ဘက်စုံသုံး ဆပ်ပြာရည် ပြုလုပ်နည်း
ဤဘက်စုံသုံး ဆပ်ပြာဆီ ပြုလုပ်နည်းကို စာရေးသူ၏ ကိုယ်တွေ့အားရေးသားပါသည်။ ပြုလုပ်၍ရောင်းချပါက အိမ်တွင်း ဝင်ငွေရရှိနိုင်သလို မိမိ ကိုယ်တိုင် ပြုလုပ် သုံးစွဲပါကလည်း အဖိုးနှုန်း ချိုချိုဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ
၁။ SLES or N 70 ( Sodium laureth sulfate) ပျစ်ဆေး အဆီ/အနှစ် ၁ကီလိုဂရမ်
၂။ SLS (sodium lauryl sulfate) ချေးချွတ်ဆေး အချောင်း ဝ.၅ကီလိုဂရမ်
၃။ NaCL (sodium Chloride) အမြှုပ်အားကောင်းဆေး အမှုန့် ဝ.၅ကီလိုဂရမ်
၄။အနံ့ မိမိနှစ်သက်ရာ (အသီး၊ ပန်း)
လိုအပ်သော ပစ္စည်း ကိရိယာများ
၁။ သန့်ရှင်းသောရေ ၁၀ လီတာ (ရေသန့်ဗူးကြီး ၁၀ ဘူး)
၂။ ပုံး (သံသို့မဟုတ် စတီးကိုမသုံးသင့်ပါ) ရေ ၁၀လီတာဝင်ဆန့်သောပုံး
၃။ ယောင်းမကြီး(သို့) သန့်ရှင်းခိုင်ခန့်သောတုတ်ချောင်း မွှေရန်
ဆပ်ပြာဆီဖော်စပ်နည်း အဆင့်ဆင့်
N70ကိုရေသန့် ၁၀လီတာ (ရေသန့်ဗူး၁၀ဗူး) အတွင်းမွှေဖျော်ပါ။ မွှေဖျော်ရာတွင် အနှစ်များ အားလုံးပျော်ဝင်အောင်မွှေပါ။ SLS (ချေးချွတ်ဆေး) အချောင်း ကလေးများ ထည့်ပါ။ SLS(ချေးချျွတ်ဆေး အချောင်း) များ အားလုံးပျော်ဝင်သွားပြီ ဆိုပါက NaCl (အမြှပ် အားကောင်း ဆေးမှုန့်)ဆားကို ထည့်၍မွှေပါ။ ဆေးပြစ်လာပါမည်။ NaClများပျော်ဝင်ပြီးပါက မိမိ နှစ်သက်ရာ အသီး သို့ ပန်းအနံ့ကို ထည့်မွှေပါ။ ထို့နောက် ၈နာရီ ကြာထားပြီးလျှင် သုံးစွဲနိုင်ပါပြီ။
ရနံ့အတွက်
မိမိ နှစ်သက်ရာ အသီးအနှံ၏အခွံများ၊ ပန်းများ ကိုရေ၂လီတာတွင် ထည့်ပြုတ်ပါ။ အခွံများကို မိမိ နှစ်သက်သလောက် ထည့်နိုင်ပါတယ်။ ဥပမာ- သံပုရာ အနံအား နှစ်သက်သည်ဆိုပါစို့ သံပုရာသီး အခွံအား နူးအိအောင် ပြုတ်ပါ။ ပြီးနောက် အဖတ်များကို စစ်ထုတ်ပြီး အရည်ကို ထည့်ပါ။
* သတိပြုရန်မှာ အသီး ပြုတ်ရည်၏ ပမာဏကို ဆပ်ပြာရည်ဖျော်စပ်ရာတွင်လျော့၍ ထည့်ရပါမယ်။
ကုန်ကျစရိတ်မှာ မြန်မာငွေ၄၀၀၀ ကျပ်ဝန်းကျင်သာ ကျသင့်ပါသည်။
မိုးပန်းဖြူ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကပစ္စည်းတွေ ဘယ်လိုဆိုင်မှာဝယ်ရမလဲ
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026