ပေါင်းစည်းလယ်ယာစနစ်က ကောင်းသလား မကောင်းဘူးလား

18/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပေါင်းစည်းလယ်ယာ ဆိုတာ ဘာလဲ

Integrated Farming System (IFS) ဆိုတာကတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုပါပဲ။ ဘာကွာလို့လဲဆိုတော့ သူတို့မှာကျတော့ ရည်ရွယ်ချက်က သက်သက်ထပ်ရှိတယ်။ တတ်နိုင်သလောက် ညစ်ညမ်းမှုတွေ လျော့ချမယ် ပြီးတော့ မတူညီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်တွေကိုပေါင်းပြီးတော့ ဝင်ငွေများကြီးရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ခုခေတ်က ဘာခေတ်လဲဆိုတော့ အမြန်ခေတ်လေ။ အဲ့တော့ အချိန်နည်းနည်း သုံးမယ်။ နေရာနည်းနည်းနဲ့ များများထုတ်မယ်လေ။

ဥပမာပေးရရင်တော့ ဝက်မွေးမယ်။ ကွင်းထဲလွှတ်လိုက်မယ်။ ဝက်တူးတာကနေ မြေကို မွပြီးသား၊ ဝက်ချေးကနေလည်း မြေသြဇာကို ရစေမယ်။ အချိန်တန်တော့ ဝက်ကလေးတွေကိုလည်း ပေါ်တာပေါ့နော်။ အဲ့တော့ အပင်လည်းရ အသားလည်းရ ဆိုတာပေါ့။

ငှက်တွေကို ခြံထဲလွှတ်ထားပေး၊ အသီးပုတ်တွေထိုးချ ပြီးတော့မြေထဲကိုပြန်ရောက် ဆိုတာလည်း နောက်ထပ် ပေါင်းစည်းလယ်ယာတစ်ခုပါပဲနော်။ အကြီးကြီးတွေမဟုတ်ပါဘူး၊ နိုင်သလောက်ပါပဲ ဒါဟာ ပေါင်းစည်းလယ်ယာပါပဲ။

ဘာတွေရောနိုင်လဲဆိုတော့ သီးနှံပင်တွေပါမယ်၊ ဟင်းသီးဟင်းရွက်တွေပါမယ်။ သီးပင်တွေပါမယ်။ ကြက်မွေးမြူရေး၊ ငါး၊ နွား၊ ဘဲ စတဲ့မွေးမြူရေးတွေနဲ့ ရောမယ်။ သီးနှံသစ်တော ရောနှောစိုက်ခင်းတွေလည်းပါမယ်။ ပျားမွေးတာ၊ မှိုစိုက်တာ အကုန်လုံးကို ပေါင်းစည်းလယ်ယာလုပ်လို့ရပါတယ်။

စပါးခင်းထဲ ငါးမွေးတာ... ပေါင်းစည်းလယ်ယာပေါ့။ ငါးကန်နဲ့ ဘဲမွေးတာအောင်မြင်ခဲ့တယ်ဆိုတဲ့သက်သေတွေကလည်း ရှိနေတယ်။

ကဲ အများကြီးမပြောတော့ဘူး ကောင်းတာနဲ့ ဆိုးတာဆိုတာ အမြဲဒွန်တွဲနေတာ

ကောင်းတာလေးတွေ ရှိတယ်

() ပေါင်းစည်းလယ်ယာလုပ်ငန်းလုပ်တာကြောင့်မို့ ထုတ်လုပ်မှုစွမ်းအားက ပိုမြင့်လာတယ်။ ဒါကကောင်းတဲ့အချက်။

() အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေကို လယ်ယာအကျိုးအတွက် ကောင်းကောင်းပြန်အသုံးချနိုင်တာကြောင့်မို့ အပင်တွေအတွက် အထွက်ကိုလည်း တိုးစေတယ်။

() မြေကြီးက အော်ဂဲနစ်ပစ္စည်းတွေကို ရနေတာကြောင့်မို့လို့ မြေပျက်တာမျိုးတွေ မဖြစ်တဲ့အပြင်ကို အချိန်တော်တော်ကြာအောင် မြေကြီးက ကောင်းနေဦးမှာပါ။

