ပေါင်းသတ်ဆေးများအကြောင်း သိကောင်းစရာ

10/06/2020 15:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဦးကြီးတို့ မင်္ဂလာပါဗျ။

ဦးကြီးတို့ရဲ့ ယာခင်းတွေထဲမှာ ပေါင်းတွေမနိုင်လို့ ပေါင်းသတ်ဆေးများ သုံးဖူးကြပါ သလား?။ သုံးဖူးသည်ပဲဖြစ်ဖြစ်၊ မသုံးဖူးသည်ပဲဖြစ်ဖြစ် ပေါင်းသတ်ဆေးအကြောင်း ဗဟုသုတ အနေနှင့် ဆက်လေ့လာကြရအောင်။

ပေါင်းသတ်ဆေးဆိုသည်မှာ အပင်များ၏ အဓိကမရှိမဖြစ်လိုအပ်သော အစာချက်လုပ် ခြင်းလုပ်ငန်းကို နှောင့်ယှက်၍ အပင်များကို သေစေခြင်း သို့မဟုတ် အပင်များအသက်ဆက် လက်မရှင်သန်စေရန် ဖိနှိပ်ထားခြင်း ဖြစ်ပါသည်။ ပေါင်းသတ်ဆေးများသည် ပေါင်းပင်များ ကို အလွယ်တကူ အချိန်တိုအတွင်း နှိမ်နင်းပေးနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူသားအပါအဝင် အခြားတိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ထို့အပြင် စိုက်ပျိုးမြေများကိုလည်း ပျက်စီးစေပါသည်။ သုတေသနစာတမ်းများအရ ပေါင်းသတ်ဆေးများ အသုံးပြုလိုက်သောအခါ စိုက်ပျိုးမြေများ၏

  • ၆၃% မှာ အဏုဇီဝသက်ရှိများ ပါဝင်မှုလျော့နည်းလာခြင်း

  • ၈၂%မှာ မြေညံ့များ ဖြစ်လာခြင်း

  • ၈၀%မှာ မြေအစိုဓာတ်ထိန်းနိုင်စွမ်းအားကျလာခြင်း

  • ၈၅%မှာ မြေဆွေးဓာတ်ဟုခေါ်သော Organic Matterပါဝင်မှု လျော့နည်းလာခြင်းများ ဖြစ်ပေါ်လာပါသည်။

ပေါင်းသတ်ဆေးများ သုံးစွဲခြင်းကြောင့် လူ၊ တိရစ္ဆာန်နှင့် ငါးများ အဆိပ်သင့်မှုသည် ၉၈% အထိရှိနိုင်ပါသည်။ မြစ်ချောင်းများနှင့် မြေအောက်ရေများမှာ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်းသည် ၅၆%ရှိနေပြီး သစ်ပင်၊ ခြုံနွယ်များ လျော့နည်းသွားခြင်းကြောင့် ကျေးငှက်များ လျော့နည်းသွားခြင်းသည် ၈၃% ရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၄ခုနှစ်တွင် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများတွင် သုံးသော ကလိုရိုဖီနော (Chlorophenols) များသည် ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများ၊ လူတွေ၊ အပင်တွေ၏ ဗီဇကို ပြောင်းလဲစေနိုင်သော ပစ္စည်းများဟု ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ပေါင်းသတ်ဆေးများသည် ဓာတုဖွဲ့စည်းမှု ခိုင်မြဲလွန်းပြီး သဘာဝအတိုင်း ပြိုကွဲရန်မလွယ်ကူသောကြောင့် မြေနှင့်ရေတွင် အချိန်ကြာမြင့်စွာတည်ရှိနိုင်သောကြောင့် လူသားများ၏ ကျန်းမာရေးကိုများစွာ ထိခိုက်နိုင်ပါသည်။

မြေကြီးထဲရှိပေါင်းသတ်ဆေးများကို ဘယ်လိုချေဖျက်နိုင်မလဲ?

ပေါင်းသတ်ဆေးများကို သဘာဝအတိုင်းခြေဖျက်နိုင်ရန် မိုးရေနှင့် ဆေးချနိုင်ပါသည်။ သို့သော်လည်း ပမာဏအလွန်နည်းပါသည်။ ထို့အပြင် အပင်များ၏ အမြစ်ဇုံတွင် မှီခိုမှုမရှိဘဲ လွတ်လွတ်လပ်လပ်နေလေ့ရှိသော ဘက်တီးရီးယား ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) များသည် မြေကြီးထဲရှိ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး အကြွင်းအကျန်များကို ချေဖျက်ပေးနိုင်ပါသည်။

ထို့ကြောင့် သြဂဲနစ်စိုက်ပျိုးရေးသမားများအတွက် မြန်မာနိုင်ငံတွင်လည်း ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့်ကို ပျံလွှားဇီဝမှိုသတ်ဆေး() အနေနှင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။ ပျံလွှားဇီဝ မှိုသတ်ဆေးသည် သီးနှံပင်များတွင် ကျရောက်တတ်သော မြေဆောင်မှိုရောဂါများကို ဓာတုနည်းနှင့် မဟုတ်ဘဲ သက်ရှိဇီဝဘက်တီးရီးယားနှင့် ကာကွယ်နှိမ်နင်းသော ဆေးဖြစ်ပါသည်။

ပေါင်းသတ်ဆေးများကို စိုက်ပျိုးရေးတွင် ဘယ်လိုအသုံးပြုမလဲ?

() ပေါင်းသတ်ဆေးများ ရွေးချယ်ရာတွင် မိမိစိုက်ထားသော သီးနှံ၊ ကျရောက်နေသော ပေါင်းအမျိုးအစားနှင့် အသင့်တော်ဆုံးပေါင်းသတ်ဆေးအမျိုးအစားကို ရွေးချယ်ပါ။ ပြိုကွဲမှုအလွယ်ကူဆုံး ပေါင်းသတ်ဆေးဖြစ်ရပါမည်။

() ရွေးချယ်ထားသော ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း စနစ်တကျ သုံးစွဲရပါမည်။

() မြန်မာစာ အညွှန်းမပါသော ပေါင်းသတ်ဆေးများကို လုံးဝမသုံးပါနှင့်။

() ပေါင်းသတ်ဆေးများ၏ မြေနှင့်ရေတွင် ဓာတ်အကြွင်းအကျန်အဖြစ် တည်ရှိနေနိုင်သော ကာလ၊ ပေးနိုင်သော အန္တရယ်များကိုလည်း နားလည်ရန် လိုအပ်ပါသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့် ရှောက်ရန် ပေါင်းသတ်ဆေးများကို လိုအပ်မှသာ အသုံးပြုရန် မေတ္တာရပ်ခံပါသည်။ အသုံးပြုလျှင်လည်း အညွှန်းအတိုင်း စနစ်တကျအသုံးပြကြရပါမည်။

ချမ်းသာဦး

Source- ဦးဇော်သန်း 70 B. Ag



မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်