အာဟာရ ခလုတ်
အာဟာရ အုပ်စု (၃) စု ရှိတယ်မဟုတ်လားဟေ့။
ကြီးထွား အားဖြစ် ရောဂါ ကာကွယ် ဆိုပြီး မှန်တယ် မို့လားဝေ့။
အဲ့အာဟာရအုပ်စု (၃) စုလုံးမှာ အပင်တွေပါကြတာ ဟုတ်တယ်နော်။။
ကဲကဲ ဖြေနိုင်တဲ့ မေးခွန်းလေးတွေ မေးပြီးပြီဆိုတော့ အာဟာရ ကို အပင်တွေကချည်း ယူရမှာလား သူတို့ကရော ပြန်မယူဘူးလားဆိုတာကို ဆက်ပြောကြည့်ရအောင်
ပုံစံ (၂) မျိုး
အာဟာရ ရယူတဲ့ သတ္တဝါတိုင်းမှာ ပုံစံ (၂) မျိုးရှိပါတယ်။
ပထမတစ်မျိုးကHeterotrophs ဖြစ်ပြီးတော့ နောက်တစ်မျိုးက Autotrophs ပါ။
Heterotrophs
Heterotrophs ဆိုတာကတော့ သူတို့ဖြစ်ထွန်းဖို့အတွက်ကို တစ်ခြားသူဆီက အစာတွေ ယူရတဲ့ သူပါ။ သူတို့ကိုယ်တိုင် အစာချက်လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။ စဉ်းစားကြည့်ပါအုန်း။ အပင်တွေလိုသာ လေထဲက ဓာတ်ငွေ့တွေစုပ်ယူပြီးတော့ အစာချက်လုပ်နိုင်ကြမယ်ဆိုရင်လေ ကြက်သားကြော်လေး ငါးဟင်းလေး ငပိရည်လေးတွေ စားရတော့မှာ မဟုတ်ဘူးလေ။ အဲ့ စားဖို့ သောက်ဖို့ အတွက်လည်း ပိုက်ဆံ မကုန်တော့ဘူးပေါ့။ ဟဲ ဟဲ။
ကဲကဲ အဆုံးသတ်ကတော့ လှုပ်ရှားတယ် ရုန်းကန်တယ် ကြီးထွားတယ် စတဲ့ အသက်ရှင်ဖို့ လှုပ်ရှားတဲ့ ဇီဝကမ္မဖြစ်စဉ်တိုင်းမှာ တစ်ခြားသူ ချက်လုပ်ထားတဲ့ အစားအစာကို အားကိုးကြရတဲ့ သက်ရှိတွေကို Heterotrophs လို့ ခေါ်ပါတယ်။ မှီခိုသူများပေါ့။ အရမ်းသနားစဖွယ်ဆိုရင်တော့ အားကိုးရာရှာကြရသူများပေါ့လေ။ ဇာတ်နာအောင်ပေါ့။
Heterotrophs မှာ (၃) မျိုး
Herbivores - အပင်ပဲစားတယ်။
အစာထုတ်ပေးတဲ့ အပင်တွေကိုပဲစားပြီးတော့ ရှင်သန်ကြီးထွားကြတဲ့ သက်ရှိတွေကို ဆိုလိုပါတယ်။ ဥပမာပြောရရင် နွားတို့ ကျွဲတို့ပေါ့။ သူတို့က အပင်တွေကိုပဲစားတယ် မြက်စားတယ် ကောက်ရိုးစားတယ်။ သက်သက်လွတ်သမားတွေပါ။ သူတို့စားလိုက်တဲ့ စွမ်းအင်ကိုမှ ပြန်ပြောင်းပြီးတော့ နို့ တို့ အသားတို့ ဖြစ်ထွန်းလာတာပါ။
Omnivores - အပင်ရော အသားရော စားတယ်။
အထင်ရှားဆုံး ဥပမာက ဘာရှိလို့လဲ။ လူပေါ့။ အရွက်လည်းစားတယ် အသားလည်းစားတယ်။ စုံနေအောင်စားတယ်။ သူတို့က autotrophs တွေအပြင်ကို heterotrophs အချင်းချင်းလည်း ပြန်စားကြပါတယ်။ အာဟာရအားဖြင့် အားကိုးကြရပါတယ်။
Carnivores - အသားပဲစားတယ်။
Lion ကြီးတို့ အုပ်စု။ သူတို့ကျ အစာချက်လုပ်ပေးတဲ့ အဓိကရင်းမြစ်ကို မစားပါဘူး။ အဲ့ရင်းမြစ်ကို စားပြီးပြောင်းလဲလာတဲ့ အသားကိုပဲ စားတာပါ။