() ပေါင်းစည်းလယ်ယာပါဆိုမှတော့ ပေါင်းစည်းဝင်ငွေပဲပေါ့။ ဒါပေမဲ့ သူ့ကို ဒီဟာကျွေး၊ ဒီဟာကို သူနဲ့ စိုက်ဆိုတာမျိုး လုပ်ထားတော့ ဝင်ငွေကိုလည်း တစ်ခြားကုန်ကျစရိတ်တွေ နုတ်စရာမလိုတော့ဘူး။ သေချာများ စီစဉ်လိုက်နိုင်တယ်ဆိုရင် နေ့တိုင်းက ဝင်ငွေတွေတောင်ဖြစ်နေမှာပါ။ တစ်ခုမဟုတ် တစ်ခုကနေ ရနေမှာပါ။

() မျိုးစုံထုတ် လုပ်နိုင်တယ်။ ထုတ်လုပ်မှုစွမ်းအား ကောင်းတယ်ပေါ့။ ဒါက သူ့ရဲ့အားသာချက်ဖြစ်သွားတာပေါ့။

() လုံခြုံစိတ်ချရတယ်။ ကိုယ်ထုတ်တာကိုယ်သိတယ်၊ ကြက်ကိုလည်း ပြောင်းဖူးပဲကျွေးတာ။ အဲ့ပြောင်းဖူးခင်းကိုလည်း ကြက်ချေးကျွေးထားတာ။ ကဲ ဘယ်လောက်စိတ်ချရသလဲ၊ ကြက်ချေး လည်း မနံတော့ဘူး ပြောင်းခင်းထဲရောက်ပြီ။ ဆိုတော့ ပတ်ဝန်းကျင်ကိုလည်း တစ်ကယ် အနှောက်အယှက်မဖြစ်တဲ့ နည်းဆိုတော့ ပေါင်းစည်းလယ်ယာက ကောင်းနေတာပေါ့။

() နွားမွေးတယ်၊ နွားချေးကနေ ဇီဝလောင်စာပြန်ထုတ်တယ်ဆိုတာလည်း ပေါင်းစည်းလယ်ယာထဲမှာ ပါပါတယ်နော်။ အဲ့လို တစ်ခြားစွမ်းအင်တွေအဖြစ်ကို ပြောင်းလဲအသုံးချနိုင်တာကလည်း ကောင်းကျိုးတစ်ချက်ပါပဲ။

() ကဲ လိုက်လုပ်တဲ့ တောင်သူလယ်သမားတွေဆိုရင် မပျင်းရပါဘူး။ ကိုယ့်ရှိတဲ့မြေကို အချိုးချပြီး ဘာက ဘယ်လောက် ဘာကောင်က ဘယ်လောက်ဆိုတာမျိုး တွေးရတယ်။ စိုက်ပျိုးရေးတင်မက မွေးမြူရေးကိုပါ လုပ်ရတာဆိုတော့ လေ့လာရင်းနဲ့ များများ ပိုတတ်တယ်။ အဆင်ပြေတာပေါ။

မကောင်းတာတွေလည်းရှိတယ်ဆိုတာက

() တစ်ခုတည်းစိုက်ရင် တစ်ခုတည်းကိုပဲ ပြုစုရမယ်။ မွေးမြူရေးပါလုပ်တယ်ဆိုရင်တော့ မွေးမြူရေးက ဟာကိုပါ ဂရုစိုက်ရတော့မယ် ဆိုတော့ အလုပ်တော့များတာပေါ့လေ။ သိလည်းသိထားရမယ်။ ()ခုပေါင်း တစ်ခုတည်းဖြစ်အောင်လုပ်နိုင်ရမယ်ပေ့ါ။

() နောက်တစ်ချက်ကတော့ ငါးမွေးတဲ့နေရာတွေမှာ၊ နွားမွေးတဲ့နေရာတွေမှာ အပင်တွေကို ပြုစုနည်းတွေကွာသေးတာ အဲ့အချက်တွေကို ဂရုပြုရမယ်။ ဆေးဖျန်းထားတာတွေ ကျွေးမိရင်တော့ ပြဿနာပေါ့။

