နွားကလေး အလေးချိန် မှန်းကြည့်မယ်
နွားကလေးတွေကို ရောင်းမယ်ဆို အရပ်ထဲက အလေးချိန်မှန်းတတ်တဲ့ သူကို ပြေးခေါ်နေရသေးလား။ ခုတော့ မခေါ်ရတော့ပါဘူး။ ကတ္တားနဲ့လည်း ချိန်စရာမလိုပါဘူး ကိုယ့်ဘာသာ မှန်းတတ်ရင်
(၁) အလေးချိန်သိတော့ တန်ဖိုးလည်း သိတယ်လေ။ လိမ့်တာ ပတ်တာ မခံရတော့ဘူးပေါ့။
(၂) အစားအစာကျွေးတာကို ပြန်ပြီး ချိန်လို့ရတယ်။ ကျွေးသားနဲ့ မကြီးဘူးပေါ့။ ဘာလိုလဲ ပြန်ချိန်လို့ရတယ်။
(၃) ဒီနွားမျိုးက ကြီးမြန်လား ငါမွေးရင် ကိုက် မကိုက်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ချလို့ရတယ်။
(၄) နေမကောင်းလို့ ဆေးတွေ ဘာတွေ ပေးရမယ်ဆိုလည်း သူ့အလေးချိန်နဲ့ သူ ဘယ်လောက်တော့ပေးသင့်တယ် ပေးရမယ်ဆိုတာကို နားလည်သွားတာပေါ့။ ဘာလိုလဲဆိုတော့ အများကြီး မဟုတ်ပါဘူး ဂဏာန်းပေါင်းစက်ရယ် ပေကြိုးရယ်ပဲ လိုပါတယ်။ ကဲ နွားကလေးနား သွားရအောင်။
(၁) Shaeffer ရဲ့ နည်းလမ်း သူ့ပုံသေနည်းက ဒီမှာ
အလေးချိန် (ပေါင်) = (L x G^2) / 300
L = ဆိုတာက ပခုံးကနေ မြှီးညောင်ရိုးထိ တိုင်းထားတဲ့ အလျား လက်မ
G = ဆိုတာက နွားကလေးရဲ့ လုံးပတ်။
သူ့ကိုကျ အပူဆုံးနေရာကနေ မတိုင်းရပဲနဲ့ နှလုံးရှိတဲ့နေရာကနေ တိုင်းပေးရပါတယ်။ လက်မနဲ့ပဲ တိုင်းပေးပါ။ သူ့နည်းနဲ့ အလေးချိန် တိုင်းတာမယ်ဆိုရင် အာမခံတယ် ၅ ကနေ ၁၀ ရာခိုင်နှုန်းပဲ လွဲမယ်။ G က ၂ ထပ်တင်ထားတယ်နော်။ ဆိုလိုတာက GxG ပါ။ အဲ့ဒါကျတော့ ထွက်လာရင် အလေးချိန်က ပေါင်နဲ့ ထွက်မှာပါ။ ဘယ်နှပေါင်လောက်ဆိုတာ ထွက်မှာပါ။ နောက်ပိုင်းမှာ ပိဿာ ပြန်ပြောင်းကြပါမယ်။
(၂) Aggarwalla ရဲ့ နည်းလမ်း
သူက ပထမနည်းလမ်းကို နည်းနည်းလေး ပြင်ပေးထားတာ။ Seer ဆိုတဲ့ အများမွေးကြတဲ့ မျိုးအတွက် အိန္ဒိယ က Aggarwalla က ပြင်ပေးလိုက်တာပါ။
အလေးချိန် (ပေါင်) = (G x L) / Y
L နဲ့ G က ပြောပြီးသား ဆိုတော့ Y က ဘာလဲ ဆိုတာ နည်းနည်း ရှုပ်နိုင်တယ်။ Y ဆိုတာက G နဲ့ ဆိုင်ပါတယ်။ ပြီးတော့
Y ရဲ့ တန်ဖိုးက G ကသာ 65 လက်မအောက် ငယ်ရင် 9 လို့ ယူရပါတယ်။
G က 65 လက်မ နဲ့ လက်မ 80 အောက် ဆိုရင် Y တန်ဖိုးက 8.5 လို့ ယူရပါတယ်။ G ကသာ လက်မ ၈၀ ထက်ကြီးရင် Y တန်ဖိုးကို 8 လို့ပဲ ယူရပါတယ်။