ဒါပေမဲ့ သူတို့ကလည်း မှီခိုကြရတဲ့သူတွေပါပဲ။ တိုက်ရိုက်အားဖြင့် မှီခိုတာမဟုတ်ပဲနဲ့ သွယ်ဝိုက်သော နည်းအားဖြင့် မှီခိုတာပါ။ မြက်ကို နွားစား၊ နွားကို ကျားကိုက်။ အဲ့ဒါပါပဲ။
Heterotrophs တွေထဲမှာ အပင်တွေပါသလား။
ပါတာပေါ့။ ကပ်ပါးပင်တွေ ရှိပါတယ်။ သူတို့က တစ်ခြားအပင်တွေမှာ ကပ်နေပြီး ကပ်နေတဲ့ အပင်ကနေပဲ အစာနဲ့ရေကိုယူပြီး ရှင်သန်ကြတာပါ။ အဲ့အပင်တွေဆို အစာချက်လုပ်နိုင်တာမျိုးမရှိပါဘူး။ နောက်တစ်ခုကမှိုတွေပါ။ မှိုတွေက သူတို့ကိုယ်တိုင် အစာချက်ပြီး ကြီးထွားလာတာမျိုးမဟုတ်ပဲနဲ့ တစ်ခြား အပင် အသားတွေကနေ အစာအာဟာရကို ယူပြီးတော့ ရှင်သန် လာကြတာပါ။ အဲ့အတွက် သူတို့ကလည်း အစာကို ဖန်တီးထုတ်လုပ်တဲ့ သူတွေထဲမှာ မပါပါဘူး။
နောက်တစ်ခုကတော့ အရောင်အသွေးတွေစုံလင်ပြီး လှပတဲ့ အင်းဆက်စားအပင်တွေပါ။ နတ်သမီးထောင်ချောက်လို အင်းဆက်ကိုစားပြီး အာဟာရပြန်ယူတဲ့ အပင်တွေဟာ အစာကို ကိုယ်တိုင် ပြန်မချက်လုပ်နိုင်ကြပါဘူး။ အဲ့လို အပင်တွေလည်းရှိပါတယ်။
Autotrophs
အားကိုးအားထားရာကြီးကတော့ Autotrophs ပါ။ သူတို့အတွက် အစာကို သူတို့ကိုယ်တိုင် ချက်လုပ် ဖန်တီးနိုင်ပါတယ်။ ပြေးမြင်မိတာ အပင်တွေ မဟုတ်လား။ အပင်တွေမှာ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီလ်း ပါတာကြောင့် နေရောင်ခြည်စွမ်းအင်နဲ့ ကာဗွန်နဲ့ရေတို့ကို အစာအဖြစ်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ အပင်တွေပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့။ တစ်ချို့ ဘက်တီးရီးယားလေးတွေကလည်း ကိုယ်တိုင် အစာချက်လုပ်နိုင်ကြပါတယ်တဲ့။ တကယ်လို့များ autotrophs တွေများ မရှိဘူးဆိုရင် ရေပဲသောက် လေပဲရှု ကြရတော့မှာပါ။ အဲ့ဒါဆိုတော့ တကယ် အရေးကြီးတာက autotrophs တွေပေါ့။
ခုဏ ကပြောခဲ့သလိုပဲ အပင်တိုင်းက အစာမချက်ကြပါဘူးနော်။ အစာမချက်ပဲ သူများဆီက အာဟာရကို ယူပြီးရှင်သန်ကြတဲ့ အပင်တွေလည်းရှိပါတယ်။
ကလေးတွေကို လက်ဆင့်ကမ်းပါ။ အရေးကြီးတာ တိုက်တွေတာတွေ မဟုတ်ပါဘူး။ ဂေဟစနစ် တည်တံ့ဖို့ဖြစ်ပါတယ်။ ပန်းတွေ ဆီက ဝတ်မှုန်စုပ်တဲ့ပျားကလေးတွေရှိလို့လည်း ပန်းကလေးတွေ ဖြစ်ထွန်းနေတာပါ။ အရာရာဟာ နင်ပြီးရင် ငါ့အလှည့်ချည်းပါပဲ။ ကိုယ် စိုက်တာ ကိုယ် လက်ခံရမှာပါ။
ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်ကြပါစေ။
ထွန်းဝင်းကျော်
Reference
https://study.com/academy/lesson/nutrition-autotrophic-heterotrophic.html
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....