နွားကလေးတွေကို ရောင်းမယ်ဆို အရပ်ထဲက အလေးချိန်မှန်းတတ်တဲ့ သူကို ပြေးခေါ်နေရသေးလား။ ခုတော့ မခေါ်ရတော့ပါဘူး။ ကတ္တားနဲ့လည်း ချိန်စရာမလိုပါဘူး ကိုယ့်ဘာသာ မှန်းတတ်ရင်
(၁) အလေးချိန်သိတော့ တန်ဖိုးလည်း သိတယ်လေ။ လိမ့်တာ ပတ်တာ မခံရတော့ဘူးပေါ့။
(၂) အစားအစာကျွေးတာကို ပြန်ပြီး ချိန်လို့ရတယ်။ ကျွေးသားနဲ့ မကြီးဘူးပေါ့။ ဘာလိုလဲ ပြန်ချိန်လို့ရတယ်။
(၃) ဒီနွားမျိုးက ကြီးမြန်လား ငါမွေးရင် ကိုက် မကိုက်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ချလို့ရတယ်။
(၄) နေမကောင်းလို့ ဆေးတွေ ဘာတွေ ပေးရမယ်ဆိုလည်း သူ့အလေးချိန်နဲ့ သူ ဘယ်လောက်တော့ပေးသင့်တယ် ပေးရမယ်ဆိုတာကို နားလည်သွားတာပေါ့။ ဘာလိုလဲဆိုတော့ အများကြီး မဟုတ်ပါဘူး ဂဏာန်းပေါင်းစက်ရယ် ပေကြိုးရယ်ပဲ လိုပါတယ်။ ကဲ နွားကလေးနား သွားရအောင်။
(၁) Shaeffer ရဲ့ နည်းလမ်း သူ့ပုံသေနည်းက ဒီမှာ
အလေးချိန် (ပေါင်) = (L x G^2) / 300
L = ဆိုတာက ပခုံးကနေ မြှီးညောင်ရိုးထိ တိုင်းထားတဲ့ အလျား လက်မ
G = ဆိုတာက နွားကလေးရဲ့ လုံးပတ်။
သူ့ကိုကျ အပူဆုံးနေရာကနေ မတိုင်းရပဲနဲ့ နှလုံးရှိတဲ့နေရာကနေ တိုင်းပေးရပါတယ်။ လက်မနဲ့ပဲ တိုင်းပေးပါ။ သူ့နည်းနဲ့ အလေးချိန် တိုင်းတာမယ်ဆိုရင် အာမခံတယ် ၅ ကနေ ၁၀ ရာခိုင်နှုန်းပဲ လွဲမယ်။ G က ၂ ထပ်တင်ထားတယ်နော်။ ဆိုလိုတာက GxG ပါ။ အဲ့ဒါကျတော့ ထွက်လာရင် အလေးချိန်က ပေါင်နဲ့ ထွက်မှာပါ။ ဘယ်နှပေါင်လောက်ဆိုတာ ထွက်မှာပါ။ နောက်ပိုင်းမှာ ပိဿာ ပြန်ပြောင်းကြပါမယ်။
(၂) Aggarwalla ရဲ့ နည်းလမ်း
သူက ပထမနည်းလမ်းကို နည်းနည်းလေး ပြင်ပေးထားတာ။ Seer ဆိုတဲ့ အများမွေးကြတဲ့ မျိုးအတွက် အိန္ဒိယ က Aggarwalla က ပြင်ပေးလိုက်တာပါ။
အလေးချိန် (ပေါင်) = (G x L) / Y
L နဲ့ G က ပြောပြီးသား ဆိုတော့ Y က ဘာလဲ ဆိုတာ နည်းနည်း ရှုပ်နိုင်တယ်။ Y ဆိုတာက G နဲ့ ဆိုင်ပါတယ်။ ပြီးတော့
Y ရဲ့ တန်ဖိုးက G ကသာ 65 လက်မအောက် ငယ်ရင် 9 လို့ ယူရပါတယ်။
G က 65 လက်မ နဲ့ လက်မ 80 အောက် ဆိုရင် Y တန်ဖိုးက 8.5 လို့ ယူရပါတယ်။ G ကသာ လက်မ ၈၀ ထက်ကြီးရင် Y တန်ဖိုးကို 8 လို့ပဲ ယူရပါတယ်။
