သားမွေးကာလစီမံခြင်း

12/01/2021 11:45 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    နွားမများသားစပ်မည့်အချိန်ကို ထိန်းချုပ်စီမံခြင်းအားဖြင့် နွားမများ သားမွေးမည့်ရက်ကို ထိန်းချုပ်စီမံနိုင်မှာ ဖြစ်ပါတယ်။ နွားမများသည် သားစပ်ပြီးနောက် ၉ လ (၂၈၃ ရက်) ခန့်တွင် နွားကလေးမွေးပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ကျွန်ုပ်တို့ခြံတွင် နို့ထွက်နှုန်းအမြင့်ဆုံးရမည့်အချိန်နှင့် နွားမများကို နို့နားမည့်အချိန် စသည်တို့ကို ထိန်းချုပ်နိုင်မည်ပင်ဖြစ်သည်။ 

    တစ်ခါတစ်လေ ခြံသမားများတွင် ၎င်းတို့နွားများ နွားကလေးမွေးမည့်အချိန်ကို စီစဉ်မထားတတ်ကြပါဘူး။ နွားမများမြိုင်လာတာတွေ့လျှင် သားတင်ပေးလိုက်သည်။ သို့ပေမယ့် အချို့ခြံသမားများအတွက် ခြံရှိနွားအုပ်တစ်ခုလုံး၏ နွားကလေးမွေးမည့်အချိန်ကို ကြိုးစားပြီး ညှိယူလိုက်ခြင်းသည် အကျိုးကျေးဇူးကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ တစ်နှစ်ပတ်လုံး နို့ပမာဏတစ်သတ်မတ်တည်းရဖို့အတွက် နွားအုပ်၏ သားစပ်ချိန်ကိုညှိရတာက နည်းစနစ်ကျကျ စီမံမှုတစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တည်ငြိမ်သည့် ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ အစီအစဉ်အတိုင်း စနစ်တကျစီမံသွားမည်ဆိုပါက တခြားနွားတွေ နို့နားမည့်အချိန်၊ နို့ပေးကာလနောက်ပိုင်းရောက်ချိန်တို့ကို သိနိုင်မှာဖြစ်ပြီး အပြောင်းအလဲသိပ်မရှိသည့် နို့ပမာဏရရှိစေဖို့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်စွာသားစပ်ရမည်ကိုလည်း သိနိုင်ပါတယ်။ ဒါဟာ စျေးကွက် သို့မဟုတ် နို့ရရှိဖို့အတွက် ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ 

    ဥပမာ အရွယ်ရောက်ပြီးနွား ၂၄ ကောင်ရှိလျှင် လတိုင်း နွားကလေး ၁ ကောင်ပတ်လည်ခန့် ရရှိနေရမည်။ ထိုသို့ပြုလုပ်ဖို့အတွက် နည်းလမ်းတစ်ခုကတော့ မတမ်းများ၏ ပထမသားစပ်ချိန်ကို ထိန်းချုပ်စီမံခြင်း ဖြစ်သည်။ 

    မြန်မာနိုင်ငံ၏နေရာတော်တော်များများတွင် အချို့လများသည် အစာစိမ်းပေါများစွာရရှိနိုင်ပြီး အချို့လများသည် ရာသီဥတုကြောင့် အစာစိမ်းရရှိရန် ခက်ခဲသည်။ နေရာတိုင်းတွင် နွားစာရရှိနိုင်သည့် အကောင်းဆုံးအချိန်များ ကွာခြားမှုရှိသော်လည်း နေရာတိုင်းကတော့ ရာသီအလိုက် ဖြစ်နေပါတယ်။ နှစ်တစ်နှစ်၏ သေချာသည့်အချိန်တွင် ကျွန်ုပ်တို့၏နွားများကို အစာကောင်းကောင်းကို ပိုမိုစျေးသက်သာသာနှင့် လွယ်ကူစွာကျွေးနိုင်မည့် သဘောပင်ဖြစ်သည်။ နွားများ အစာအများဆုံးလိုအပ်သည့်အချိန်၊ နွားနို့အများဆုံးထုတ်ပေးနေသည့်အချိန်ဖြစ်သည့် နို့ပေးကာလအစောပိုင်းတွင် အစာများသည်ထက်များ‌များ ကျွေးချင်ကြသည်မှာ အသေအချာပင် ဖြစ်သည်။

