျိုးပွားပိုင်း ကြီးထွားသည့်ကာလမှာဖြစ်သည်။ စပါးတစ်နှံမှာအစေ့အရေအတွက်များမှသာ တစ်ဧကစပါးအထွက် များဖို့အခွင့်အလန်းများမည် ဖြစ်ပါသည်။
စပါးစေ့အောင်မြင်မှုရာခိုင်နှန်းများဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန်များဖို့တို့အတွက် အရေးကြီး သည့်ကာလကတော့ ရင့်မှည့်သည့်ကာလ(Ripening Phase) ဖြစ်သည်။ တစ်ဧကစပါးအထွက် ကောင်းဖို့ဆိုတာ တစ်နှံရှိစပါးစေ့တွေအောင်မြင်ဖို့ နှင့် အစေ့အလေးချိန်များဖို့လည်း လိုပါသည်။
သို့ဖြစ်၍ ယခုလအတွင်း စပါးစိုက်ခင်းများကို ဂရုစိုက်သင့်သည်များမှာ-(၁)ရေအစိုဓာတ်မပြတ် စေရေး (၂)အာဟာရချို့တဲ့မှုမဖြစ်စေရေး (၃)ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး တို့ဖြစ်ပါသည်။
ရိတ်သိမ်းတော့မည့်စပါးခင်းများအတွက် တိုက်တွန်းလိုတာကတော့ အလေအလွင့်နည်းပါး စေရေးအတွက် ရိတ်သိမ်းချိန်မှန်တွင်ရိတ်ရန် အကြံပြုလိုသည်။ စပါးအနံှများရှိစပါးစေ့များ၏ ရာခိုင်နှုန်း ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန်တွင်ရောက်မှ ရိတ်သိမ်းရြန်ဖစ်သည်။ ၎င်းနောက် ရိတ်သိမ်းပြီးလျင်ပြီးချင်း မြန်မြန်ချွေလှေ့ ရန် ဖြစ်ပါသည်။
အကျိုးဆောင်တောင်သူလယ်သမားကြီးများသည် ဌာနဆိုင်ရာ၏အကူအညီဖြင့် မျိုးသန့်ထုတ် သည့် စပါးခင်းများစိုက်ပျိုးထားရာ အဆိုပါမျိုးစေ့ထုတ်စိုက်ပျိုးသည့် စပါးစိုက်ခင်းများအတွက် အဓိက ထားရမည့် လုပ်ငန်းများကိုလည်း အသိပေးပြောကြားလိုပါသည်။
စပါးစိုက်ခင်းများအတွင်း အလေ့ကျစပါးပင်များရှိနိုင်သည်။ စပါးမျိုးမှာလည်း မတူကွဲပြားသည့် မျိုးများ ပါလာနိုင်သည်။ စိုက်ပျိုးထားသည့် မျိုးနှင့် မတူသည့် မျိုးအားလုံးသည် မျိုးကွဲများသာဖြစ်သည်။ သို့ဖြစ်၍မျိုးကွဲနှုတ်ပယ်သည့်လုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။
စပါးပင်အနှံများကြီးထွားဖွံ့ဖြိုးချိန်ရောက်မှ မျိုးကွဲအနှံများကို လိုက်လံနှုတ်ပယ်ရန်ဖြစ်သည်ဟု အများစုက နားလည်နေကြသည်။ ထိုမျှနှင့်မလုံလောက်ချေ။ ပင်ပွားအများဆုံးထွက်ချိန်ကပင် စိုက်ပျိုး ထားသော စပါးမျိုး နှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့် အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ စနစ်တကျ အခါခါစစ်ဆေး နှုတ်ပယ်ရမှာ ဖြစ်ပါသည်။
ထို့ပြင် ဆက်လက်၍ ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်တို့၌ မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြားခြားနားသော စပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံများတို့ကိုကုန်စင်အောင် နှုတ်ပယ်ရန် ဖြစ်ပါသည်။
၂။ ဆောင်းသီးနှံများ
ယခုအချိန်သည် ဆောင်းသီးနှံများ စိုက်ပျိုးသင့်သည့့််ကာလဖြစ်သည်။ ယာမြေတွင် မိုးသီးနှံ ရိတ်သိမ်းအပြီး၊ လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး ယာသီးနှံတစ်မျိုးမျိုးကို ဒုတိယသီးနှံအဖြစ် အစိုဓာတ်မဆုတ်ယုတ်မီ မြန်မြန်ဆန်ဆန် ထွန်ရေးပြုပြင် စိုက်ပျိုးသင့်ပါသည်။
မည်သည့်ဆောင်းသီးနှံကို စိုက်ပျိုးသည် ဖြစ်စေ၊ မျိုးကောင်းမျိုးသန့်ကို အသုံးပြုရန်လိုသည်။ ရေမြေဒေသနှင့်ကိုက်ညီသောမျိုးဖြစ်သင့်သည်။ သက်လျင်၍ အထွက်ကောင်းသောမျိုး ဖြစ်ရမည်။ ဈေးကွက်ရှိဖို့လည်း လိုသည်။ အပင်ပေါက်ရာခိုင်နှုန်း(၈၀)နှင့်အထက်ရှိသောမျိုးဖြစ်သင့်ပါသည်။
မြေသားဖွဲ့စည်းတည်ရှိမှုနှင့် အစိုဓာတ်အခြေအနေအရ ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း (Conventional tillage)ထက် ထွန်ရေးအနည်းငယ်သာပြုပြင်စိုက်ပျိုးခြင်း (Minum tillage) က ပို၍ သင့်တော်နိုင်သည်။ ထွန်ရေးမဲ့စိုက်ပျိုးခြင်း(Zero tillage)ကိုလည်း အခြေအနေအရ အသုံးပြုနိုင်သည်။ အရေးကြီးသည်မှာသီးနှံပင်သက်တမ်းတစ်လျောက်တွင် မြေတွင်းအစိုဓါတ်ထိန်းသိမ်းတည်ရှိနေစေနိုင် မည့် ထွန်ရေးပြုပြင်မှုကိုပြုလုပ်စိုက်ပျိုးရန်ဖြစ်ကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 0 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026