မရမ်းပင်နှင့် မရမ်းသီးအသုံးဝင်ပုံ

25/02/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မရမ်းပင် အသုံးဝင်ပုံ

မရမ်းပင်ကို အင်္ဂလိပ်လို Marian ဟု ခေါ်ဆို ကြပါသည်။ မရမ်းပင်မှာ အချိုမျိုးနှင့် အချဥ်မျိုး ()မျိုး ရှိကြပါသည်။ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။

မရမ်းပင်မှာ မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးရေချိန် (၅၀ - ၁၅၀လက်မ ရရှိသည့် ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါသည်။

စိုက်ပျိုးပြီး ()နှစ်အကြာတွင် အသီးစတင် ခူဆွတ်နိုင်ပြီး အပင်သေးမှ (၅၀၀၀ – ၇၀၀၀)လုံးခန့်၊ အပင်ကြီးမှ (၂၀၀၀၀ -၃၀၀၀၀) လုံးခန့်အထိ ရရှိနိုင်ကြပါသည်။ မရမ်းပင်မှာ ဆယ့်နှစ်ရာသီ စိမ်းလန်းသော အပင်လတ်မျိုးဖြစ်ပြီး အမြင့် ပေ (၄၀)ခန့်အထိ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် မရမ်းသီးကို အစေ့မှ စိုက်ပျိုးကြပါသည်။

မရမ်းပင်တွင် ထူထပ်သိပ်သည်းသော အရွက်များနှင့် ဝေဆာနေပြီး လှပသည့် အပင်များဖြစ်ကြသည်။ အရိပ်အာဝါသကောင်းကိုလည်း ရရှိစေပါသည်။ မရမ်းအပွင့်မှာ သေးငယ်ပြီး များသောအားဖြင့် နတ်တော်၊ ပြာသိုလတွင် အပွင့်ပွင့်ကြ၍ တန်ခူး၊ ကဆုန်လများတွင် ရင့်မှည့်ကြပါသည်။ အချိုမျိုးနှင့် အချဥ်မျိုး ()မျိုးရှိကြရာ အချဥ်ပင်များ၏ အသီးမှည့်များသည် လိမ္မော်ရင့်ရောင်ရှိပြီး အချိုပင်သည် အချဥ်သီးထက် အလုံးကြီးပါသည်။ အချိုသီးမှည့် အရောင်မှာ အဝါရောင်ဖျော့ဖျော့ ရှိပြီး ချဥ်ဖြုံ့ဖြုံ့ အရသာ ရှိကြပါသည်။

၂။ မရမ်းသီး အသုံးဝင်ပုံ

မရမ်းသီးကို မရမ်းသီးသုပ်၊ မရမ်းသီးငါးပိကြော်၊ မရမ်းသီး ငါးပိချက်၊ မျှင်ငါးပိနှင့် မရမ်းသီးထောင်း၊ ငါးကြင်းဆီပြန် မရမ်းသီးအုပ်၊ ငါးရံအူဆီပြန် မရမ်းသီးအုပ်၊ ရေချိုပုစွန်အစပ်ချက်ကို မရမ်းသီးအုပ်၊ မရမ်းသီးနှင့် အာပြဲခြောက် ငရုတ်သီးထောင်း စသည်ဖြင့် မျိုးစုံချက်လို့ ရပါသည်။ ထို့ပြင် မရမ်းသီးကို ယိုထိုး၍ သရေစာအဖြစ်လည်း စားသုံးကြပါသည်။

လူကြိုက်များသည့် မရမ်းသီးအသုပ်မှာ မရမ်းသီးစိမ်း (သို့မဟုတ်) မရမ်းသီးအမှည့်ကို အညှာဖြတ်၊ အစေးထုတ်၊ ဆားကြမ်းနှင့် စိမ်ပြီး ရေဆေးပြီးနောက် ပါးပါးလှီးကာ ပဲမုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ပါးပါးလှီးထားသော ကြက်သွန်နီစိမ်း (သို့မဟုတ်) ကြက်သွန်နီကြော် တို့ဖြင့် သုပ်စားကြပါသည်။ မရမ်းသီးသုပ်ကို ပဲနီလေးကြာဆန် အရည်သောက်၊ ဘူးညွှန့်ဟင်းခါး စသည်တို့ဖြင့် တွဲဖက်၍ စားလေ့ရှိကြပါသည်။ ထို့ပြင် မရမ်းသီးမှည့်ကို ချိုချဥ်ငံစပ်လုပ်၍ သရေစာအဖြစ် စားသုံးကြပါသေးသည်။

မရမ်းသီးစိမ်းကို အခြောက်လှန်းထားသော မရမ်းပြားခြောက်ကိုမူ အသုပ်များ သုပ်ရာတွင်လည်းကောင်း၊ မွန်ရိုးရာ ငါးနှပ်မွန်ဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ မွန်ပြည်နယ်ဘက်တွင် မရမ်းပြားကို စဥ့်အိုးကြီးများဖြင့် အိုးသိပ်ထားလေ့ရှိပြီး နှစ်ကြာလေ အရသာပိုကောင်းလေဖြစ်သည်။

၃။ ကျန်းမာရေးအတွက် မရမ်းသီး၏ အသုံးဝင်ပုံ

- မရမ်းသီးသည် အဖျားဟောင်းနှင့် ကိုယ်တွင်းအပူလောင်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သော ရောဂါနှင် အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

- မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း စသည်ဖြင့် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာမပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

- အသည်းအဆီဖုံးသော ရောဂါကို ပျောက်ကင်းစေရန်နှင့် အဆီများသော သား၊ ငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။

- ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်းသွားခြင်းများအတွက် မရမ်းသီး ဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်ပါသည်။

- အထူးသဖြင့် မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်ကြပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်