ရှော့တိုက်မဖမ်းခြင်းဖြင့် သယံဇာတထိန်းသိမ်းမယ်

25/09/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ငါးသယံဇာတများကို မျိုးပြုန်းတီးစေသော အကြောင်းရင်းများစွာအနက် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးခြင်းသည် အဆိုးရွားဆုံးဖြစ်ပါ၏။ အကြောင်းမှာ ၎င်းငါးဖမ်းနည်းသည် သဘာဝရေပြင်တစ်နေရာ၌ လျှပ်စစ်ဓာတ်လွှတ်ကာ ထိုအဝန်းအဝိုင်းရှိ ကြီးကြီးငယ်ငယ် ရေသတ္တဝါမှန်သမျှကို ဓာတ်လိုက်သေဆုံးစေပြီးမှ ဖမ်းယူခြင်းကြောင့် ဖြစ်ပါ၏။ အဆင်မသင့်ပါက ငါးရှာသူကိုယ်တိုင် ဓာတ်လိုက်၍ အသက်သေဆုံးရခြင်းမျိုးလည်း ရှိပါသေးသည်။ 

   ကွန်ပစ်၊ ငါးမျှား၊ ပိုက်တား၍ ငါးရှာကြသည့် မိရိုးဖလာငါးဖမ်းနည်းများသည် ငါးများအပါအဝင် ရေသယံဇာတအားလုံးကို မျိုးသုဉ်းပျက်စီးသွားခြင်းမျိုး မဖြစ်ပေါ်စေပါ။ ကဏန်းထောင်၊ ငါးရှဉ့်ဖမ်း၊ ဒူးဖိ၊ လက်စမ်း၊ တစ်ဝမ်းတစ်ခါး ငါးရှာဖားရှာသူများကြောင့်လည်း ငါးများ ရှားပါးကုန်သည်ဟူ၍လည်း မရှိပါ။ အဘယ်ကြောင့်မှု ရေသတ္တဝါအားလုံးတို့သည် အသစ်တစ်ဖန် ပြန်လည်ပေါက်ဖွားခြင်းဖြင့် ရေသယံဇာတထုကို ပြန်လည် စုစည်းပေးနိုင်ကြ၍ ဖြစ်ပါ၏။

   မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာကြည့်ကာ အဆိပ်အတောက်များချ၍ ငါးဖမ်းခြင်း၊ မိုင်းခွဲခြင်း၊ ငါးဖမ်းခြင်းနှင့် ဘတ္တရီရှော့တိုက်ငါးဖမ်းခြင်းမျိုးသည်ကား သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်းမှ ငါးများအပါအဝင် အခြားသော ရေနေသတ္တဝါမျိုးစုံကို အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေပြီး အမှီသဟဲပြုရာ ငါးနေထိုင်ရာ ပတ်ဝန်းကျင်များ၊ ဂေဟစနစ်များကိုပါ ပျက်စီးစေကာ ရေသယံဇာတများအားလုံး မျိုးသုဉ်းပျေက်ကွယ်ကုန်ကြမည် ဖြစ်ပါသည်။

   ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံပိုင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်စားသုံးနိုင်ရေး အလို့ငှာ

(၁) ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းများဖြင့် ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း။

(၂) တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်ခြင်း။

(၃) တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်း။

(၄) တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်းဟူ၍ ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တားမြစ်ထားပါသည်။ ယင်းဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ် ကျပ် ၃၀၀၀၀ အထိ ဖြစ်စေ၊ ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည် ဖြစ်ပါသည်။ 

   ကံကြီးလွန်း၍ ရှော့တိုက်ဓာတ်လိုက်ခြင်းဘေးမှ မသေဘဲ ကျန်ရစ်ပါကလည်း ၎င်းငါးသည် မျိုးပွားအင်္ဂါများ ပျက်စီးသွားသည်ဖြစ်ရာ မျိုးဆက်သားပေါက်ပွားခြင်း မပြုနိုင်တော့ဘဲ မျိုးသုဉ်းစားရင်းသို့ အလိုအလျောက် ဆိုက်ရောက်သွားပြီ ဖြစ်ပါ၏။ 

   ယခုအခါတွင် ငါးမြင်း၊ ငါးမြင်းရင်း၊ ငါးကြောင်း၊ ငါးအုံတုံ တို့ကဲ့သို့ ငါးကြီးငါးကောင်းများ အပါအဝင် ရေချိုငါးမျိုးစိတ်အတော်များများများ ရှားပါးမျိုးသုဉ်းစာရင်းဝင်နေပြီ ဖြစ်ပါ၏။ သို့ဖြစ်၍ ယင်းသို့ နိုင်ငံပိုင်ရေသယံဇာတများ မျိုးပြန်းတီးသွားစေမည့် လုပ်ရပ်ဆိုးကြီးကို အမျိုးသားရေးတစ်ရပ်အသွင်ဖြင့် ကြပ်မတ်တားဆီးမှသာလျှင် အမြစ်ပြတ် လျော့ပါးနိုင်မည် ဖြစ်ပါ၏။

စံလွင် (ငါးဦးစီး) ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်