ဒီတစ်ပတ်မှာတော့ ဒေါ်မြနဲ့ဒေါ်လှတို့ရဲ့ ဇာတ်လမ်း ၂ ခုကို နှိုင်းယှဉ်ကြည့်ကြည့်ရအောင်
လမ်းထဲက ဒေါ်မြကတော့ အသေးစားငွေချေးဘဏ်တစ်ခုစီက ငွေ ၂ သိန်း ချေးပြီး မုန့်ဟင်းခါးဆိုင်လေး ဖွင့်ထားပါတယ်။ တစ်နေ့ကို ၄၀၀၀ လောက် ဝင်ငွေရှိပြီး တစ်ပတ်ကို ၂၈၀၀၀ လောက် ပုံမှန်ရနေပါတယ်။ ပိုက်ဆံချေးထားတဲ့ ဘဏ်ကို အပတ်စဉ် ၄၆၀၀ နဲ့ တစ်နှစ်တိတိ ပြန်ဆပ်နေရပါတယ်။
ဒေါ်မြရဲ့ ငွေရေးကြေးရေး အခြေအနေကတော့ ဝင်ငွေနဲ့ ထွက်ငွေဟာ မျှတမှုရှိပြီး ချေးထားပြီး ငွေကိုလည်း ကောင်းကောင်းပြန်ဆပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆက်လက်ပြီး ဒေါ်မြရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒေါ်လှရဲ့ အခြေအနေကို လေ့လာကြည့်ပါဦး........
ဒေါ်လှကတော့ စျေးထဲမှာ ကုန်စိမ်းရောင်းချသူပါ။ ယခုလက်ရှိ အသေးစားချေးငွေ ဘဏ် (၃) ခုကနေ ချေးငွေ ၆ သိန်း ယူထားပြီး ထို ဘဏ် ၃ ခုကို အပတ်စဉ် ၄၆၀၀ စီနဲ့ စုစုပေါင်း ၁၃၈၀၀ ဆပ်နေရပါတယ်။ ဒါပေမဲ့ ဒေါ်လှရဲ့ ဝင်ငွေကတော့ တစ်ရက်ကို ၄၀၀၀ (တစ်ပတ်-၂၈၀၀၀) ပဲ ရှိပါတယ်။
ဒေါ်လှရဲ့ ငွေရေးကြေးရေး အခြေအနေကတော့ အနုတ်လက္ခဏာပြနေပါတယ်။ ထွက်ငွေက ဝင်ငွေထက်ပိုများနေပြီး အပတ်တိုင်း ငွေတစ်ချို့လိုလိုနေတတ်နေတာမို့ တခြားဘဏ်ကနေ ငွေထပ်ချေးနိုင်တဲ့ အခြေအနေတွေရှိလာနိုင်ပါတယ်။
မိတ်ဆွေတို့ ...အထက်က ဒေါ်မြနဲ့ဒေါ်လှတို့ရဲ့ အခြေအနေ ၂ ခုက တဆင့် ချေးငွေတွေ အများကြီး ချေးခြင်းရဲ့ အကျိုးဆက်ကို လေ့လာနိုင်ပါတယ်။ နေရာအများကြီးကနေ ငွေတွေ ချေးမယ်ဆိုရင် -
(၁) ငွေပမာဏ များလာတာနဲ့အမျှ ပြန်ဆပ်ရမဲ့ ငွေလည်း များလာမှာပါ။
(၂) အတိုးတွေ များလာမယ်။
(၃) ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတာကြောင့် အချိန်၊ ငွေ၊ ခွန်အားတွေ ပိုကုန်မယ်။
(၄) ပိုက်ဆံတွေ ပြန်မဆပ်နိုင်မှာကို ပူပန်ရတဲ့အတွက် စိတ်ပင်ပန်းဆင်းရဲရမယ်။
(၅) ချေးငွေ ဆပ်ရန် နောက်ကျခြင်း၊ အနည်းငယ် ပြန်မဆပ်နိုင်ခြင်းတို့ဖြစ်ပါက အခြားသူတွေရဲ့ ယုံကြည်မှုနည်းပါးခြင်းကို ခံရယ်။
အစရှိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
Source - mango magazine
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်