ချဉ်ချဉ် ချိုချို သရက်ယို

08/05/2018 09:42 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခုလို သရက်သီးပေါချိန်မှာ သရက်သီးကို အသီးချည်းပဲ ဒီတိုင်းစားရတာ ရိုးနေပြီဆိုရင်တော့ သရက်သီး ရှားပါးသွားတဲ့အချိန်မှာပါ စားလို့ရတဲ့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ သရက်သီးယိုပြုလုပ်နည်းလေးကို  ပြန်လည် မျှဝေပေးလိုက်ပါတယ်။

သရက်သီးယိုပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 

- ကြိုက်နှစ်သက်ရာ သရက်သီးအစိမ်း ၅ လုံး

- သကြား ၂၅ ကျပ်သား

- ကွမ်းစားထုံး ထမင်းစားဇွန်း ၁ ဇွန်း

- ဆားလက်ဖက်ရည်ဇွန်းတဝက် တို့ပဲ ဖြစ်ပါတယ်။

သရက်သီးကို အခွံခွာပြီး မိမိကြိုက်နှစ်သက်သလို မထူမပါး လှီးထားပါ။ လှီးပြီးသား သရက်သီးတွေကို နာရီဝက်လောက် ရေစိမ်ထားပြီး ရေကိုသွန်ပစ်ပေးပါ။ နာရီဝက်တခါလောက် ရေစိမ်လိုက်သွန်လိုက်ကို နှစ်ခါလောက် ပြုလုပ်ပေးပါ။ ပြီးရင် တော့ ကွမ်းစားထုံးကို ရေခပ်များများနဲ့ဖျော်ပြီး ထုံးရေကြည်ရတဲ့အထိ အကြည်ထိုင်ထားပါ။ ထုံးရေကြည်ပြီဆိုရင် လှီး ထားတဲ့ သရက်သီးတွေပေါ်ကို ထုံးရေကြည်မြုပ်တဲ့အထိ ထည့်ပြီး အနည်းဆုံး ၈ နာရီခန့်ထားပြီးစိမ်ပေးပါ။ စိမ်ပြီးပြီဆိုရင် သရက်သီးတွေကို ဇကာနဲ့စစ်ထားပေးဖို့ လိုပါတယ်။

သရက်သီးယို စထိုးဖို့အတွက် ပထမဦးဆုံးအနေနဲ့ အိုးထဲကိုသရက်သီးထည့် အပေါ်က ဆားဖြူးပြီး မီးဖိုပေါ် တင်ပါမယ်။ မီးအရှိန်အရမ်းမပြင်းစေဖို့ သတိထားဖို့လိုပြီး မီးအေးအေးနဲ့ပဲ ထားပါမယ်။ ဆားဖြူးထားတဲ့ သရက်သီးပေါ်ကို သကြား ၁၀ ကျပ်သားလောက်ကို အရင်ထည့်ပြီး ဖြည်းဖြည်းချင်း အထက်အောက်မွှေပေးပါမယ်။ သရက်သီးထဲက အရည်တွေ ကုန်ခါနီး လောက်ကျမှ နောက်ထပ်ကျန်တဲ့ သကြားတွေကို ထပ်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးရာကနေ သရက်သီး ထဲက အရည်တွေကုန်ပြီး ခြောက်သွားပြီဆိုရင်တော့ သရက်သီးယို ရပါပြီ။ ရလာတဲ့ သရက်သီးယိုကို အအေးခံကာ ပုလင်း တလုံးထဲထည့်၊ အဖုံးလုံအောင်ပိတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးမယ်ဆိုရင်တော့ ကြာရှည်ခံပြီး အချိန်မရွေး စား လို့ရတဲ့ သရက်သီးယိုကို ရရှိမှာပဲ ဖြစ်ပါတယ်။

Source - Ayeyarwady News


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်