() နွားချေးတွေ အများကြီးရလို့ အခင်းထဲ အကုန်ထည့်လိုက်တယ်ဆိုတာ လုပ်သင့်လားပေါ့လေ။ ဒါဆို ပိုနေတဲ့ နွားချေးတွေကို မြေဆွေးပုံထားမလား။ အဲ့ဒါဆို ပုံဖို့ နည်းလမ်းတွေ နေရာတွေ လိုလာပြီပါ့နော်။ အဲ့လိုမျိုး ဖြစ်လာတဲ့ အကြောင်းအရာတွေကိုမူတည်ပြီတော့ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုလုံးကို သေသေချာချာနှံ့နှံ့စပ်စပ် သိအောင် လုပ်ထားဖို့ အမြဲတမ်းလေ့လာနေဖို့ လိုတာပါ။ ဒါကလည်း လိုအပ်တဲ့အချက်ပဲဖြစ်ပါတယ်။

() ခုထိကို အငြင်းပွားနေကြတဲ့အချက်ပဲဖြစ်ပါတယ်။ ငါးကန်ပေါ်မှာ ဘဲခြံလုပ်ထားတာက မကောင်းဘူး ငါးတွေအတွက်မကောင်းဘူး ရောဂါတွေပိုများလာစေတယ်လို့ အယူအဆကတစ်ဖက်၊ ဘဲချေးက ငါးစားတော့ ငါးစာအတွက်ရတယ် ကောင်းတယ်လို့ အယူအဆက တစ်ဖက် ရှိသလိုပေါ့။ အနောက်နိုင်ငံတွေမှာ ရောမွေးလေ့ရှိတဲ့ ငှက်၊ ဝက်နဲ့ ငါးတွေကို ပေါင်းစည်းလယ်ယာလုပ်ပြီးမွေးတာကြောင့်မို့ တုပ်ကွေးလိုရောဂါဖြစ်နိုင်ချေပိုများတတ်ပါတယ်တဲ့။ တုပ်ကွေးက ကြက်တွေ ငှက်တွေမှာဖြစ်တဲ့ တုပ်ကွေးနဲ့ ဝက်မှာဖြစ်တဲ့တုပ်ကွေး အဲ့ဒါသာ ()ခုပေါင်းပြီး တုပ်ကွေးအသစ်တွေဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်လေးတွေဖြစ်နိုင်တဲ့အခြေအနေကလည်း ရှိနေပြန်တယ်လို့ သိပ္ပံပညာရှင်တွေကပြောထားလေပြန်တယ်။ အတိအကျမရှိပေမဲ့လို့ မဖြစ်ခင်က သတိတော့ ထားရမှာပေါ့။ ဒါကြောင့်မို့ တောင်သူလယ်သမားတွေက ဝက်နဲ့ ကြက် ငှက်တွေလိုမျိုးကို ရောမမွေးသင့်ပါဘူးနော်။ အလားတူ ကိစ္စရပ်လေးတွေလည်း အများကြီးရှိတတ်တာက ပေါင်းစည်းလယ်ယာရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။က

ကဲ ပေါင်းစည်းလယ်ယာလုပ်မလား မလုပ်ဘူးလားကိုမပြောပါဘူး ရှိတတ်တာလေးတွေကိုပဲပြောပြထားတာဆိုတော့ စလုပ်မဲ့ သူတွေလည်း ရဲရဲလုပ် များများလေ့လာပါ။ လုပ်နေတဲ့သူတွေကလည်း ကြိုတင်ရှောင်ရှားနိုင်အောင် ဖြစ်လာရင် ဖြေရှင်းနိုင်အောင် လေ့လာအားတွေ ကောင်းဖို့တော့ လိုပါလိမ့်မယ်ဗျာ….

တောင်သူအကျိုးစီးပွားများ အောင်မြင်တိုးတက်စေရန် ရည်မှန်းလျှက်….
Reference - https://www.legit.ng/1129268-advantages-disadvantages-integrated-farming-system.html

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်