    နောက်ထပ်စနစ်တကျစီမံမှုတစ်ခုကတော့ တစ်နှစ်တာ၏ အစာစိမ်းအများဆုံးရရှိသည့် ကာလတွင် နွားအများစုကို နို့ပေးကာလအစောပိုင်းတွင် ရောက်ရှိနေစေရန် သားစပ်ချိန်ကို ညှိယူခြင်းဖြစ်သည်။ ဤနည်းဖြင့် နွားများကို စျေးသက်သာစွာဖြင့် အစာကောင်းကောင်းကျွေးနိုင်ပြီး နို့ပမာဏများများလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ တစ်နှစ်ပတ်လုံးတူညီသည့် နို့ပမာဏကိုရရှိဖို့ မလိုအပ်လျှင်၊ မြက်များများရရှိချိန်တွင် နို့စျေးလည်းကောင်းကောင်းရရှိလျှင် ဤစီမံမှုသည် သင့်တော်ပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံးဖြင့် စုစုပေါင်းနို့ပမာဏကို ရရှိနိုင်မည့် နည်းလမ်းလည်း ဖြစ်သည်။

    သို့ပေမယ့် တစ်ခါတစ်လေ နို့စျေးနှုန်းပြောင်းလဲခြင်း၊ တစ်ချို့အချိန်များတွင် နွားနို့ရောင်းရရန်ခက်ခဲခြင်းများလည်းရှိသည်။ ဤအခြေအနေမျိုးတွင် နွားမများ နွားကလေးမွေးမည့် အချိန်ကို နို့ရောင်းအားအများဆုံးကာလနှင့် ကိုက်ညီအောင် ပြုလုပ်ရပါမယ်။ အစာစိမ်းများများရရှိသည့်ကာလတွင် နွားကလေးမွေးမည့်အစား နို့စျေးနှုန်းမြင့်သည့်အချိန်တွင် နွားမများ၏ နို့ပေးကာလ အမြင့်ဆုံးအချိန်ဖြစ်နေအောင် ကြိုးစားရပါမယ်။ ဒါ့အပြင် နို့စျေးနှုန်းနည်းသည့်အချိန်တွင် နို့နားနွားမများ များနိုင်သမျှများများဖြစ်နေအောင် ကြိုးစားရပါမယ်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ နွားနို့များကို ပိုမိုလွယ်ကူစွာ ရောင်းချနိုင်မှာဖြစ်ပါတယ်။

    ခြံရှိနွားအုပ်၏ နွားကလေးမွေးမည့်အချိန်ကို ပုံစံချစီမံခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ ပြောခဲ့သည့် နည်းပျုဟာ ၃ ခုကတော့ - 

  • နို့ရောင်းချရမှုပမာဏ တစ်သတ်မတ်တည်းရှိသူများအတွက် နွားကလေးမွေးမည့် အချိန်ပုံစံ
  • အစာစိမ်းပေါများစွာရရှိနိုင်သည့် ကာလအတွင်း နို့ထွက်နှုန်းအမြင့်ဆုံး ထုတ်လုပ်မှုအတွက် နွားကလေးမွေးမည့်အချိန်
  • နို့စျေးနှုန်းမြင့်သည့်ကာလအတွင်း နို့ထွက်နှုန်းအမြင့်ဆုံးထုတ်လုပ်မှုအတွက် နွားကလေးမွေးမည့်အချိန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်