အဲ့လောက်ဆို တွက်လို့ရပြီဟုတ်။
(၃) Bennett ရဲ့ နည်းလမ်း
သူက Seer ဆိုတဲ့ မျိုးအတွက်ဆိုပြီး ထပ်ထွက်တာပါ။ G လက်မ ၆၃ လက်မကနေ လက်မ ၈၀ ကြားထဲက နွားတွေရဲ့ အလေးချိန်ကို တွက်တာ ဒီနည်းလမ်းက အရမ်းမှန်တယ်ပြောတယ်။ အဲ့တော့ ဖော်မြူလာကိုကြည့်ကြမယ်။
အလေးချိန် (ပေါင်) = 1.04(27.5758xG) - 1049.67
G ကို လက်မနဲ့ပဲ တိုင်းတာပါနော်။
နောက်ဆုံး နည်းလမ်း ဖြစ်တဲ့ နံပါတ် (၄) ကတော့ Trukhanovsky ရဲ့ နည်းလမ်းပါတဲ့။
တစ်ခုမှတ်ထားရမှာက သူရဲ့ အတိုင်းအတာတွေက စင်တီမီတာနဲ့ တိုင်းပါတယ်နော်။ ပြီးတော့ သူက နို့စားနွားရော၊ အသားစာူတဲ့ နွားရော တွက်ချက်လို့ရဖို့ တစ်ခု မှတ်ထားရပါမယ်။ နို့စားနွား အတွက်ဆို တန်ဖိုးက 2 ဖြစ်ပြီးတော့ အသားစားအတွက်ဆိုရင် တန်ဖိုးက 2.5 ဖြစ်ပါတယ်။ ပုံသေနည်းကို အောက်မှာ ကြည့်ကြရအောင်။
အလေးချိန်(ကီလီုဂရမ်) = (Gxlx2 or 2.5)/100
ဖြစ်ပါတယ်။
G က သိပြီးသား ဒါပေမဲ့ စင်တီမီတာနဲ့။
l (L အသေးပါ၊ 1 မဟုတ်ပါဘူးနော်) ကကျတော့ ပခုံး ၂ ခုကြားက အဖုလေးကနေ စတိုင်းမယ် အမြီးထွက်ထဲ ထိပ်နားထိ ကို စင်တီမီတာနဲ့ တိုင်းထားတဲ့ အတိုင်းအတာပါ။ သူက ထွက်လာတာ ကီလိုဂရမ်နဲ့ပါ အပေါ်က နည်း (၃) ခုက ပေါင်နဲ့ ထွက်မှာပါ။
အဲလိုဆိုတော့ ပိဿာကို ပြောင်းဖို့ ဆက်သွယ်ချက်လေးတွေ အောက်မှာ ရေးပေးထားပါတယ်။
၁ ပိဿာမှာ ၀. ၂၇၇၈ ကီလိုဂရမ် ရှိပါတယ်။
၁ ပိဿာမှာ ၀. ၆၁၂၄ ပေါင် ရှိပါတယ်။ ထွက်လာတဲ့ ပေါင်ဆို ပေါင်နဲ့ မြှောက်၊ ကီလိုဂရမ်ဆို ကီလိုဂရမ် တန်ဖိုးနဲ့ မြှောက်လိုက်ရင် အချိန်ဘယ်လောက်လဲ ဆိုတာ ရပြီပေါ့။ အဆင်ပြေကြပါစေလို့...
ထွန်းဝင်းကျော်
Reference
https://www.tractorsupply.com/tsc/cms/life-out-here/the-barn/livestock/how-to-calculate-cattle-weight
ယခုဆောင်းပါးသည် လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိကို "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" စာတန်းလေးများကို နှိပ်ပေးဖို့တောင်းဆိုပါရစေရှင်။