ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

05/07/2023 17:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်သည်။

ဒီရေတောများမှရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ်မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေသည်။

လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများ

ဒီရေတောအပင်များမှတစ်ဆင့် အိမ်အသုံးအဆောင်ပစ္စည်းများကို အလွယ်တကူရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် သစ်၊ ထင်း၊ မီးသွေး၊ အမိုးအကာ စသည်တို့ဖြစ်သည်။ သို့ရာတွင် ဒီရေတောပင်များကို ပြုန်းတီးနိုင်လောက်သည်အထိ အလွန်အကျွံခုတ်ထစ်၍ သုံးစွဲခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ဒီရေတောအပင်များမှတဆင့် စားသုံးရန်အသီးအရွက်များလည်းရရှိနိုင်သည်။ ဥပမာအားဖြင့် ငှက်ကြီးတောင် (မှိုဟင်း)၊ ကန့်ပလာ (ပျားဇီး)၊ ဓနိ (ဓနိရည်)၊ ဓနိဖူးခြောက် အစရှိသည်တို့ဖြစ်သည်။ ထိုအပြင် ဒီရေတောများမှာ ဆေးဖက်ဝင်အပင်များလည်းဖြစ်ပါသည်။ ခယာအရွက်၊ အဆိပ်တရာ၊ မိချောင်းကွမ်းဖတ်တို့မှာ တိုင်းရင်းဆေးအဖြစ်အသုံးပြုလျက်ရှိသော ဒီရေတောပင်များဖြစ်သည်။ ပျားရည်၊ ပျားဖယောင်းတို့အား ဒီရေတောပင် များမှတစ်ဆင့်ရနိုင်သကဲ့သို့ စက်မှုလုပ်ငန်းသုံးပစ္စည်းများလည်းရရှိနိုင်သည်။ ဥပမာ မဒမခေါက်၊ ဗြူးခေါက်တို့အား ဆိုးဆေးအဖြစ်အသုံးပြုနေကြသည်။ နောက်တစ်ချက်မှာ ဒီရေတောမှတစ်ဆင့် ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး အစရှိသည့် ရေနေသတ္တဝါအများအပြားရှာဖွေတွေ့ရှိနိုင်ခြင်းဖြစ်၍ လူတို့၏ အစားအစာအတွက်အထောက်အကူပြုမည်ဖြစ်သည်။ 

သွယ်ဝိုက်သောအကျိုးကျေးဇူးများ

လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်းဒဏ်နှင့် ကမ်းပါးပြိုရေတိုက်စားခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် ဒီရေတောများသည် လူတို့၏နေ့စဉ်ဘဝအတွက် အထောက်အကူပြုလျက်ရှိလေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထဲမှစုပ်ယူပြီး အောက်ဆီဂျင်လွှတ်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကိုမြေပေါ်သာမက မြေအောက်တွင် ပိုမိုစုပ်ယူထားနိုင်ခြင်းတို့မှာ အဖိုးမဖြတ်နိုင်သော အထောက်အကူများဟု ပင်ဆိုရမည်။ ဒီရေတောများသည် ရေသတ္တဝါတို့အတွက် အဓိကအစာထုတ်လုပ်ပေးသည့်နေရာလည်း ဖြစ်ပြီး ပင်လယ်ရေသတ္တဝါတို့၏ ငယ်စဉ်ဘဝအဓိက ကြီးပြင်းရာ ဥချပေါက်ဖွားရာနေရာလည်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျားပုစွန်၊ ကကတစ်၊ ဂဏန်းတို့သည် ဒီရေတောများတွင် ဥချပေါက်ဖွားလေ့ရှိသည်။ 

ဒီရေတောများသည် ကုန်းတွင်းပိုင်းသို့ မြေအောက်မှ ဆားအငံဓာတ်စိမ့်ဝင်မှုကို ကာကွယ်ပေးနေပြီး ရေကိုလည်း သန့်စင်ပေးလေသည်။ ဒီရေတောများထူထပ်စွာရှိခြင်းအားဖြင့် သဘာဝခရီးသွားလုပ်ငန်းကဲ့သို့သော ဒေသခံများအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများကိုဖန်တီးပေးပြီး သုတေသနနှင့်ဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အထောက်အကူပြုပေးနေသည်။ ဒီရေတောဆိုင်ရာ သိကောင်းစရာများကို https://www.facebook.com/WorldviewInternationalFoundation တွင်လည်းဖတ်ရှု နိုင်ပါ သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်