အနည်းလိုအာဟာရ သုံးစွဲနည်းစနစ်များ
အနည်းလိုအာဟာရ ဆိုတဲ့အတိုင်း တစ်ဧကအတွက် လိုအပ်ချက်ဟာ ကီလိုနည်းနည်းပဲရှိတယ်။ မြေမှာ ပြန်နှံ့စွာ ထည့်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အများလိုအာဟာရမြေဩဇာ (NPK) တွေနဲ့ တွဲဖက်အသုံးပြုကြပါတယ်။ တစ်ချို့ နေရာတွေမှာတော့ အနည်းလိုအာဟာရ သီးသန့်သုံးကြတာတွေရှိတယ်။ သစ်သီးဝလံနဲ့ ဝင်ငွေကောင်းတဲ့ သီးနှံတွေ အတွက် အရွက်ကဖြန်းတယ်။ (Foliar ) ရေသွင်းတဲ့အခါရေပေးတဲ့အခါ ထည့်သုံးကြတယ်။ (Fertigation) ဘိုရွန်နဲ့ ဇင့် ကတော့ ဖော့စ်ဖိတ်မြေဩဇာ (Rock Phosphate) မှာ ပူးတွဲပြီး ပါတတ်တယ်။
NPK မြေဩဇာမှာ ထည့်သွင်းသုံးစွဲခြင်း
အနည်းလိုအာဟာရကို NPK တွေနဲ့ တွဲသုံးတဲ့အခါ အကွက်ထဲကို အာဟာပြန့်ပြန့်နှံနှံ့ ရောက်ရှိပါတယ်။ အာဟာရ အနည်းငယ်ကိုသာ သပ်သပ်ထည့်ရင် ပျံ့နှံ့ဖို့ခက်ခဲပါတယ်။ အပင်သက်တမ်းတစ်လျှောက် လိုမယ့် အနည်းလိုအာဟာရ အရေအတွက်ကို NPK နဲ့တွဲထားတဲ့အတွက် ကြဲမလား၊ ပက်မလား၊ အပင်ခြေမှာ ထည့်မလား။ မြေထဲ နက်နက် ရောက်အောင် ထည့်ပေးမလား။ မျိုးစေ့နဲ့ အတူထည့်မလား။ အားလုံးအဆင်ပြေပါတယ်။ နောက်ထပ်ရတဲ့ အကျိုး ကတော့ သီးနှံတစ်ခုမှာသုံးပြီး ကျန်တဲ့အာဟာရ (Residual Amont) က နောက်သီးနှံကိုပါ ရစေတယ်။ ဘိုရွန်က မြေထဲမှာ တစ်နှစ် တစ်ရာသီကျန်ရှိတတ်ပြီး ကြေးနီ (Cu) ကတော့ နှစ်တော်တော်များများ ကျန်ရှိနေတတ်ပါတယ်။ (Brenan 2006)
ပထမ သီးနှံရိတ်သိမ်းပြီး မြေထဲမှာကျန်ခဲ့တဲ့ အာဟာရကို ဒုတိယသီးနှံက ရဖို့ကတော့ မြေချဉ်တာ ငန်တာ၊ ဩဂဲနစ် ပါဝင်မှု နည်းတာ များတာနဲ့ ဆက်စပ်ပါတယ်။ အနည်းလို အာဟာရတွေထဲမှာ ဘိုရွန်က သဲဆန်မြေတွေမှာ စိမ့်ဆင်း ဆုံးရှုံးလွယ်ပါတယ်။ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနိ နဲ့ သွပ်ဓာတ်တွေက အလွယ်တကူ စိမ့်ဆင်းဆုံးရှုံးမှု မရှိတဲ့အတွက် NPK နဲ့တွဲပြီး သီးနှံမစိုက်မီ/ စိုက်ချိန်တွေမှာ သုံးစွဲသင့်တယ်။ အချဉ်ဓာတ်သက် မြေ (Acid Soil) မှာ ကော့ပါး၊ မဂ္ဂနိ နဲ့ ဇင့်ဟာ ရေမှာပျော်ဝင်မှုနည်းတာတောင် သီးနှံက အလွယ်တကူရရှိနိုင်တယ်။ အယ်ကာလီဆန်မြေ၊ ထုံးများတဲ့ မြေတွေမှာတော့ ရေမှာပျော်တဲ့ ကော့ပါး၊ မဂ္ဂနိ၊ ဇင့် ပါတဲ့ မြေဩဇာတွေကသာ အပင်အတွက်အာဟာရရရှိမှု လွယ်ကူ စေမှာ ဖြစ်ပါတယ်။ ဇင့် မြေဩဇာထဲမှာ ရေပျော်ဝင်တဲ့ ဇင့် ၅၀ ရာခိုင်နှုန်းအထက်ပါမှ သီးနှံအတွက် ပိုမိုအကျိုးရှိပါ တယ်။ အနည်းလိုအာဟာရတွေကို Compound မြေဩဇာအလုံးမှာ အာဟာရကပ်ဖို့အတွက် ဆီ (Oil) ၊ ဖယောင်း (Wax) စတဲ့ binder တွေသုံးရပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုံးတိုင်းမှာ အနည်းလိုအာဟာရ ပါသွားပါတယ်။ ကြဲပက်တဲ့အခါမှာလဲ အလုံးနဲ့တစ်ခါတည်း ပါသွားတယ်။ ကွဲသွားတာ segregation မဖြစ်ဘူး။ မြေဩဇာထုတ်တဲ့ လုပ်ငန်းစဉ်မှာ အာဟာရအချင်းချင်း ပေါင်းစပ်ဓာတ်ပြုမှု (Chemical reaction) ရှိတတ်ပါတယ်။ အဲလိုဖြစ်တတ်တဲ့ သွပ်ဓာတ်ဆိုရင် အပင်ကိုပေးနိုင်တာ လျော့သွားတယ်။ ဘိုရွန်နဲ့ မိုလစ်ဒီနမ်ကတော့ ဓာတ်ပြုလွယ်တဲ့ပစ္စည်းမဟုတ် (unreactive) မို့လို့ အကျိုးသက်ရောက်မှု နည်းမသွားပါဘူး။ ထူးခြားတာတစ်ခုကတော့ ဘိုရွန်ဟာ ကွန်ပေါင်း မြေဩဇာထဲ ပေါင်းစပ်စေရာမှာ အခက်အခဲဆုံးဖြစ်ပါတယ်။
အာဟာရကို ထိန်းသိမ်းထုတ်ပေးသောမြေဩဇာများ (Controlled – readease fatilizer)
မြက်ခင်းတွေ၊ သစ်သီးပင်တွေနဲ့ ဈေးကောင်းရတဲ့သီးနှံတွေမှာ အနည်းလိုအာဟာရကို ထိန်သိမ်းထုတ်ပေးနိုင်တဲ့ မြေဩဇာတွေ ဈေးကွက်မှာရှိပါတယ်။ ပိုလီမာ (Polimer coated) ဖုံးအုပ်ထားတဲ့မြေဩဇာအလုံး၊ အခဲလေးတွေဟာ သူတို့ထဲက အာဟာရကို နည်းနည်းချင်းစီမြေထဲကို ထုတ်ပေးတာဖြစ်တယ်။ (Elevated Temperature) မှာ ထုတ်ပေးမှုက မြန်ပါတယ်။ အပူပိုင်းဒေသမှာ သမပိုင်းဒေသထက် အာဟာရထုတ်ပေးတာ ပိုပြီးမြန်ပါတယ်။ ဒီမြေဩဇာ အမျိုးအစားဟာ ထုတ်လုပ်စရိတ်များတယ်။ ဈေးကြီးတာရယ်ကြောင့် ဝင်ငွေကောင်းတဲ့ ဟင်းသီးဟင်း ရွက် သစ်သီးဝလံ၊ ပန်းအလှတွေကို ဖန်လုံအိမ်ထဲမှာ စိုက်တဲ့အခါ ပျိုးခင်းများ၊ မြက်ခင်းများ၊ အားကစားကွင်းများနှင့် အိမ်တွင်း အလှဆင်အပင်တွေ စိုက်တဲ့အခါမှာသာ အဓိကထားသုံးစွဲကြတယ်။ မြေအောက်ရေမှာ အနည်းလိုအာဟာရ တွေ စိမ့်ဆင်းရောက်ရှိသွားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်မှာကို လျော့နည်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ အခါမှာလည်း သုံးစွဲမှုရှိပါတယ်။ တစ်ဖြည်းဖြည်း အာဟာရထုတ်ပေးတာကြောင့် အပင်ကအာဟာရကို ကာလကြာ ရှည်စွာရတယ်။ မြေဩဇာအဆိပ်သင့်မှုကို လျော့စေနိုင်တယ်။ စိမ့်ဆင်းပျော်ဝင်ပြီး မြေဩဇာရဲ့ အာသာချက်ပါပဲ။ ဇင့်ဖုံးအုပ် ထားတဲ့ ယူရီးယား ((Zinc-coated urea) နဲ့ resin ဖုံးအုပ်ထားတဲ့ ဆာလဖိတ်မြေဩဇာ (resin-coasted Feso4) တွေဟာ ဒီအမျိုးအစားမြေဩဇာထဲမှာ ပါဝင်ပါတယ်။
ဦးကျော်စိုး (Soil Scientist)
ကိုချမ်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဆရာ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲချွေပြီးထွက်လာတဲ့အပင်အခွံမှော်တွေကိုထည်ထိုးပြီးမြေကြီးနဲ့ဖုံးလိုက်တာဘာတွေကောင်းစေလဲ NPKအချိုးညီမျှလားသူက
Sawsamson • ဖြေကြားချက် 1 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 2 ခု
စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ
သက်ခိုင်လွင် • ဖြေကြားချက် 3 ခု
အပင်အားဆေးနဲ့ပိုးသက်ဆေးရောဖျန်းလို့ရလာဗျ
naymyoaung • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....