သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးဆက်ရောဂါ

09/01/2019 17:00 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြွက်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေထဲက ဖြစ်နိုင်ခြေအရှိဆုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ ကြွက်သေးပန်းရောဂါ အကြောင်းနဲ့ပက်သက်ပြီး ဒေါက်တာညိုမီထွေးကို မေးမြန်းထားတဲ့ အင်တာဗျူးတစ်ခုကို ကျွန်တော်တို့တောင်သူတွေသိရှိစေဖို့အတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ကြွက်ကနေ ဘယ်လိုရောဂါတွေ အဓိကကူးဆက်နိုင်လဲဆိုတာ သိပါရစေ။

ကြွက်ကနေ လူကိုကူးဆက်နိုင်တဲ့ ရောဂါပိုးအမျိုးပေါင်း ၆၀ ကျော်လောက်ရှိပါတယ်။ ဒီထဲမှာ ကြွက်နဲ့ပက်သက်ရင် ပလိပ်ရောဂါကို လူသိများပါတယ်။ လူတွေမှာ ပလိပ်ရောဂါမကျခင် ကြွက်တွေ မှာအရင်ကျတယ်။ ကြွက်မှာရှိတဲ့ လှေးတစ်မျိုးက ကြွက်ရဲ့သွေးကိုစုပ်တယ်။ ပလိပ်ရောဂါကျရင် ကြွက်ကသေတယ်။ ကြွက်သေသွားတဲ့အခါ သူ့ရဲ့လက်ခံကောင်မရှိတော့ လိုက်ရှာရင်းနဲ့ လူကိုကူးပါတယ်။

အားလုံးမသိသေးတဲ့ရောဂါက ကြွက်သေးပန်းရောဂါ Leptospirosis ဖြစ်ပါတယ်။ ကြွက်ရဲ့ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားက ပြင်ပစိုထိုင်းဆမှာ ရှင်သန်နေနိုင်ပါတယ်။ လူတွေက များသောအားဖြင့် ခြေညှပ်ဖိနပ်တွေ စီးကြတယ်။ ဒီလိုစီးတဲ့သူတွေရဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ၊ ရှနာတွေသာရှိခဲ့ပြီး ကြွက်သေးပန်းထားတဲ့ရေထဲကို လျှောက်မိရင် သူတို့ရဲ့ ဒဏ်ရာတွေထဲကို ဘက်တီးရီးယားတွေဝင်ပြီး လူကို ရောဂါဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေအရှိဆုံးရောဂါက ကြွက်သေးပန်းရောဂါပါ။ ဒါပေမယ့် လူထုရဲ့ သဘောပေါက်နားလည်မှုက တော်တော်နည်းပါတယ်။

ဒီရောဂါနဲ့ပက်သက်ပြီး ဂျာမနီနိုင်ငံ၊ သုတေသနနည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ မြန်မာနိုင်ငံက သီးနှံကာကွယ်ရေးထာနခွဲရယ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ သုံးနိုင်ငံတို့ပူးပေါင်းပြီးတော့ ကြွက်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါတွေထဲက Leptospirosis ရောဂါ ဘယ်လောက်ထိရှိတယ် ဆိုတာ မှတ်တမ်းတင်ဖို့ အချက်အလက်တွေစုနေပါတယ်။ 

Leptospirosis ရောဂါကို ဂျာမနီနိုင်ငံက ဓာတ်ခွဲခန်းနဲ့ အကုန်အကျခံပြီး စစ်ပေးပါတယ်။ ဒါကြောင့် ကျွန်မတို့က တခြားရောဂါတွေစစ်ဖို့အတွက် ကြွက်ရဲ့ အသည်း၊ အဆုတ်၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ နားရွက်တွေကိုလည်း ပို့ထားတာရှိပါတယ်။ ကျွန်တို့ရဲ့ ကြွက်နဲ့ပက်သက်တဲ့ သဘောသဘာဝကို နား လည်မှုရယ်၊ ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တွေ၊ နားလည်တတ်ကျွမ်းတဲ့သူတွေ ပူးပေါင်းပြီး ဒီပတ်ဝန်းကျင်မှာ ကြွက်ဦးရေ ဘယ်လောက်များနေပြီ ကြွက်ဦးရေထဲမှာမှ Leptospirosis ရောဂါကို သယ်ဆောင်ထားတာ ဘယ်လောက်ရှိနေပြီဆိုတာကို သိရှိဖို့လိုပါတယ်။

ဒီရောဂါကူးစက်ခံရတာကို ပျောက်ကင်းအောင်မကုသဘူးဆိုရင် လူရဲ့ကျောက်ကပ်နဲ့အသည်းကို ပျက် စီးစေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ဦးနှောက်အမြှေးရောင် ရောဂါတို့ကို ဖြစ်စေ နိုင်ပါတယ်။ လူကိုသေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးဆက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

Leptospirosis ရောဂါကူးစက်ခံရတဲ့ လူနာတွေအနေနဲ့ ရောဂါကူးစက်ခံရရင် အဖျားကြီးတာ၊ ခေါင်း ကိုက်တာ၊ ချမ်းတုန်တာနဲ့ ကိုယ်လက်မအီမသာဖြစ်သလို ကြွက်သားတွေနာကျင်ကိုက်ခဲတာနဲ့ အော့ အန်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် အသားဝါဖြစ်တာ၊ မျက်လုံးတွေနီရဲတာတွေ၊ ဝမ်းဗိုက်အောင့် တာအပြင် ဝမ်းပျက်ဝမ်းလျောနဲ့ အရေပြားပေါ်မှာ အနီစက်တွေပေါ်တယ်လို့လည်း သိရပါတယ်။ ဒါတွေကတော့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာ တွေဖြစ်ပါတယ်။

ကြွက်ကနေတစ်ဆင့် ရောဂါတွေကူးဆက်မခံရအောင် ဘာတွေလုပ်သင့်ပါသလဲ။

ကြွက်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါက ကြွက်ကောင်ရေအနည်းအများပေါ် မူတည်နေပါတယ်။ ရောဂါကို သယ်ဆောင်ထားတဲ့ ကြွက်ကောင်ရေနည်းရင် ရောဂါဖြစ်တာနည်းမယ်၊ ကြွက်ကောင်ရေ များနေရင်တော့ ကိုယ့်ဆီကူးစက်လာနိုင်တဲ့ ရောဂါတွေက အများကြီးပါပဲ။

ကာကွယ်နည်းကတော့ သန့်ရှင်းရေးဆောင်ရွက်တာပါပဲ။ ကြွက်ကောင်ရေပွားလာတာဟာ အစာရှိလို့၊ နေရာရှိလို့ဖြစ်တာကြောင့် သူတို့အတွက် စားကြွင်းစားကျန်မရှိဘူး၊ နေဖို့အတွက် ရှုပ်ပွနေတဲ့နေရာတွေ မရှိဘူးဆိုရင် ဘယ်လိုမှအသက်မရှင်နိုင်ပါဘူး။ ပုံမှန်အားဖြင့် အစာလုံလုံလောက်လောက်ရရင် တစ်လ တစ်ခါလောက် သားပေါက်တယ်ဆိုပေမယ့်လည်း နေရာမရှိ၊ အစာမရှိရင် သူတို့သားပေါက်တဲ့နှုန်း ကျသွားပါလိမ့်မယ်။ 

မြို့ပြအနေအထားကို ကြည့်မယ်ဆိုရင် အမှိုက်နဲ့စားကြွင်းစားကျန်ကို ဘယ်လိုရှင်းမလဲဆိုတာ အရေး ကြီးဆုံးပါပဲ။ ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်က အမှိုက်နဲ့ စားကြွင်းစားကျန်တွေကိုရှင်းရမယ်။ ကာကွယ်တာ၊ နေ့စဉ်စောင့်ကြည့်တာနဲ့ နှိမ်နင်းတာ အဲ့သုံးခု မပေါင်းလို့မရဘူး။ အိမ်ပတ်ဝန်းကျင်မှာ သန့်ရှင်းဖို့က ဆုပေး၊ ဒဏ်ပေးစနစ်တွေ ရှိဖို့လိုအပ်ပါတယ်။ ရပ်ကွက်အလိုက် ဆောင်ရွက်ဖို့လိုပါတယ်။ ကြွက်မပေါ လာအောင်လုပ်ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။

ဖြည့်စွက်ပြောစရာရှိရင်လည်းသိပါရေစေ။

ကျွန်မတို့ရဲ့ အတွေ့အကြုံအရ တောင်သူတွေရဲ့ပတ်ဝန်းကျင်မှာနေတဲ့ ကြွက်က သန့်တယ်။ ခွဲကြည့်ရင် အသည်းလေးတွေက နီရဲနေပါတယ်။ မြို့ပြကကြွက်မှန်သမျှကတော့ ကျန်းမာရေးကမကောင်းပါဘူး။ မကောင်းတဲ့အတွက် ကြွက်ကနေရောဂါရဖို့က ပိုလွယ်ပါတယ်။

တောင်သူတွေအနေနဲ့ သတိပြုရမှာက ကြွက်ဖျက်လို့ ပျက်စီးတဲ့ဟာရယ်၊ ကြွက်သေးပန်းရောဂါရယ် ဒီနှစ်ခုကို သတိပြုသင့်တယ်။ မြို့နေလူတန်းစားကျတော့ ကြွက်ဖျက်လို့ပျက်တဲ့ဟာထက် ကြွက်ကနေ ကူးဆက်မယ့် ရောဂါတွေကို ပိုသတိထားသင့်ပါတယ်။

Source - Myanmar Times


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်