အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း

လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း

Thin Thazin
Thin Thazin • Greenovator • 22/01/2018

လေချူ  အပင်သည် အပူပိုင်း သစ်ပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အသီးမှာ စား၍ ရသည်။ အပူပိုင်းဒေသတွင်ပေါက်ရောက်သော ကျိချွဲသည့် အသီးပျော့မျိုးရင်းဝင်ဖြစ်ပြီး လူသိများသည့် အပင်တစ်မျိုးဖြစ်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အာရှတိုက်တောင်ပိုင်းဒေသ ဖြစ်သည်။ သိပ္ပံ အမည်မှာ Dimocarpus longan ဖြစ်သည်။

လေချူ  အသီးမှာ လိုင်ချီးသီးနှင့် ဆင်တူပြီး “လိုင်ချီးသီး၏ညီ” ဟုပင်  တင်စားခြင်းခံရသည်။ လိုင်ချီးသီးထက် အနည်းငယ်သေးပြီး လိုင်ချီးသီး အခွံထက် ပို၍ချောမွေ့သော အညိုဖျော့ရောင် ရှိသည်။ အရသာမှာ လိုင်ချီးသီးနှင့် ဆင်တူသည်။

(၁) အာဟာရပါ၀င်မှု

(အစေ့အလေးချိန်၁၀၀ဂရမ်တွင်ပါဝင်မှုဖြစ်သည်)

ကယ်လိုရီ       - ၆၀ဂရမ်

အဆီ              - ၀.၁ဂရမ်

ဆိုဒီယမ်          -၀ဂရမ်

ပိုတက်ဆီယမ်   -၂၂၆မီလီဂရမ်

ကာဘိုဟိုက်ဒြိတ်-၁၅.၁၄ဂရမ်

ကျေညက်သောအမျှင်-၁.၁ဂရမ်

ပရိုတင်း          -၁.၃၁ဂရမ်

ဗီတာမင်အေ    -၀%

ဗီတာမင္စီ       -၁၄၀%

ကယ်လစီယမ်   -၀%

သံဓာတ်                    -၁%

(၂) ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး

လေချူပင်ကိုအစာအိမ်ရောဂါ၊ အိပ်မပျော်ခြင်း၊ မကြာခဏသတိမေ့ခြင်းနှင့် ရေဖျဉ်းရောဂါများသက်သာစေရန်သုံးစွဲကြသည်။

၎င်းကိုပုံမှန်စားသုံးခြင်းဖြင့် သာမန်စွမ်းအားဖြည့် အားဆေးများထက်အကျိုးကျေးဇူး ပိုမိုရရှိနိုင်ပါသည်။

လေချူသီးသည် နှလုံးနှင့်သရက်ရွက်ကို ကျန်းမာသန်စွမ်းစေပြီး သွေးအားကောင်းမွန်ခြင်းနှင့်အာရုံကြောစနစ်ကိုကောင်းမွန်စေပါသည်။

ဗီယက်နမ်နိုင်ငံတွင်လေချူအစေ့၏ မျက်စိကို မြွေကိုက်ဒဏ်ရာတွင် အုံပေးခြင်းဖြင့် မြွေဆိပ်များကို စုပ်ယူနိုင်သည်ဟု လက်ခံ ယုံကြည်ကြသည်။

လေချူသီး အသားနှင့် သကြားကို ဆတူရော၍ ရေနှင့်ရောကာ ပျစ်ချွှဲသည်အထိ ကျိုပေးပြီး တစ်နေ့တစ်ဇွန်း သုံးစွဲနိုင်ပါသည်။

လေချူသီး အသား အခြောက်နှင့် ပြုလုပ်ထားသော အားဆေးကို အိပ်မပျော်ခြင်း၊ အာရုံကြော အားနည်းခြင်းနှင့် စိတ်ကျရောဂါများကုသရာတွင် သုံးကြသည်။

လေချူအစေ့သည် အလွန်အမင်းချွေးထွက်ခြင်းကို ကုသနိုင်ပါသည်။ အမှုန့်ကြိတ်ထားသောအစေ့တွင် saponin၊ tannin နှင့် အဆီပါဝင်ပြီး သွေးထွက်လွန်ခြင်းကို ဟန့်တားပေးနိုင်ပါသည်။

Royal Thazin

ကိုးကား- Fruits and Nutrition and Benefits App 

Wai Khant Ko

Wai Khant Ko

လွန်ခဲ့သော ၇ လ က

ကနစို နဲ့တူတာလား ကနစိုသီးလား

You

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 0 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။