အစာကုန်ကျမှု သက်သာစေပြီး စီးပွားရေးအရ တွက်ခြေကိုက်သော ရေချိုငါးများကို ရောစပ်မွေးမြူနည်း အပိုင်း(၂)

01/09/2022 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

စီးပွားဖြစ်ငါးများကို ရောနှောမွေးမြူရာတွင် အစာကျွေးမွေးတတ်ဖို့လည်း အရေးကြီးလှသဖြင့် အစာကျွေးနည်းကို ဖော်ပြပေးလိုက်ပါသည်။

အစာကျွေးနည်းမှာ -

  • ရေပေါ်ငါးဖြစ်သော ငါးသိုင်းခေါင်းပွ (ငါးခေါင်းပွ)ငါးကို ဦးစားပေးမွေးသော ကန်များ၌ ရေလယ်တွင်ဝါးတိုင်များကို စိုက်ထားရပါမည်။ဝါးတိုင်များကို နိုင်လွန်ကြိုးဖြင့် တန်းထားပါ။
  • သင့်လျော်သည့် အကွာအဝေးတိုင်းတွင် ဝါးခြင်းကြား ကလေးများကို ရက်၍ သို့မဟုတ် အစဥ်အမြဲသုံးနိုင်ရန် ပလတ်စတစ်ခြင်းကလေးများကို ကြိုးတန်းတွင်ကြိုးဖြင့် ဆွဲထားပါ။
  • ကန်၏ ရေမျက်နှာပြင်​အောက် ၁ ပေခွဲခန့်အထိ ကြိုးအရှည် ရှိရပါမည်။ ငါးများကို အစာကျွေးချိန်တွင် ငါး၏အစာများဖြစ်သော ဖွဲနု၊ပဲဖတ်၊ နှမ်းဖတ်များကို လှေဖြင့်သယ်ယူပြီး ထိုခြင်းကလေးများအတွင်းသို့ ထည့်၍ ကျွေးမွေးနိုင်ပါသည်။
  • ဖွဲနုကိုပါထည့်ကျွေးလျှင် ဆန်ကွဲများမပါရန် အထူးသတိပြုပါ။ဆန်ကွဲများသည် ရေအောက်သို့ရောက်လျှင် ပုပ်ပြီး ကန်မသန့်မရှင်း ဖြစ်တတ်ပါသည်။ ရေမသန့်ရှင်းမှုကြောင့် ငါးများသေကြေပျက်စီးနိုင်ပါသည်။
  • ဤသို့သောနည်းဖြင့်ကျွေးလျှင် ပထမဆုံး ရေပေါ်တွင် ကျက်စားလေ့ရှိသော ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)များက ခြင်းဘေးမှဝိုင်းပတ်ပြီး အစာကိုစုပ်ယူစားကြပါလိမ့်မည်။
  • စားနေစဥ်အတွင်း အစာအချို့မှာ ရေအောက်သို့ တဖြည်းဖြည်းကျသွားပါမည်။ ကျသွားသော အစာများကိုသာ ရေလယ်မှ အနည်းစုမွေးမြူထားသည့် ငါးများဖြစ်​သော ငါးမြစ်ချင်းနှင့် ရေအောက်မှငါးကြင်းတို့က စားကြရပါသည်။
  • ရေလယ်ငါးဖြစ်သော ငါးမြစ်ချင်း(ငါးမျက်ဆန်နီ)ကို ဦးစားပေး၍ ကောင်ရေများများထည့်ပြီး ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)နှင့် ငါးကြင်းတို့က စားကြရပါသည်။ ရေလယ်ငါး မစားနိုင်ဘဲ ပိုသောအစာကို ရေအောက်ငါးများကစားနိုင်ပါသည်။
  • ရေအောက်ငါးဖြစ်သော ငါးကြင်းကို ဦးစားပေး၍ ကောင်ရေများများထည့်ကာ မွေးမြူသောကန်များတွင်မူ ဤကဲ့သို့ ခြင်းထဲသို့ထည့်၍ အစာကျွေးနေရန် မလိုတော့ပါ။
  • ဖွဲနုအစာများကို လုံး၍ဖြစ်စေ၊ နှမ်းဖတ်၊ ပဲဖတ်များကို လှေဖြင့်သယ်ယူပြီး ရေလယ်ထွက်၍ဖြစ်စေ ကန်အနှံ့အပြား ပစ်ချလိုက်ရန်သာ လိုပါသည်။
  • ရေအောက်သို့ တဖြည်းဖြည်းကျသွားသော အစာများကို ရေအောက်တွင်ရှိသော ငါးကြင်းများက ဦးခေါင်းများဖြင့် တိုးဝှေ့ထိုးဖွ၍ စားလေ့ရှိကြပါသည်။ 
  • ဤသို့ပြုလုပ်ခြင်းဖြင့် အစာများမှာ ရေပေါ်သို့ပြန်တက်လာကြသည်ကို ကောင်ရေနည်းသော ငါးမြစ်ချင်းနှင့် ငါးခေါင်းပွတို့ စားသောက်နိုင်ပါသည်။
  • ငါးစာများကို လှေမှပစ်ချလိုက်ကတည်းက တဖြည်းဖြည်း ရေအောက်သို့ကျလာသော ငါးစာများကို ရေအောက်သို့မရောက်မီ လမ်းခုလတ်မှဖြတ်၍ စားနိုင်ကြပါသေးသည်။

ဤကား ငါးမျိုးစုံ ရောစပ်မွေးမြူရာတွင် အစာကျွေးနည်းအမျိုးမျိုးဖြစ်ပါသည်။

အပိုင်း(၁) ကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3TwoS2p

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်