ဒလမြို့နယ်အတွင်း ငါးလေလံဈေးတည်ဆောက်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တွင် စနစ်ကျသည့် ငါးဈေးကွက်တစ်ခုကို ပုံဖော်သွားရန်ရှိသဖြင့် ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရန် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
သြဂုတ်လ ၁၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် CITIC Myanmar ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံကာ ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
"ဒလတံတားပြီးသွားရင် ရန်ကုန်မြို့ထဲမှာရှိတဲ့ ငါးဆိပ်ကမ်းတွေရှိတယ်၊ ငါးဆိပ်ကမ်းတွေက ဟိုတစ်ပျောက် ဒီတစ်ပျောက် ဖြစ်နေတဲ့အတွက် တချို့ဒေသခံ ပြည်သူတွေက ငါးဆိပ်ကမ်းကို သိပ်မကျေနပ်ကျဘူး၊ ဘာကြောင့်လည်းဆိုတော့ အနံ့အသက်ရှိတယ်၊ နောက်တစ်ချက်က ရေပေါ့၊ ရေဆိုတာ ငါးဆိပ်ကမ်းရှိလို့ရှိရင် ရေခဲစက်က ရှိတာကိုး၊ ရေခဲစက်ရှိတော့ အဲဒီနားကလူတွေက ရေမရဘူးပေါ့၊ ဘာလို့ဆို စည်ပင်သာယာရေကို ရေခဲစက်တို့ကသုံးရင် ရပ်ရွာနဲ့ မျှသုံးရတယ်၊ အဲ့ဒီမှာ ဒီပြသနာတွေရှိတယ်။"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။
လက်ရှိတွင် ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ဒလတံတားကို တည်ဆောက်နေပြီး တံတားတည်ဆောက်မှု ပြီးစီးပါက ဒလဘက်ခြမ်းရှိ ကမ်းနားဧရိယာတွင် ငါးဈေးကွက်တစ်ခု ဖော်ဆောင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကြည့်မြင်တိုင် ငါးညဈေးတန်းတွင်လည်း ညဘက် ကုန်သေတ္တာယာဉ်များ ဖြတ်သန်းသွားလာနေသောကြောင့် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
အဆိုပါ ရန်ကုန် - ဒလ တံတားစီမံကိန်းကို ၂၀၂၂ ခုနှစ် နှစ် ဆန်းပိုင်းတွင် ပြီးစီးရန် တိုင်းအစိုးရအဖွဲ့က မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ
Sawsamson • ဖြေကြားချက် 1 ခု
2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်
Kyi Phyu Myint • ဖြေကြားချက် 2 ခု
ဝါဉဝယ်လိုသူများရှိပါသလာ
Sar Kar • ဖြေကြားချက် 1 ခု
ဆောင်းစပါးအတွက်။ ဘယ်ရက်က စပြီး မျိုးကြဲရလဲဆရာ။ စောလွန်းရင်လဲ စပါးမထွက်မှာဆိုးလို့။ လယ်တွေက။ ကုန်းလယ်မို့။ ရေက သိပ်မရှိတော့ဘူး ကြဲရင် ဘယ်ရက်ကစ။ ကြဲရက်ဝင်လဲ ဖြေပေးပါအုန်းဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026