မရမ်းပင်နှင့် မရမ်းသီးအသုံးဝင်ပုံ

25/02/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မရမ်းပင် အသုံးဝင်ပုံ

မရမ်းပင်ကို အင်္ဂလိပ်လို Marian ဟု ခေါ်ဆို ကြပါသည်။ မရမ်းပင်မှာ အချိုမျိုးနှင့် အချဥ်မျိုး ()မျိုး ရှိကြပါသည်။ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။

မရမ်းပင်မှာ မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးရေချိန် (၅၀ - ၁၅၀လက်မ ရရှိသည့် ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါသည်။

စိုက်ပျိုးပြီး ()နှစ်အကြာတွင် အသီးစတင် ခူဆွတ်နိုင်ပြီး အပင်သေးမှ (၅၀၀၀ – ၇၀၀၀)လုံးခန့်၊ အပင်ကြီးမှ (၂၀၀၀၀ -၃၀၀၀၀) လုံးခန့်အထိ ရရှိနိုင်ကြပါသည်။ မရမ်းပင်မှာ ဆယ့်နှစ်ရာသီ စိမ်းလန်းသော အပင်လတ်မျိုးဖြစ်ပြီး အမြင့် ပေ (၄၀)ခန့်အထိ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် မရမ်းသီးကို အစေ့မှ စိုက်ပျိုးကြပါသည်။

မရမ်းပင်တွင် ထူထပ်သိပ်သည်းသော အရွက်များနှင့် ဝေဆာနေပြီး လှပသည့် အပင်များဖြစ်ကြသည်။ အရိပ်အာဝါသကောင်းကိုလည်း ရရှိစေပါသည်။ မရမ်းအပွင့်မှာ သေးငယ်ပြီး များသောအားဖြင့် နတ်တော်၊ ပြာသိုလတွင် အပွင့်ပွင့်ကြ၍ တန်ခူး၊ ကဆုန်လများတွင် ရင့်မှည့်ကြပါသည်။ အချိုမျိုးနှင့် အချဥ်မျိုး ()မျိုးရှိကြရာ အချဥ်ပင်များ၏ အသီးမှည့်များသည် လိမ္မော်ရင့်ရောင်ရှိပြီး အချိုပင်သည် အချဥ်သီးထက် အလုံးကြီးပါသည်။ အချိုသီးမှည့် အရောင်မှာ အဝါရောင်ဖျော့ဖျော့ ရှိပြီး ချဥ်ဖြုံ့ဖြုံ့ အရသာ ရှိကြပါသည်။

၂။ မရမ်းသီး အသုံးဝင်ပုံ

မရမ်းသီးကို မရမ်းသီးသုပ်၊ မရမ်းသီးငါးပိကြော်၊ မရမ်းသီး ငါးပိချက်၊ မျှင်ငါးပိနှင့် မရမ်းသီးထောင်း၊ ငါးကြင်းဆီပြန် မရမ်းသီးအုပ်၊ ငါးရံအူဆီပြန် မရမ်းသီးအုပ်၊ ရေချိုပုစွန်အစပ်ချက်ကို မရမ်းသီးအုပ်၊ မရမ်းသီးနှင့် အာပြဲခြောက် ငရုတ်သီးထောင်း စသည်ဖြင့် မျိုးစုံချက်လို့ ရပါသည်။ ထို့ပြင် မရမ်းသီးကို ယိုထိုး၍ သရေစာအဖြစ်လည်း စားသုံးကြပါသည်။

လူကြိုက်များသည့် မရမ်းသီးအသုပ်မှာ မရမ်းသီးစိမ်း (သို့မဟုတ်) မရမ်းသီးအမှည့်ကို အညှာဖြတ်၊ အစေးထုတ်၊ ဆားကြမ်းနှင့် စိမ်ပြီး ရေဆေးပြီးနောက် ပါးပါးလှီးကာ ပဲမုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ပါးပါးလှီးထားသော ကြက်သွန်နီစိမ်း (သို့မဟုတ်) ကြက်သွန်နီကြော် တို့ဖြင့် သုပ်စားကြပါသည်။ မရမ်းသီးသုပ်ကို ပဲနီလေးကြာဆန် အရည်သောက်၊ ဘူးညွှန့်ဟင်းခါး စသည်တို့ဖြင့် တွဲဖက်၍ စားလေ့ရှိကြပါသည်။ ထို့ပြင် မရမ်းသီးမှည့်ကို ချိုချဥ်ငံစပ်လုပ်၍ သရေစာအဖြစ် စားသုံးကြပါသေးသည်။

မရမ်းသီးစိမ်းကို အခြောက်လှန်းထားသော မရမ်းပြားခြောက်ကိုမူ အသုပ်များ သုပ်ရာတွင်လည်းကောင်း၊ မွန်ရိုးရာ ငါးနှပ်မွန်ဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ မွန်ပြည်နယ်ဘက်တွင် မရမ်းပြားကို စဥ့်အိုးကြီးများဖြင့် အိုးသိပ်ထားလေ့ရှိပြီး နှစ်ကြာလေ အရသာပိုကောင်းလေဖြစ်သည်။

၃။ ကျန်းမာရေးအတွက် မရမ်းသီး၏ အသုံးဝင်ပုံ

- မရမ်းသီးသည် အဖျားဟောင်းနှင့် ကိုယ်တွင်းအပူလောင်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သော ရောဂါနှင် အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

- မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း စသည်ဖြင့် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာမပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

- အသည်းအဆီဖုံးသော ရောဂါကို ပျောက်ကင်းစေရန်နှင့် အဆီများသော သား၊ ငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။

- ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်းသွားခြင်းများအတွက် မရမ်းသီး ဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်ပါသည်။

- အထူးသဖြင့် မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်ကြပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်