ရွက်ထွင်းပိုးကို ကာကွယ်နှိမ်နင်းနိုင်တဲ့ နည်းလမ်းများ

25/03/2024 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ရွက်ထွင်းပိုးတွေက အန္တရာယ်ရှိသလားလို့ မေးရင်တော့..

ရှိတာပေါ့။ အဓိက အစာချက်တဲ့ ကလိုရိုဖိလ်းတွေကို စားပစ်တယ်။ နည်းနည်းဆိုးဆိုးကျတယ်ဆိုရင် အရွက်တွေကြွေကျကုန်တယ်။ အဲ့လိုဖြစ်တာက အပင်ရဲ့ ကြီးထွားမှုအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ အရွက်စားပင်တွေမှာ ကျရောက်တယ်ဆိုရင် ဈေးကွက်မှာ ဈေးကောင်းမရနိုင်တာမျိုး၊ မရောင်းရတာမျိုးဖြစ်နိုင်ပါတယ်။ လမ်းကြောင်းတွေနဲ့ လမ်းကြောင်းထဲမှာ ပိုးချေးတွေနဲ့ဆိုရင် ဘယ်သူက စားချင်တော့မှာလဲ လို့.....

ဒါဆိုဘယ်လို လုပ်လို့ရမလဲ

အရွက်ထဲမှာနေတာဆိုတော့ ပြေးအောင်လုပ်ဖို့ဆိုတာ နည်းနည်းတော့ ခက်ပါတယ်။ အရွက်ရဲ့ အပေါ်မျက်နှာပြင်က သူတို့ကို ကာကွယ်ပေးထားသလိုဖြစ်နေတာမို့ ပိုးသတ်ဆေးဖျန်းလိုက်တာနဲ့တော့ ပြီးမသွားတာမို့ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းတဲ့ စနစ်ကို သုံးမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဆိုတော့ ဆက်ကြည့်လိုက်ရအောင်ခင်ဗျာ..

စိုက်ပျိုးနည်းလမ်းဆိုင်ရာ ထိန်းချုပ်စီမံနည်းလမ်း

အပင်တွေကို သန်မာအောင် ပြုစုထားတယ်ဆိုရင် ရွက်ထွင်းပိုးကျရောက်တာကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ရေမပြတ်အောင်ထားပေးဖို့လိုပါမယ်။ မြေသြဇာလည်း သင့်တင့်တဲ့ နှုန်းထားနဲ့ အပင်သန်မာအောင်ကျွေးထားတယ်ဆိုရင် အပင်ပြန်ထလည်း မြန်ပါတယ်။ 

အပင်တွေကို စစ်ဆေးကြည့်ရှုပါ

အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်စစ်ဆေးနိုင်ဖို့ စီမံပါ။ အပင်ငယ်ကတည်းက ရှိတယ်ဆိုရင် အပင်ပေါက်လေးကနေ အရွက်စစ်လေး စ ထွက်တဲ့အချိန်ကနေ စပြီးတော့ တိုက်ခိုက်ပါတယ်။ အရွက်အောက်ခြေတွေမှာ ဥ တွေ ရှိမရှိ စစ်ဆေးပါ။ တွေ့ရင် ဖျက်ဆီးပါ။ အရွက်မှာ သူတို့စားထားတဲ့ လမ်းကြောင်းတွေ့ရင် အဆုံးကိုရှာပြီး ရှိနေတဲ့ သားလောင်းကို ညှစ်ပစ်နိုင်ပါတယ်။ များရင် အပင်ကနေ အရွက်ချွေလို့ရပါတယ်၊ ဒါပေမဲ့ အပင်ရဲ့ အရွက် (၃)ပုံ (၁)ပုံထက် ကျော်လွန်ပြီး မချွေသင့်ပါဘူး။ 

မြေထွန်ယက်ခြင်း၊ မြောင်းတိုက်ခြင်း

ဘာမှမစိုက်ရသေးဘူးဆိုရင်တော့ အရင်နှစ်က ကျထားတဲ့ သီးနှံအကျန်တွေကို သေချာဖယ်ပြီးတော့ မြေကို ကောင်းကောင်းထွန်လိုက်ပါ။  အဲ့ဒါဆိုရင် မြေကြီးက လေလည်းရ၊ အထဲက ပိုးရုပ်ဖုံးတွေလည်း ပျက်စီးမှာပါ။ ရှောက်၊ သံပရာစိုက်ခင်းလိုမျိုးဆိုရင်တော့ ကြားပေါင်းလိုက်ပြီး မြေထွန်လိုက်လို့ရပါတယ်။ 

သန့်ရှင်းအောင်ပြုလုပ်ခြင်း

အရင်စိုက်ထားတဲ့ သီးနှံမှာ ကျရောက်ထားတယ်ဆိုရင် အရွက်တွေ အကုန် ရှင်းလင်းပြီး ဖျက်ဆီးတာကောင်းပါတယ်။

အရွက်တွေကို မြေဆွေးပုံဖို့လည်း အဆင်မပြေပါဘူး။ ရိုးရိုးမြေဆွေးပုံက အပူနဲ့တော့ သူတို့က မသေကြပါဘူး။ လေမဲ့ မြေဆွေးပုံတာလိုမျိုး၊ ပလပ်စတစ်နဲ့ သုံးပြီး အပူချိန်တအားမြင့်တဲ့ အနေအထား ပုံမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ မလုပ်နိုင်ရင်တော့ ပလပ်စတစ်အိတ်ထဲထည့် လုံအောင်ပိတ်ပြီးတော့ စွန့်ပစ်ပါ။ 

