လောင်စာသက်သာ မီးဖို ပြုလုပ်နည်း (See also English version)

17/01/2018 11:23 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြုလုပ်မည့် အရွယ်အစား
အလျား ၂ ပေခွဲ (၃၀ လက်မ)၊ အနံ ၁ ပေ (၁၂ လက်မ)၊ အမြင့် ၁၀ လက်မ။

လိုအပ်သော ပစ္စည်းများ
(၁) ရွံ့ နှင့် စင်းထားသော ကောက်ရိုး၊ စပါးခွံများ
(၂) ၃ လက်မ ခေါင်းတိုင်
(၃) ဂေါ်ပြား၊ ဓါး၊ ပေတံ
(၄) အချင်း ၇ လက်မ ရှိ မီးခြမ်းပြား
(၅) အချင်း ၇ လက်မ ရှိ မို နှင့် အချင်း ၃ လက်မ ရှိ မို
(၆) ဆား ၁၅ ကျပ်သားခန့်

ပြုလုပ်နည်း
အဆင့် ၁။ ခွဲတောင်းဖြင့် ရွံ့ ၅ တောင်းမှ ၁၀ တောင်းကို စင်းဖြတ်ထားသော ကောက်ရိုး (၅-၁၀ တောင်း)၊ ရေ၊ ဆား တို့နှင့် သမအောင် ရောနယ်ပါ။ (နွားချေး ၁၀% ထည့်လျှင်လည်း ရသည်။)
အဆင့် ၂။ အလျား ၃၀ လက်မ၊ အနံ ၁၂ လက်မ၊ အမြင့် ၁၀ လက်မ ရှိသော သိပ်သည်းသော လေးထောင့် ရွံ့တုံး ရအောင် ပြုလုပ်ပါ။
အဆင့် ၃။ မီးဖိုပေါက်-၁ ပြုလုပ်ခြင်း
ရွံ့တုံး ၏ အပေါ်ဘက် တစ်ဖက် အစွန်းမှ ၃ လက်မ အကွာတွင် ၇လက်မ အချင်းရှိ မိုကို ၈ လက်မ အနက်အထိ ဖိချပါ။ အတွင်းရှိ ရွံ့များကို ထုတ်ပစ်ပါ။ မိုကို ဖယ်ပါ။ ကျန်သော ၂ လက်မအထူ ရွံ့ကို မီးခြမ်းပြား တင်နိုင်ရန် ဓါးဖြင့် ဘေး ၁ လက်မ ချန်၍ ဖယ်ထုတ်ပါ။ မီးခြမ်းပြားကို နေရာကျအောင် ထားပါ။
အဆင့် ၄။ မီးဖိုပေါက် -၂ ပြုလုပ်ခြင်း
မီးဖိုပေါက် - ၁ နှင့် ၃ လက်မအကွာတွင် ၇ လက်မ မိုကို အတွင်းသို့ ၄ လက်မ အနက်ရောက်အောင် ဖိချပါ။ အတွင်းရှိ ရွှံ့များကို ဖယ်ထုတ်ပါ။ မိုကို ဖယ်ထုတ်ပါ။
အဆင့် ၅။ မီးဖိုပေါက်-၁ နှင့် ၂ ကြားရှိ လေလမ်းကြောင်းပေါက်ကို ပုံတွင် ပြထားသည့် အတိုင်း အကျယ် ၄ လက်မခန့် ရရှိအောင် ဓါးသုံး၍ ထွင်းထုတ်ပါ။ မီးညွန့်များကို မီးခိုးခေါင်းတိုင်ဘက် မကူးစက်စေရန် နှင့် မီးခိုးများသာ ခေါင်းတိုင်ပေါက်မှ ထွက်သွားစေရန် မီးတားရွံ့တုံး ကို ထားပေးပါ။
အဆင့် ၆။ မီးခိုးခေါင်းတိုင် ပြုလုပ်ခြင်း
မီးဖိုပေါက်-၂ (၇လက်မ ဒုတိယပေါက်) နှင့် ၃ လက်မ အကွာတွင် အချင်း ၃ လက်မ ရှိ မိုကိုသုံး၍ ၆ လက်မခန့် ဖိချပါ။ မိုကိုဖယ်ပါ။ အတွင်းရှိ ရွံ့များကို ဖယ်ထုတ်ပါ။
အဆင့် ၇။ ထင်းထိုးပေါက် ပြုလုပ်ခြင်း
ရွံ့တုံး၏ ထိပ်ဘက် မျက်နှာဝတွင် ၆ လက်မ ထင်းထိုးပေါက် ရရှိရန် အတွက် အောက်ခြေမှ ၂ လက်မ အကွာ ခွါ၍ ဓါးဖြင့် ဖောက်ပါ။ မီးဖိုပေါက်-၁ (၇ လက်မ ပထမပေါက်) အထိ ရောက်အောင် ထိုးသွင်းပါ။ အတွင်းရှိ ရွံ့များကို ထုတ်ပစ်ပါ။ ပုံတွင် ပြထားသော ထင်းထိုးပေါက် ပုံစံ အတိုင်း ရရှိစေရန် ဓါးသုံး၍ ထွင်းပါ။

