ကြက်အစာ စပ်ခြင်း

22/08/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အချိုးညီအစာသည် တိရိစ္ဆာန်တစ်ကောင် တစ်နေ့အတွက် (၂၄-နာရီအတွက်) လိုအပ်သော အစာများကို အချိုးအစားနှင့် ဦးရေ (အရေအတွက်) အလိုက် စနစ်တကျတွက်ချက်၍ ရောစပ်ထားသော အစာဖြစ်သည်။  အစာစပ်ရာတွင် တွက်ချက်ရန် လွယ်ကူသောနည်းကို  ဦးစားပေးရမည်။ အစာရောစပ်ခြင်းကို မစမီတွင် စိတ်တွင်း၌  တိရစ္ဆာန်အရွယ်အစား အမျိုးအစားနှင့် သဘာဝများပေါ်မူတည်၍ လက်ရှိအခြေအနေအရ မိမိတို့မှ စီစဉ်ကွပ်ကဲကျွေးမွေးနိုင်မည့် အမျိုးအစားကိုရွေးချယ်ရမည်။

   အစာရောစပ်ရာတွင် လိုအပ်သော အသားဓာတ်၊ ကစီဓာတ်နှင့် အခြားအရေအတွက် အမျိုးအစားများအပြင် အောက်ပါအချက်များကို အထူးအဓိကထား၍ စဉ်းစားဆောင်ရွက်ရန် လိုသည်။

    1. အစာသည် တိရစ္ဆာန်အကြိုက် (စား၍ကောင်းသော၊ အရသာတွေ့သောအစာ) ဖြစ်ရမည်။ 

    2. အစာသည် ဈေးသက်သာ၍ ရေရှည်တွင် တွက်ခြေကိုက်ရမည်။ တတ်နိုင်ပါက မိမိခြံ၊ လယ်ယာထွက်ကုန် သီးနှံပစ္စည်းများ) ကိုသာ သုံးစွဲရန် ဖြစ်သည်။ 

    3. အစာတွင် ပရိုတင်း(အသားဓာတ်)ကို လိုအပ်သရွေ့သာ ပါစေရမည်။ (၎င်းတို့သည် အထူးဈေးနှုန်းကြီးမားသောကြောင့် ဖြစ်သည်။) ဈေးကြီးသောပစ္စည်းကို သုံးစွဲခြင်းဖြင့် အခြားသောအဖြည့်ခံအစာများတွင် ဗီတာမင်များ ခြိုးခြံရသမျှဖြင့် မမျှမတ ဖြစ်နိုင်သည်။ 

    4. အစာအတွက် လိုအပ်သော ဗီတာမင် အပြည့်အစုံ၊ အလုံအလောက်ပါ စေရမည်။ 

    5. အစာတွင် လိုအပ်သောဓာတ်ဆားများ (Minerals) အပြည့်အစုံ၊ အလုံအလောက် ပါစေရမည်။ (ဓာတ်ဆား ပိုမိုပါဝင်ခြင်းဖြင့် မလိုလားအပ်သောပြသနာ ဖြစ်နိုင်၍ မများအောင် ရှောင်ပါ။) 

    6. အစာအတွက်လိုအပ်သော အဖြည့်ခံဆေးများ (Feed Additive Antibiotic) စသည်များ အပြည့်အစုံပါဝင်စေရမည်။ 

    7. အစာသည် ကြေညက်လွယ်ရမည်။ 

    8. အစာသည် တတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်ပြီး ကျွေးရန်သင့်လျော်ရပေမည်။ 