အဲ့လောက်ဆို တွက်လို့ရပြီဟုတ်။
(၃) Bennett ရဲ့ နည်းလမ်း
သူက Seer ဆိုတဲ့ မျိုးအတွက်ဆိုပြီး ထပ်ထွက်တာပါ။ G လက်မ ၆၃ လက်မကနေ လက်မ ၈၀ ကြားထဲက နွားတွေရဲ့ အလေးချိန်ကို တွက်တာ ဒီနည်းလမ်းက အရမ်းမှန်တယ်ပြောတယ်။ အဲ့တော့ ဖော်မြူလာကိုကြည့်ကြမယ်။
အလေးချိန် (ပေါင်) = 1.04(27.5758xG) - 1049.67
G ကို လက်မနဲ့ပဲ တိုင်းတာပါနော်။
နောက်ဆုံး နည်းလမ်း ဖြစ်တဲ့ နံပါတ် (၄) ကတော့ Trukhanovsky ရဲ့ နည်းလမ်းပါတဲ့။
တစ်ခုမှတ်ထားရမှာက သူရဲ့ အတိုင်းအတာတွေက စင်တီမီတာနဲ့ တိုင်းပါတယ်နော်။ ပြီးတော့ သူက နို့စားနွားရော၊ အသားစာူတဲ့ နွားရော တွက်ချက်လို့ရဖို့ တစ်ခု မှတ်ထားရပါမယ်။ နို့စားနွား အတွက်ဆို တန်ဖိုးက 2 ဖြစ်ပြီးတော့ အသားစားအတွက်ဆိုရင် တန်ဖိုးက 2.5 ဖြစ်ပါတယ်။ ပုံသေနည်းကို အောက်မှာ ကြည့်ကြရအောင်။
အလေးချိန်(ကီလီုဂရမ်) = (Gxlx2 or 2.5)/100
ဖြစ်ပါတယ်။
G က သိပြီးသား ဒါပေမဲ့ စင်တီမီတာနဲ့။
l (L အသေးပါ၊ 1 မဟုတ်ပါဘူးနော်) ကကျတော့ ပခုံး ၂ ခုကြားက အဖုလေးကနေ စတိုင်းမယ် အမြီးထွက်ထဲ ထိပ်နားထိ ကို စင်တီမီတာနဲ့ တိုင်းထားတဲ့ အတိုင်းအတာပါ။ သူက ထွက်လာတာ ကီလိုဂရမ်နဲ့ပါ အပေါ်က နည်း (၃) ခုက ပေါင်နဲ့ ထွက်မှာပါ။
အဲလိုဆိုတော့ ပိဿာကို ပြောင်းဖို့ ဆက်သွယ်ချက်လေးတွေ အောက်မှာ ရေးပေးထားပါတယ်။
၁ ပိဿာမှာ ၀. ၂၇၇၈ ကီလိုဂရမ် ရှိပါတယ်။
၁ ပိဿာမှာ ၀. ၆၁၂၄ ပေါင် ရှိပါတယ်။ ထွက်လာတဲ့ ပေါင်ဆို ပေါင်နဲ့ မြှောက်၊ ကီလိုဂရမ်ဆို ကီလိုဂရမ် တန်ဖိုးနဲ့ မြှောက်လိုက်ရင် အချိန်ဘယ်လောက်လဲ ဆိုတာ ရပြီပေါ့။ အဆင်ပြေကြပါစေလို့...
ထွန်းဝင်းကျော်
Reference
https://www.tractorsupply.com/tsc/cms/life-out-here/the-barn/livestock/how-to-calculate-cattle-weight
ယခုဆောင်းပါးသည် လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိကို "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" စာတန်းလေးများကို နှိပ်ပေးဖို့တောင်းဆိုပါရစေရှင်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....