အဆင့် ၈။ မီးဖိုပေါက်-၂ (၇ လက်မ ဒုတိယပေါက်) နှင့် ခေါင်းတိုင်ပေါက်ကြားရှိ လေလမ်းကြောင်းပေါက်ကို ဓါးကို အသုံးပြု၍ ပုံပါ အတိုင်း ထွင်းပါ။ အကျယ်သည် ၃ လက်မခန့် ရှိရမည်။
အဆင့် ၉။ မိမိနေအိမ်တွင် အမြဲ အသုံးပြုမည့် အိုးတစ်လုံး ယူ၍ အပေါက်များပေါ်တွင် ဖိပြီး ဘယ်ညာလှည့်ပေးပါ။ သို့မှသာ အိုးနှင့် မီးဖိုကြား အံဝင်ခွင်ကျ ဖြစ်ပြီး ချက်ပြုတ်နေစဉ် မီးခိုးဘေးသို့ မထွက်ဘဲ အပူ ဆုံးရှုံးမှုကို သက်သာစေသည်။
အဆင့် ၁၀။ မီးဖိုကို ၃-၅ ရက်ခန့် ခြောက်အောင်ထားပါ။ မိုးရာသီတွင် ၇-၁၀ ရက်ခန့် ထားရမည်။ ပြီးလျှင် မီးမွှေး၍ မီးဖိုခြောက်အောင် ပြုလုပ်ပါ။ အက်ကြောင်းပေါ်လာပါက ရွံ့အစိုဖြင့် ပြန်ဖာပေးပါ။ ခေါင်းတိုင် တပ်ဆင်ပေးပါ။ မီးဖိုကို ပြာနှင့် ရေတို့ဖြင့် အချောကိုင်ပါ။

သတိပြုရမည့် အချက်များ
၁။ မီးဖိုကို အသုံးပြုစဉ် မိမိ အသုံးမပြုလိုသော အပေါက်ကို ကျောက်ပြား (သို့) အိုးဖြင့် ဖုံးထားပါ။
၂။ မီးဖို အက်လာလျှင် ရွံ့ကို ထမင်းရည်ဖြင့် ဖျော်၍ သုတ်ပေးပါ။
၃။ ပြာများကို မကြာခဏ ဖယ်ရှားပေးပါ။
၄။ အပေါက်ထက် သေးငယ်သော အိုးကို သုံးလိုပါက မိမိသုံးမည့် အိုးနှင့် သင့်တော်သော အပေါက်ပါရှိ၍ ၇ လက်မ အပေါက်ကို ဖုံးအုပ်နိုင်သော သံပြား (သို့) ဒန်ပြားဖြင့် သုံးသင့်သည်။
၅။ အကောင်းဆုံး မီးဖိုခေါင်းတိုင် အမြင့်မှာ ၃ ပေ ဖြစ်ပါသည်။

လောင်စာသက်သာ ထင်းမီးဖိုပြုလုပ်သုံးစွဲခြင်း၏အကျိုးကျေးဇူး

  • ထင်းလောင်စာကို ထက်ဝက်မှ သုံးပုံနှစ်ပုံအထိ လျှော့ချနိုင်သည်။
  • အချိန်ကုန်သက်သာစေသည်။
  • ကျန်းမာရေးအတွက် ပိုမိုသင့်တော်သည်။
  • မီးဘေးအန္တရယ် ပိုမိုစိတ်ချရသည်။
  • သန့်ရှင်းမှုရှိပြီး ပြုပြင်ထိန်းသိမ်းရလွယ်ကူစေသည်။

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်