ငါးကြီးငါးကောင်းအုပ်စုဝင် ငါးအုံတုံ (ခေါ်) ဟင်းငံငါး

18/10/2021 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးအုံတုံကို အောက်ပြည်အောက်ရွာ အခေါ်အရ”ခေါင်းပွငါး” ဟု အမည်တွင်ပြီး အညာဒေသအခေါ်မှာ “ငါးအုံတုံ”၊ တံငါသည်အခေါ်အရ “ဟင်းငံ”ဟု သိရပါသည်။ ဒါ့အပြင် တချို့ဒေသတွင် ငါးအုံတုံကို “ငါးဒို” ဟုလည်း ခေါ်ကြပါသေးသည်။

    ငါးအုံတုံငါးသည် ငါးသိုင်းမျိုး (Catla Catla) တွင် ပါဝင်ပြီး ငါးမြစ်ချင်း၊ ငါးကြင်းတို့နှင့်အတူ မျိုးစဥ် (Order)-  Cypriniformes အောက်တွင် တစ်အုပ်စုတည်းပါဝင်ကြပါသည်။ ငါးအုံတုံသည် ငါးနက်ပြာနှင့် မျိုးချင်းနွယ်သောငါးလည်းဖြစ်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရများပါသည်။

    ရေချိုမြစ်ငါးဖြစ်သော ငါးအုံတုံငါးမှာ အရွယ်အစားကြီးမားသော ငါးကြီးငါးကောင်းအမျိုးအစားတွင်ပါဝင်ပြီး အမြင့်ဆုံးအလျှား- 81.2 cm, အလေးချိန်အားဖြင့် (10.0) kg ထိ ရှိကြသည်။ ငါးအုံတုံငါးမှာ မွေးမြူ၍ရသော ငါးအမျိုးအစားတွင်ပါဝင်ပြီး မွေးမြူသူလည်း များလှပါသည်။

    အသားနူးညံ့၍ အရသာထူးခြားကောင်းမွန်သော ငါးအုံတုံငါးကို ငါးကြော်၊ အရိုးနူးပေါင်း၊ကြော်ချက်၊ ရေချိုချက်၊ ငါးအုံတုံငါးခေါင်းဟင်း စသဖြင့် ချက်စားကြသလို ငါးအုံတုံငါးသားမြောင်းကိုမူ ခရမ်းချဥ်သီးဖြင့် ချက်စား၊ ကြော်စား၊ မီးဖုတ်စားကြပါသည်။ ထို့ပြင် ငါးအုံတုံငါးကို ငါးဆားနယ် ပြုလုပ်ကြသလို ငါးပိရည်ကျို၊ ငါးပိကောင် စသဖြင့်လည်း ပြုလုပ်စားကြပါသည်။

    ငါးဟင်းကြိုက်ပြီး  ငါးအရိုးစူးမှာကြောက်သူများအတွက် ငါးအုံတုံအရိုးနူးပေါင်းချက်နည်းလေးကို ပြောပြပေးပါမည်။        

ငါးအုံတုံငါး အရိုးနူးဟင်းချက်ဖို့-

ငါးအုံတုံ - ၁ ပိဿာ

ဆီ - ၁၀ ကျပ်သား

ကြက်သွန်နီ ဥကြီး - ၇ လုံး

ကြက်သွန်ဖြူဥကြီး - ၃ လုံး

ခရမ်းချဥ်သီး - ၁၀ လုံး

စပါးလင် - ၃ပင်

မန်ကျည်းမှည့် - ၁၀ ကျပ်သား

ချင်း - ၁မြွှာ

နနွင်းမှုန့်၊ ငရုတ်သီးမှုန့် - အနည်းငယ်

ဆား၊ အရသာမှုန့်၊ ငံပြာရည် - အနည်းငယ်

နံနံပင်- အနည်းငယ် တို့လိုအပ်ပါသည်။

ချက်ပြုတ်နည်းမှာ-

၁။ ငါးကိုအကြေးခွံချွတ်၊ အညစ်အကြေးများ ဆေးကြောသန့်စင်ပြီး အတုံးကြီးကြီးတုံးကာ နနွင်း၊ အရသာမှုန့်၊ ငံပြာရည်၊ ဆား အနည်းငယ်တို့ဖြင့် နယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပါ။

၂။ စပါးလင်ကို ရေဆေး ထုထောင်းပြီး အထုံးလေးတွေ ထုံးထားပါ။

၃။ ကြက်သွန်ဖြူ/နီ ၊ ချင်းကို ရောထောင်းပြီး ခရမ်းချဥ်သီးကို လှီးထားပါ။

၄။ မန်ကျည်းမှည့်ကို ပျစ်ပျစ်ဖျော်ထားပါ။

၅။ ပြီးစီးပါက ချက်မည့်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ ၊ ချင်း အရောထောင်းနှင့် ငရုတ်သီးမှုန့်ကိုထည့်ပြီး ဆီသတ်ပါ။

၆။ ကြက်သွန်နီလိတ်လာပါက ခရမ်းချဥ်သီး ထည့်ပါ။ ပြီးလျှင် နှပ်ထားသောငါးအတုံးများနှင့် စပါးလင်အထုံးကို ထည့်ပြီး ငါးမကြေရအောင် အသာအယာမွှေပေးပါ။

၈။ ဆီပြန်လာပါက မန်ကျည်းသီးမှည့်အရည် လောင်းထည့်ပါ။

၉။ ငါးအရိုးနူးသည်အထိ ရေကိုလိုသလောက်ထည့်ပြီး မီးမျှင်းမျှင်းဖြင့် အရိုးနူးသည်အထိ တည်ထားပါ။

၁၀။ အရိုးနူးပြီး ဆီပြန်လာပါက အရသာအပေါ့အငန်မြည်းပြီး နံနံပင်လေးအုပ်ပြီးပါက အနံ့မွှေးမွှေးလေးနှင့် အရိုးပါစားလို့ရတဲ့ ငါးအုံတုံငါးပေါင်းဟင်းကို အရသာရှိရှိ သုံးဆောင်လို့ ရပါပြီ။

    ငါးအုံတုံငါး၏ အသေးစိတ်အချက်အလက် (Scientific Classification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Phylum (မျိုးပေါင်းစု)- Chordata

Class(အမျိုးအစား) - Actinopterygii

Order(မျိုးစဥ်)- Cypriniformes

Family(မျိုးရင်း) – Cyprinidae

Sub-family (တဆင့်ခံမျိုးရင်း) - Labeoninae

Genus(မျိုးစု) - Labeo

 Species(မျိုးစိတ်) - Labeo nandina ဟူ၍ သိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်