ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်း

02/08/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘာတွေလဲဆိုတော့ ဗေဒါပေါ့။ သူကတော့မြန်မာလို ဗေဒါပေါ့။ အင်္ဂလိပ် - Water Hyacinth၊ သိပ္ပံနာမည်နဲ့ဆိုရင် Eichornia crassipes လို့ ခေါ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရေထဲမှာနေတဲ့ အပင်။ ရေနေပင်ပေါ့။ အရမ်းပွားမြန်ပြီး ချောင်းရိုးကို ပြည့်စေနိုင်တာကလည်း သူ့ရဲ့ မကောင်းတဲ့အချက်လေး တစ်ချက်ပါပဲ။ အဲ့မကောင်းတဲ့အချက်ကိုပဲ ယူပြီးတော့ တစ်ချက်ခုတ် နစ်ချက်ပြတ် ဆိုတာလေးကို လိုက်ကြည့်လိုက်တာပေါ့။ 

ပြဿနာ

ဗေဒါကတော့ သမပိုင်းဒေသတွေမှာ အများဆုံးတွေ့ရနိုင်တယ်။ သူက အရမ်းများလာပြီဆိုရင် ရေထဲမှာ သူတို့ချည်းပဲ။ ခရမ်းရောင်အပွင့်၊ နဲ့ အစိမ်းရောင်အရွက်တွေချည်းပဲ၊ တက်နင်းမိရင်တောင် ရေထဲ မကျဘူးလို့ ထင်ရတဲ့အထိပါပဲ။ အချိန်အကြာကြီးထားလိုက်ရင် သက်တမ်း (၂၀) ကနေ (၂၅)နှစ် လောက်တောင်ကြာနိုင်ပါတယ်။ 

မြေဆွေးပုံ ပြုလုပ်ခြင်း

ဗေဒါတွေကို ရေထဲကနေ ဆယ်ထုတ်လိုက်ရင် မြန်မြန်ခြောက်လွယ်ပါတယ်။ ရိုးရိုးမြေဆွေးပုံသလို အဆင့်လေးတွေကို လိုက်ကြည့်လိုက်တော့ လွယ်ပါ့။ ဗေဒါတွေဆိုတာကလည်း ချောင်းထဲမှာ ကြပ်သိပ်နေအောင် ပေါက်နေတယ်ဆိုရင်တော့ ရွှေတွင်းကြီးပေါ့။ အဆင့်လေးတွေကိုလုပ်ကြည့်တာပေါ့။

အဆင့် (၁) လိုက်ပြီးတော့ ရိတ်သိမ်းတဲ့အဆင့်ပါ။ ဘာခက်လို့တုန်း၊ လှေလေးကိုလှော်ပြီး မဗေဒါတွေကို လိုက်ဆည်နေရုံအဆင့်လေးပါ။

အဆင့်(၂) (၃) ရက်လောက်ကို နေပူလှမ်းပစ်လိုက်ပါ။

အဆင့် (၃) အားရှိပါးရှိသာ ခုတ်ထစ်လိုက်ပါ။ သူက အပွဆိုတော့ ခုတ်လို့ ထစ်လို့ကောင်းမှကောင်း

အဆင့် (၄) ပြီးတော့ မြေဆွေးပုံသလို ပြန်ပြီးတော့ ပုံပေးရမှာဖြစ်ပါတယ်။ ဗေဒါတစ်ထပ်၊ နွားချေးတစ်ထပ်၊ လွှစာလို အဆွေးတွေကတစ်ထပ် အထပ်လိုက် (၃) လွှာလောက်လုပ်ရင် ရပါပြီ။

အဆင့် (၅) (၃)လလောက်ထားရပါမယ်။ ကြားထဲအဆင့်တွေမှာ မြေဆွေးပုံကို အပေါ်အောက်လှန်ပေးတာမျိုး လုပ်ပေးရပါမယ်။ 

အဲ့လို အဆင့်လေးတွေ လိုက်လုပ်ရင် ကိုယ့်အတွက် မြေဆွေးလုပ်ဖို့ သစ်ရွက်ဆွေးတွေစုရတဲ့အချိန်လည်း သက်သာပါတယ်။

ဗေဒါကနေလုပ်ထားတဲ့မြေဆွေးကို ထည့်ပေးမယ်ဆိုရင် သူ့မှာက နိုက်ထရိုဂျင်ပါဝင်မှုများတာကြောင့် မြေပြင်ချိန်မှာထည့်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ မြေမှာအာဟာရပြည့်ဝနေရင် နောက်ကိုယ်စိုက်တဲ့အပင်တွေက အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်ဝတဲ့ သီးနှံတွေကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

နောက်တစ်ခုက မြေဖုံးတာမျိုးလုပ်ပေးလို့ရပါတယ်၊ သူတို့ဆီမှာတော့ နှင်းပေါ့။ ကိုယ်တွေဆီမှာတော့ မိုးရော နှင်းရော ကာကွယ်တဲ့အနေနဲ့ မြေဖုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ကောက်ရိုးလိုမျိုး အစားထိုးပြီး သုံးနိုင်တာပေါ့။ 

ထွန်းဝင်းကျော်

https://www.gardenguides.com/84792-use-water-hyacinth-fertilizer.html


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်