အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်အခြေခံ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်း

အပင်အခြေခံ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်း

Green Way
Green Way • 12/01/2018

နနွင်း (Turmeric) ပိုးသတ်ဆေး
စားသုံးပင် အဖြစ်လည်းကောင်း၊ ပရဆေးပင် အနေဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ မြန်မာ့ ဟင်းလျာများတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ စားသုံးဆီများတွင် ပါဝင်သော အဆိပ်ကို သတ်ရန်အတွက် လည်းကောင်း (ဆီသတ်သည်)၊ အရောင်လိုအပ်ချက် အရလည်းကောင်း အသုံးပြုကြသည်။ အိန္ဒိယ၊ အရှေ့တောင်အာရှ နိုင်ငံများတွင် စိုက်ပျိုးပြီး ဥရောပသို့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် ရောင်းဝယ်ဖောက်ကားကြသည်။ ရေမဝပ်သော နုန်းမြေ၊ မြေနုကျွန်းမြေ များတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

အသုံးပြုနိုင်သော အစိတ်အပိုင်း - နနွင်းတတ် (Rhizome)
စွမ်းအင် သတ္တိ - ပိုးသတ်ဆေး(Insecticide)၊ တွန်းကန်ဆေး(Repellent)
နှိမ်နှင်းနိုင်သော ပိုးမွှားများ - ငမြှောင်တောင်/ ပိုးနဂါး၊ ပဲပိုးထိုး၊ ဆန်ပိုးထိုး၊ ခေါင်းလုံးကျိုင်း၊ မွှား၊ မုန့်ညက်ထိုး ပိုး၊ ခူကောင်များ။

အသုံးပြုနည်း
နည်း(၁)။ ။ နနွင်းတတ်များကို အခြောက်ခံ အမှုန့်ထောင်း၍ နွားကျင်ငယ်ရည်ဖြင့် (၁ : ၂) သို့ (၁ : ၆) ရောစပ်၍ ပက်ဖြန်းပေးဖြင်းဖြင့် ခူကောင်များကို နှိမ်နင်းနိုင်သည်။

နည်း(၂)။ ။ နနွင်းမှုန့်ဖျော်ရည်တွင် ဂုန်လျှော်ကြိုးများကို နှစ်စိမ်ကာ စိုက်ခင်းများပေါ်တွင် တန်း၍ချည်ထားခြင်းဖြင့် ပိုးများကို တွန်းကန်သော အာနိသင်ရှိသည်။

နည်း(၃)။ ။ နနွင်းတက်များကို အခြောက်လှမ်း အမှုန့်ထောင်း၍ Acetone တွင် ဖျော်စပ်ပြီး ဖျော်ရည်တစ်ဆ ရေငါးဆရော၍ ပက်ဖျန်းခြင်းဖြင့် ငမြှောင်တောင်/ ပိုးနဂါးများကို ၂ရက် အတွင်း ၉၀ - ၁၀၀ ရာခိုင်နှုန်း သုတ်သင် နိုင်စွမ်း ရှိသည်။

နည်း(၄)။ ။ အစေ့အဆန်များကို နနွင်းမှုန့် (၂) ရာခိုင်နှုန်းနှင့် ရောစပ်မွှေသမပြီး သိုလှောင် ပါက ဆန်စေ့ထိုးပိုး၊ ခေါင်းလုံးကျိုင်းများ ကာကွယ်ပေးနိုင်သည်။

ခရမ်းချဉ် (TOMATO) ပိုးသတ်ဆေး
မြန်မာဟင်းလျာများတွင် မရှိမဖြစ် မီးဖိုချောင်းသုံး သီးနှံပင်ဖြစ်သည်။ မြန်မာပြည်အထက်ပိုင်း နှင့် ရှမ်းပြည်နယ်တွင် အကြီးအကျယ်စိုက်သည်။ ခရမ်းချဉ်တွင် ခြုံပုတ်အမျိုးအစားနှင့် နွယ် အမျိုးအစားဟု နှစ်မျိုးရှိရာ ခြံပုတ်အမျိုးအစား ခရမ်းချဉ်ကို ပိုးသတ်ဆေးအဖြစ် အသုံးပြုသင့် သည်။

အသုံးပြုနိုင်သော အစိတ်အပိုင်း - အရွက်၊ ပင်စည်။
စွမ်းအင်သတ္တိ - တွန်းကန်အားဆေး(Repellent) ပိုးကောင်များ ဥမအုစေရန် တားဆီး သည်။
နှိမ်နှင်းနိုင်သော ပိုးများ - ဂေါ်ဖီထုပ်လိပ်ပြာ Cabbage worm၊ စိန်ကွက်ဖလံDiamond back moth

အသုံးပြုနည်း
အသီးခူးပြီးသော ခရမ်းချဉ်တစ်ပင်လုံးကို တောက်တောက်စင်းပြီး ရေနွေးဆတူနှင့် (၅) နာရီ ကြာ စိမ်ထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချညစ်ယူပြီး ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပင်များ တွင် ပက်ဖျန်းခြင်းဖြင့် ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံများကို တားဆီးကာကွယ်နိုင်သည်။ အထူး သဖြင့် လိပ်ပြာဖလံ အကောင်ကြီးဖြစ်ပြီး ဥများအုကာနီးအချိန်တွင် ပက်ဖျန်းပေးခြင်းဖြင့် အပင် ပေါ်တွင် ဥများအုခြင်းကို ကာကွယ်ပေးသည်။

မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း) စုစည်းထားပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ

U Yan • ဖြေကြားချက် 2 ခု

ဝါပင် အပေါက်မလှလို့ ဘာဆေး ကောင်းလဲဗျ

ကိုကျော်လေး • ဖြေကြားချက် 4 ခု

ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ

ဘိုဘို • ဖြေကြားချက် 1 ခု

(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေး‌ေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ

aungsoe • ဖြေကြားချက် 2 ခု

ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း

ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။