အပင်အခြေခံ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်း

12/01/2018 10:32 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နနွင်း (Turmeric) ပိုးသတ်ဆေး
စားသုံးပင် အဖြစ်လည်းကောင်း၊ ပရဆေးပင် အနေဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ မြန်မာ့ ဟင်းလျာများတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ စားသုံးဆီများတွင် ပါဝင်သော အဆိပ်ကို သတ်ရန်အတွက် လည်းကောင်း (ဆီသတ်သည်)၊ အရောင်လိုအပ်ချက် အရလည်းကောင်း အသုံးပြုကြသည်။ အိန္ဒိယ၊ အရှေ့တောင်အာရှ နိုင်ငံများတွင် စိုက်ပျိုးပြီး ဥရောပသို့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် ရောင်းဝယ်ဖောက်ကားကြသည်။ ရေမဝပ်သော နုန်းမြေ၊ မြေနုကျွန်းမြေ များတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

အသုံးပြုနိုင်သော အစိတ်အပိုင်း - နနွင်းတတ် (Rhizome)
စွမ်းအင် သတ္တိ - ပိုးသတ်ဆေး(Insecticide)၊ တွန်းကန်ဆေး(Repellent)
နှိမ်နှင်းနိုင်သော ပိုးမွှားများ - ငမြှောင်တောင်/ ပိုးနဂါး၊ ပဲပိုးထိုး၊ ဆန်ပိုးထိုး၊ ခေါင်းလုံးကျိုင်း၊ မွှား၊ မုန့်ညက်ထိုး ပိုး၊ ခူကောင်များ။

အသုံးပြုနည်း
နည်း(၁)။ ။ နနွင်းတတ်များကို အခြောက်ခံ အမှုန့်ထောင်း၍ နွားကျင်ငယ်ရည်ဖြင့် (၁ : ၂) သို့ (၁ : ၆) ရောစပ်၍ ပက်ဖြန်းပေးဖြင်းဖြင့် ခူကောင်များကို နှိမ်နင်းနိုင်သည်။

နည်း(၂)။ ။ နနွင်းမှုန့်ဖျော်ရည်တွင် ဂုန်လျှော်ကြိုးများကို နှစ်စိမ်ကာ စိုက်ခင်းများပေါ်တွင် တန်း၍ချည်ထားခြင်းဖြင့် ပိုးများကို တွန်းကန်သော အာနိသင်ရှိသည်။

နည်း(၃)။ ။ နနွင်းတက်များကို အခြောက်လှမ်း အမှုန့်ထောင်း၍ Acetone တွင် ဖျော်စပ်ပြီး ဖျော်ရည်တစ်ဆ ရေငါးဆရော၍ ပက်ဖျန်းခြင်းဖြင့် ငမြှောင်တောင်/ ပိုးနဂါးများကို ၂ရက် အတွင်း ၉၀ - ၁၀၀ ရာခိုင်နှုန်း သုတ်သင် နိုင်စွမ်း ရှိသည်။

နည်း(၄)။ ။ အစေ့အဆန်များကို နနွင်းမှုန့် (၂) ရာခိုင်နှုန်းနှင့် ရောစပ်မွှေသမပြီး သိုလှောင် ပါက ဆန်စေ့ထိုးပိုး၊ ခေါင်းလုံးကျိုင်းများ ကာကွယ်ပေးနိုင်သည်။

ခရမ်းချဉ် (TOMATO) ပိုးသတ်ဆေး
မြန်မာဟင်းလျာများတွင် မရှိမဖြစ် မီးဖိုချောင်းသုံး သီးနှံပင်ဖြစ်သည်။ မြန်မာပြည်အထက်ပိုင်း နှင့် ရှမ်းပြည်နယ်တွင် အကြီးအကျယ်စိုက်သည်။ ခရမ်းချဉ်တွင် ခြုံပုတ်အမျိုးအစားနှင့် နွယ် အမျိုးအစားဟု နှစ်မျိုးရှိရာ ခြံပုတ်အမျိုးအစား ခရမ်းချဉ်ကို ပိုးသတ်ဆေးအဖြစ် အသုံးပြုသင့် သည်။

အသုံးပြုနိုင်သော အစိတ်အပိုင်း - အရွက်၊ ပင်စည်။
စွမ်းအင်သတ္တိ - တွန်းကန်အားဆေး(Repellent) ပိုးကောင်များ ဥမအုစေရန် တားဆီး သည်။
နှိမ်နှင်းနိုင်သော ပိုးများ - ဂေါ်ဖီထုပ်လိပ်ပြာ Cabbage worm၊ စိန်ကွက်ဖလံDiamond back moth

အသုံးပြုနည်း
အသီးခူးပြီးသော ခရမ်းချဉ်တစ်ပင်လုံးကို တောက်တောက်စင်းပြီး ရေနွေးဆတူနှင့် (၅) နာရီ ကြာ စိမ်ထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချညစ်ယူပြီး ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပင်များ တွင် ပက်ဖျန်းခြင်းဖြင့် ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံများကို တားဆီးကာကွယ်နိုင်သည်။ အထူး သဖြင့် လိပ်ပြာဖလံ အကောင်ကြီးဖြစ်ပြီး ဥများအုကာနီးအချိန်တွင် ပက်ဖျန်းပေးခြင်းဖြင့် အပင် ပေါ်တွင် ဥများအုခြင်းကို ကာကွယ်ပေးသည်။

မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း) စုစည်းထားပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်