   အစာစပ်ယူမည့် အစာကြမ်းတွင် ပရိုတင်းဓာတ်ရာခိုင်နှုန်း အချိုးအစား မည်မျှထည့်ရန် လိုအပ်သည်ကို တွက်ချက်ယူရန် အထူးအရေးကြီးပါသည်။ ဤနေရာတွင် ပရိုတင်းရာခိုင်နှုန်းများ သိရှိထားရမည်။  ပြောင်းတွင် ပရိုတင်း (၈) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းရှိသည်။ သို့သော် ကြက်စာအတွက် အမှန်လိုအပ်သော ပရိုတင်းမှာ (၂၀) ရာခိုင်နှုန်းဖြစ်သည်။  ထို့ကြောင့် ပြောင်း (၇၀) ရာခိုင်နှုန်းတွင် ပုစွန်ဖွဲ (၃၀) ရာခိုင်နှုန်း ရောစပ်ပေးသော် ပျမ်းမျှအားဖြင့် ပရိုတင်းဓာတ် (၂၀) ရာခိုင်နှုန်းဖြစ်လာနိုင်ပါသည်။

   ထိုနည်းတူစွာပင် ဆန်ကွဲတွင် (၈) ရာခိုင်နှုန်း၊ ဖွဲနုတွင် ပရိုတင်း (၁၃) ရာခိုင်နှုန်း အသီးသီးရှိသည်ကို မှတ်သားလျက် ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု စသည်တို့ ရောစပ်ရပေမည်။  ယင်းအစာများမှာ ကာဘိုဟိုက်ဒရိတ် (ကစီ) ဓာတ်များပြီး ဗီတာမင်နှင့် သတ္တုဓာတ်ပေါများသော အစားအစာများကို ထပ်မံဖြည့်စွက်ရပေမည်။

   ငါးမှုန့် (သို့) ပုစွန်ဖွဲကို လိုအပ်သော အချိုးအစားအလိုက် ထည့်သွင်းရောစပ်ပါက သင့်လျော်ပါမည်။ ဥပမာအားဖြင့် —

ဆန်ကွဲ - ၂၃ ပေါင်

ဖွဲနု - ၁၁ ပေါင်

ပြောင်း - ၄၄ ပေါင်

ပေါင်း - ၇၈ ပေါင်

--------------------------------

ပုစွန် (သို့) ငါးမှုန့် - ၁၁ ပေါင်

ပဲဖတ် - ၅ ပေါင်

နှမ်းဖတ် - ၆ ပေါင်

ပေါင်း - ၂၂ ပေါင်

   ယင်းတို့ကို စုပေါင်းရောစပ်သော် (၁၀ဝ) ပေါင် ရရှိမည် ဖြစ်သည်။ ကြက်စာကို စပ်ရာတွင် စရိတ်စကကုန်ကျမှုကို ကြည့်၍ ကြက်စာကို ဈေးပေါပေါနှင့်ရအောင် မပြုသင့်ပေ။ ဥပမာ – ပရိုတင်းဓာတ်ပါသော အစာချင်းအတူတူ ဈေးကြီးသောငါးနှင့် ပုစွန်န်ဖွဲတို့ကို သုံးမည့်အစား၊ ဈေးပေါသော နှမ်းဖက်၊ ပဲဖတ်များချည်း သုံးရန် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆို သော် ပဲဖတ်၊ နှမ်းဖတ် တို့သည် ပရိုတင်း ဓာတ်ရှိသော်လည်း ငါးမှုန့်၊ ပုစွန်၊ ဖွဲတို့လောက် အာဟာရဓာတ် ကြွယ်ဝပြည့်စုံခြင်းမရှိသည်ကို သတိချပ်သင့်သည်။

   ငွေကြေးကုန်ကျသက်သာမှု တစ်ခုတည်းကိုသာကြည့်ရှု၍ ရောစပ်ခြင်းဖြင့်၊ ကြက်များတွင် အာဟာရဓာတ်ချို့တဲ့ကာ ကျန်းမာရေး ထိခိုက်စေနိုင်ပါသည်။ ပူပြင်းသောနွေရာသီတွင် ဗီတာမင်ဓာတ်ချို့တဲ့တတ်သဖြင့် ဖြည့်စွက်ပေးသည့်အနေဖြင့် ဗီတာမင်ပါသောအစာများ ရောနှောကျွေးသင့်ပါသည်။

ဒေါက်တာမြမြဌေး

နည်းသစ်စွယ်စုံဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်