ထုံးကန့်ဆေးရည်နဲ့ ဘော်ဒိုမစ်ချာ တူသလား

02/10/2021 13:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    သဘာဝနည်းတွေ ပြောင်းလဲသုံးစွဲလာကြတဲ့အချိန်မှာတော့ ထုံးအခြေခံတဲ့ မှိုသတ်ဆေးရည်လုပ်နည်းကလည်း ပေါ်ပြူလာဖြစ်တဲ့ အမျိုးအစားတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ မှိုရောဂါအတော်များများကို နှိမ်နင်းနိုင်တာကြောင့် တောင်သူတွေလည်း ပြုလုပ်သုံးစွဲလာကြပါတယ်။

    ဒီနေရာမှာ ထုံးအသုံးပြုရတာအတူတူကိုမှ ရောရုံရောရတဲ့ ဆေးပြုလုပ်နည်းနဲ့ မီးနဲ့ပါ အပူပေးကြိုချက်ရတဲ့ ဆေးလုပ်နည်းတွေဟာ အတူတူပဲလား ကွဲပြားကြလားဆိုတာ ဒွိဟဖြစ်စရာဖြစ်လာပါတယ်။

    ထုံးရယ်၊ ကန့်ရယ် ရောကြိုတဲ့ “ထုံးကန့်ဆေးရည်” ဆေးလား?

    ထုံးနဲ့ ဒုတ္တာရောစပ်ပြီးသုံးတဲ့ “ဘော်ဒိုမစ်ချာ” ဆေးလား? 

    ကန့်နဲ့ ဒုတ္တာကရော အတူတူပဲလားဆိုတာကို ကျွန်တော်တို့ အဖြေရှာကြည့်ရအောင်ပါ။

    ကန့်ဆိုတာကိုတော့ ဆာလဖာဓာတ်ပါ။ အပင်ရဲ့ လိုအပ်တဲ့အာဟာရတွေထဲမှာလည်း တစ်ခုအပါအဝင်ပါ။ ဒုတ္တာဆိုတာကတော့ ကော့ပါးဆာလဖိတ်ပါ။ သူကတော့ ဆာလဖာဓာတ်မှာ ကော့ပါးပေါင်းထားတဲ့ ဒြပ်စင်ပါ။

    ဒီလို အကြမ်းဖျင်းသိလိုက်ရုံနဲ့တင် တူသလိုလိုနဲ့ မတူဘူးဆိုတာ နည်းနည်းတော့မြင်သာသွားပါတယ်။ ဆေးဖော်စပ်တဲ့အခါ ဘယ်လိုတွေပြောင်းလဲသွားကြလဲ၊ အာနိသင်တွေကရော ဘယ်လိုကွာလဲ ဆက်လေ့လာကြည့်မယ်ဆိုရင်တော့ ကော့ပါး၊ ဒုတ္တာပါဝင်တဲ့ ဘော်ဒိုဆေးရည်ဟာ ကော့ပါးဆာလဖိတ်ဖြစ်တာကြောင့် (ကော့ပါး+ဆာလဖာ) ကော့ပါးပါဝင်တဲ့ မှိုသတ်ဆေးပါ။

     ဘော်ဒိုဆေးရည်ထဲမှာ ပါဝင်သွားတဲ့ အပင်စုပ်ယူနိုင်တဲ့ပုံစံမဟုတ်သေးတဲ့ ကော့ပါး(insoluble copper)တွေဟာ ဖျန်းလိုက်တာနဲ့ မှိုရောဂါ ဖြစ်နေတဲ့နေရာက စစ်ထုတ်လိုက်တဲ့အရည်နဲ့တွေ့ပြီး ဓာတ်ပြုပါတယ်။ ဒီအချိန်မှာ ကော့ပါးက ပျော်ဝင်နိုင်တဲ့ အဆိပ်ရှိတဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်သွားပြီး မှိုကိုသေစေတဲ့လုပ်ငန်းကို လုပ်ဆောင်သွားပါတယ်။ (ဆေးပြင်းအားကတော့ ကိုယ်အသုံးပြုလိုက်တဲ့ အချိုးအဆ ပြုလုပ်နည်းတွေအပေါ် မူတည်နိုင်သလို အပင်ပေါ်မှာကျရောက်နေတဲ့ မှိုအပေါ်လည်း မူတည်နိုင်ပါတယ်တဲ့) ဒါ့အပြင် မှိုသတ်ဆေးအာနိသင်ရှိတဲ့ကော့ပါးက အပင်ရဲ့ အနီးအနားက လေထုထဲမှာရှိနေပါတယ်။ အရွက်ပေါ်မှာရှိနေပြီး အကောင်းပကတိရှိတဲ့ အပင်ကိုလောင်စေတာမျိုးတွေလဲဖြစ်နိုင်ပါတယ်။

ဆာလဖာ မှိုသတ်ဆေး

    ထုံးကန့်ဆေးရည်ကတော့ ဆာလဖာပါဝင်တဲ့ မှိုသတ်ဆေးပါ။ အငွေ့ပုံစံနဲ့ မှိုရောဂါမျိုးစေ့တွေကို သေစေနိုင်တာဖြစ်ပါတယ်။ ဆေးရည်ဟာ အပင်ပေါ်ရောက်တာနဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်သွားပြီး မှိုသတ်ဆေးအာနိသင်ရှိသွားပါတယ်။

    ဒါကတော့ သုတေသန စာစောင်တစ်ခုရဲ့ တွေ့ရှိချက်ကိုသာ ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်။

    ဆေး(၂)မျိုးလုံးက လောင်တတ်တဲ့ အာနိသင်တွေရှိတာကြောင့် အသုံးပြုတဲ့အခါ နှုန်းထားကို အထူးဂရုစိုက်သင့်ပါတယ်။

    ဒီသုတေသနစာစောင်လေးကို တောင်သူများ လက်တွေ့အသုံးချရာမှာ လိုသလိုချင့်ချိန်တွက်ဆပြီး အကျိုးရှိရှိအသုံးချတတ်စေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။ 

    အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်ကနေ မူရင်းသုတေသနစာစောင်ကို လေ့လာနိုင်ပါတယ်။

Ref : https://scihub.se/https://www.jstor.org/stable/4353423fbclid=IwAR06LAHwupvuJnQPMwGSqL520oJ3rDr6ROqQJRQCizg45Wa_t10AwIL0BFY


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်