ရွက်ထွင်းပိုးတွေ မစားတဲ့ သီးနှံတွေကို သီးလှည့်စိုက်ပျိုးတာမျိုး၊ ကွင်းပတ်ပတ်လည်မှာ ရွက်ထွင်းပိုးတွေ ကို လှည့်စားဖို့ တစ်ခြားသီးနှံကို တည်ကြက်လိုမျိုး စိုက်ပျိုးပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ 

ဇီဝအားဖြင့် ကာကွယ်နှိမ်နင်းခြင်း

ဇာတောင်ပိုး 

အတောင်မှာ ဇာကွက်လိုလေးနဲ့ အတော်လှတဲ့ အစိမ်းရောင်အကောင်လေးဖြစ်ဖြစ် အညိုရောင်ကောင်လေးဖြစဖြစ်တွေ့ခဲ့ရင်တော့ သူတို့က အကျိုးပြုအင်းဆက်တွေပါ။ သူတို့ရဲ့ သားလောင်းအဆင့်က အစားကြီးပြီးတော့ ရွက်ထွင်းပိုးတွေလိုပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ရှိတဲ့ ဖျက်ပိုးတွေကို စားသောက်ပါတယ်။ 

ကပ်ပါးနကျီကောင် (နကျယ်ကောင်)

ဥ တွေကို ရွက်ထွင်းပိုးတွေရဲ့ အထဲမှာ ဥ တယ်၊ အကောင်ပေါက်လာတဲ့အခါမှာ အဲ့ ရွက်ထွင်းပိုးကိုပဲ စားတယ်။ သူတို့ကမှ အကောင်နည်းနည်းကြီးလာတဲ့အခါမှာ ရွက်ထွင်းပိုးသားလောင်းတွေကို လိုက်စားတယ်။ ဒီနကျယ်ကောင်လေးတွေက ဝတ်မှုန်တွေလည်း စားတာမို့ ပန်းပွင့်တဲ့အပင်တွေ စိုက်ထားပေးရင် သူတို့လည်း စိုက်ခင်းထဲမှာ လာနေကြမှာပါ။ အပေါ်က ဇာတောင်ပိုးအရွယ်ရောက်ကောင်ကလည်း ဝတ်မှုန်ကိုစားတာမို့ သူတို့လည်း လာနေကြမှာပါ။ ဒါဆိုရင်တော့ ရွက်ထွင်းပိုးတွေကို သူတို့က ကူညီနှိမ်နင်းပေးမှာပါ။ 

အကျိုးပြု နီမတုတ်တွေ

နီမတုတ်တွေက မျက်စိနဲ့ မြင်ရတဲ့ အကောင်တွေမဟုတ်ပဲနဲ့ အရမ်းကိုသေးငယ်ပေမဲ့လို့ အရမ်းကို ကောင်းတဲ့ သားစားကောင်တွေဖြစ်ပါတယ်။ ရွက်ထွင်းပိုးတွေများ မြေကြီးပေါ်ကျလာတာတို့ မြေကြီးထဲရောက်တာတို့ဆို နီမတုတ်တွေက စားပစ်ပါတယ်။ နီမတုတ်ဆိုတိုင်း မြစ်ဖုရောဂါဖြစ်စေနိုင်တဲ့ နီမတုတ်တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။

ဓာတုအားဖြင့် နှိမ်နင်းခြင်း

ဓာတုဆေးတွေကတော့ နောက်ဆုံးမဖြစ်မနေရွေးချယ်ရမဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သုံးလိုက်ရင် ရွက်ထွင်းပိုးအပြင်ကိုမှ ရွက်ထွင်းပိုးကို စားတဲ့ ဇာတောင်ပိုးလို အကောင်တွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ ပျားလိုမျိုး အကျိုးပြုအင်းဆက်တွေကိုပါ သေစေနိုင်တာကြောင့်မို့ပါ။ ညနေဖက်သုံးပေးရင်တော့ ပျားနဲ့ ရွက်ထွင်းပိုးစားတဲ့ သားရဲကောင်တွေကို ထိခိုက်မှုကို နည်းနည်းသက်သာစေမှာပါ။ 

ဆေးဖျန်းရပြီဆိုရင်တော့ နှာခေါင်းစည်း၊ လက်အိတ်တို့က အစ အသေးအမွှားလေးက အစသတိထားပြီးတော့ ကိုယ့်ကို ကာကွယ်တဲ့ အကာအကွယ်တွေ ဝတ်ဆင်ပြီးမှ ဖျန်းဖို့ အကြံပေးပါတယ်။ ပိုင်ရီသရင် (Pyrethrin) ဆေးအုပ်စု ကို အသုံးပြုနိုင်ပါတယ်။ တစ်ခုကတော့ ပိုင်ရီသရင် ကလည်း ပျားနဲ့ အခြား ရွက်ထွင်းပိုးစားတဲ့ သားရဲကောင်တွေကိုလည်း သေစေနိုင်ပါတယ်။ 

တောင်သူဦးများ ကျန်းမာ အနာကင်း ဈေးကောင်းတဲ့ သီးနှံများ ထုတ်လုပ်နိုင်ကြပါစေခင်ဗျာ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်