အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်ရှိ

မြန်မာ့မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်ရှိ

Green Way
Green Way • Greenovator • 27/02/2019

မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများအပါအဝင် ဂျပန်လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ရခိုင်ပြည်နယ် ငပလီကမ်းခြေတွင် ဖေဖော်ဝါရီ ၂၁ ရက် မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ကျင်းပပြုလုပ်သည့် ရခိုင်ပြည် နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ တွင် ဂျပန်လုပ်ငန်းရှင်းများအနေဖြင့် ၎င်းအား လာရောက်တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်သည့် ငါးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေးနွေးပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဂျပန်နိုင်ငံက လုပ်ငန်းရှင်တော်တော်များများက မိမိတို့နိုင်ငံရဲ့ livestock & fisheries ကဏ္ဍကို တော်တော်လေး စိတ်ဝင်တစားရှိပြီးတော့ သူတို့နိုင်ငံရဲ့ ဒုတိယအကြီးဆုံး၊ တတိယအကြီးဆုံး ကုမ္ပဏီကြီးတွေကပါ ဝင်ရောက်ဖို့အတွက် တာဆူနေပြီဖြစ်ပါတယ်။ အဓိကကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့လည်း ဖြစ်ပေါ်လာမယ့် တိုးတက်မှုအခြေအနေများနဲ့ အတူ လိုက်လျောညီတွေရှိအောင် အားထုတ်ကြိုးပမ်းဖို့ အသိပေးပြောကြားတာဖြစ်ပါတယ်"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ပြည်တွင်းမှထုတ်လုပ်သော ငါးများကို ပြည်ပဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိအောင် မွေးမြူထုတ်လုပ်ရန် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် (GAqP) ဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံး၍ မွေးမြူထုတ်လုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တောင်သူများကို သင်တန်းပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ဂျပန်ကလည်း ကျွန်းနိုင်ငံဖြစ်တယ်။ ငါးကြိုက်တဲ့ လူမျိုးဖြစ်တယ်။ ဂျပန်ရဲ့ ငါးပုစွန်ဈေးကွက်ကလည်း အကြီးကြီးရှိတော့ မြန်မာပြည်ရဲ့ ငါးပုစွန်မွေးမြူရေးလုပ်ငန်းထဲမှာ ဂျပန်လူမျိုးတွေလာပြီးတော့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုလည်း ကျွန်တော်တို့က ဖိတ်ခေါ်နေတာပဲ။ ကျွန်တော်တို့ ဂျပန်တွေနဲ့ အများကြီးဆွေးနွေးဖူးတယ်။ ကျွန်တော်တို့ဆီလာရင် ကျွန်တော်တို့ ကြိုဆိုမှာပဲ။ လိုအပ်တာတွေ ဝိုင်းဝန်းပြီးတော့ ကူညီပါမယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

အသေးစားမွေးမြူရေးလုပ်ငန်းရှင်များအား အားပေးကူညီရန်၊ ငါးမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကောင်းမွန်သောစနစ်၊ မူဝါဒများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လာစေရန်၊ ငါးမွေးမြူရေးနည်းပညာများရရှိစေရန် ကူညီပံ့ပိုးမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စနစ်တကျလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမြင့်(ABM) ဖေဖော်ဝါရီ ၂၆ ရက်

 

You

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။