ဒီရေတောများကို ဘာကြောင့် ထိန်းသိမ်းသင့်သလဲ..

16/08/2023 11:00 AM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ ခုနှစ်တွင် ကမ္ဘာ့ဒီရေတောများ၏ ၃.၆ ရာခိုင်နှုန်း(Giri et al., 2011) ကို ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံဒီရေတောများသည် မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများစုတည်ရှိပါသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောများ အထူထပ်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး လူသားများအတွက် အဖိုးတန်သော ဂေဟစနစ်ဝန်ဆောင်မှုများ ပေးဆောင်လျက်ရှိသည်။ သို့သော်လည်း သစ်တောများပြုန်းတီးလာခြင်း၊ စိုက်ပျိုးမြေဧရိယာများ တိုးချဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဒီရေတောဖုံးလွှမ်းမှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း သိသိသာသာကျဆင်းလာခဲ့ပြီး လက်ကျန်ဒီရေတောများမှာလည်း ဂေဟစနစ်ပျက်သုဉ်းမှု အန္တရာယ်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရလေသည်။ 

၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ဒီရေတောဖုံးလွှမ်းမှု ၁၄,၆၁၉ ဟက်တာ (တစ်နှစ်လျှင် ၂.၂ %) ဖြင့် စိုးရိမ်ဖွယ်ရာ ဆုံးရှုံးနေသည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ဖြစ်သည်။ ဒီရေတောများ လျော့နည်းဆုံးရှုံးလာမှုကြောင့် အပူငွေ့များတရိပ်ရိပ်တက်လာခြင်း၊ ကာဗွန်သိုလှောင်မှုလျော့နည်းလာခြင်း၊ သစ်ပင်ဖုံးလွှမ်းမှုရာခိုင်နှုန်း လျော့နည်းခြင်း စသည့်ပြဿနာများကြုံတွေ့လာရသည်။ 

သေချာသည်မှာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောအကြွယ်ဝဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဒီရေတောလျင်မြန်စွာပြုန်းတီးနေမှုပြဿနာသည် မြန်မာနိုင်ငံသစ်တောများရင်ဆိုင်နေရသော အရေးအပါဆုံးသော ပြဿနာထဲမှ တစ်ခုဖြစ်လေသည်။ (Prescott et al., 2017)

ပညာရှင်အချို့၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း နှစ်စဉ်ဒီရေတောများ ဆုံးရှုံးမှု ၄.၇ ရာခိုင်နှုန်း ကြုံတွေ့ရသည်ဟုဆိုသည်။ သို့သော်လည်း အခြားသော လေ့လာမှုများက သိသိသာသာ ကွဲပြားသော ခန့်မှန်းချက်များကို ထုတ်ပေးခဲ့ပြီး နိုင်ငံတွင်း ဒီရေတောပြုန်းတီးမှုနှုန်း နှေးကွေးသွားကြောင်း ပြသခဲ့သည်။

နိုင်ငံအတွင်းဒီရေတောဖုံးလွှမ်းမှုလျော့နည်းလာသည်ကို စာတမ်းအမျိုးမျိုးက ညွှန်းဆိုပြသကြသကဲ့သို့  တွက်ချက်ခန့်မှန်းသည့် နည်းလမ်းအပေါ်မူတည်၍ ကွဲပြားနိုင်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံရှိ ဂေဟစနစ်တွင် ဒီရေတောများ၏ အရေးပါမှုကို ချန်ထား၍မရပေ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်ကျန်ဒီရေတောများအား စနစ်တကျစီမံခန့်ခွဲ ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုးတက်လာစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းတို့ပြုလုပ်ရန်လို အပ်ပါသည်။  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်